ပြောချင်သော စကားလေးများ (၃)

ကျနော် ဒီ .. သူငယ်ချင်းကို ပြောချင်သော စကားလေးများ ဆိုတဲ့ ခေါင်းစဉ်ကို ရေးရခြင်းက ခုခေတ် ကျနော်တို့လို လူငယ်တွေအတွက် ဘဝကို ဖြတ်သန်းရာမှာ သင့်မသင့်  အချက်ကလေးတွေကို မိမိကိုယ်တွေ့ စိတ်ဖြင့်  တင်ပြခြင်းဖြစ်ပါတယ် ။ တင်ပြမှုအားလုံးဟာလည်း လူတိုင်းနဲ့ ညီချင်မှ ညီပါမယ် သို့သော် .. ထိုအရာတွေ အားလုံးဟာ ကျနော့်အတွေးကနေ ပြောချင်နေတာများသာ ဖြစ်ပါတယ် ။ တကယ်တော့ စာပေလောကမှ တဆင့် အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့ကို ရည်ရွယ်တာပါ ။ လူငယ်အသီးသီးမှာ ကိုယ်ပိုင်တွေးခေါ်တတ်တဲ့ အသိဥာဏ်လေးတွေရှိကြတာမို့ အတွေးအားလုံးဟာ မိမိကိုယ်ပိုင် ဖြစ်ကြပါစေလို့ ပြောချင်မိပါတယ် ။ခုတော့ သူငယ်ချင်းဆိုပြီး ရည်ရွယ်ပြီး ပြောချင်တာ ပြောမယ်နော် ..။

သူငယ်ချင်း .. ခုလို ပြောချင်တာတွေ ပြောခွင့်ရလို့ ကျေးဇူးတင်တယ်နော် ..။ ဘာပဲဖြစ်ဖြစ် နားထောင်ပေးပါ .. ဘာလို့လဲဆို တို့တတွေက တစ်ဦးကို တစ်ဦး ကူညီဖေးမ လမ်းပြဖော်တွေမို့ပါ…။  ဘဝ တစ်ခုဟာ နောက်ထပ် ဒီလမ်းကို ဖြတ်သန်းရမှာ မဟုတ်ဘူးဆိုတာ ယုံကြည်ထားပါ .. ခု ဒို့တတွေ ဖြတ်သန်းနေတာဟာ အများ ပြောဟော ဖော်ညွှန်းနေတဲ့ ၊ အဓိပ္ပါယ်အမျိုးမျိုး ပုံဖော်နေတဲ့ ဘဝ တစ်ခုဆိုတာ သိထားပါ ..။ ခု တို့တတွေ ပိုင်ဆိုင်တဲ့ ဘဝလေးတွေကို အရေးမပါဘူးလို့ ထင်မထားစေချင်ဘူး သူငယ်ချင်း ..။ ဆိုလိုချင်တာကတော့ တန်ဖိုးထားပြီး နေစေချင်တာပါ ။ ဘာလို့လဲဆို ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ တခြားသူကလည်း တန်ဖိုးထားလာမှာပေါ့ ။

ဒီတော့ .. တန်ဖိုးရှိတဲ့ဘဝကို လိုချင်တယ်မို့လား … သူငယ်ချင်း .။ လိုချင်တယ်လို့ ကိုယ့်ကိုယ်၌က အဖြေထွက်လာပြီဆိုရင် … ရဲရင့်ပါ သူငယ်ချင်း .။ ဘာလို့ရဲရင့်ရမလဲဆိုရင် .. လူတိုင်းလိုလိုမှာ အသိတွေသာ ရှိပြီး လက်တွေ့ လုပ်ဆောင်မှုမှာ မရဲရင့်ပဲ တုံ့နှေးနေကြလို့ပါ ..။  တန်ဖိုး ရှိတဲ့ ဘဝ လေးဖြစ်ချင်ရင် တန်ဖိုးမဲ့တာတွေ မလုပ်မိဖို့ လိုတယ် သူငယ်ချင်း …။ ဘာလို့လဲဆို တန်ဖိုးမရှိတာတွေ လုပ်နေတဲ့သူရဲ့ ဘဝဟာ ဘယ်လိုလုပ် တန်ဖိုးရှိမလဲ … သူငယ်ချင်း ။ ဒီတော့ မိမိဘဝလမ်းမှာ မိမိအသိဥာဏ်ကို လွတ်လပ်စွာ အသုံးချပြီး ကိုယ့်လုပ်ဆောင်ချက်က တန်ဖိုးရှိလား မရှိဘူးလားဆိုတာ ခွဲခြားပါ .. ဒါမှ တန်ဖိုးရှိတဲ့ ဘဝနဲ့အတူ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုလာမှာပေါ့ … ။

တို့တတွေဟာ လူငယ်တွေဆိုတော့ ပြုပြင်ဖို့ လွယ်တဲ့ သူတွေပါ ..။ မိမိစိတ်အသိက မိမိဆီမှာ ရှိနေတဲ့ အကျင့်တွေကို မကောင်းဘူး လို့ သိနေတယ်ဆိုရင် ပြင်ဖို့ မတုံ့ဆိုင်းပါနဲ့ ..။ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ စကားဟာလည်း အလကား ပေါ်ပေါက်လာတာမှ မဟုတ်တာ …။ တို့တတွေဟာ မြန်မာပြည်သားတွေ ဆိုတာလည်း သတိထားပါ ..သူငယ်ချင်း ။ ခု တို့ မြန်မာပြည်ဟာ တခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် နောက်ရောက်နေတာမို့ … မိမိတကိုယ်ထဲ စဉ်းစားခြင်းထက် တိုင်းပြည် တိုးတက်ဖို့ ငါတို့တတွေ ကြိုးစားရိုးသားဖို့ လိုအပ်တယ်ဆိုတာလည်း သိထားပေးပါ သူငယ်ချင်း ..။ ဒါမှ တန်ဖိုးမြင့်လာမှာပေါ့ သူငယ်ချင်း ..။ ခုအချိန်ကတိုင် မကောင်းဘူးထင်တာတွေကို လုံးဝ မလုပ်ပါနဲ့ သူငယ်ချင်း .. အဲ့ဒီလို ထိန်းသိမ်းနေနိုင်လာရင်တော့ သူငယ်ချင်းအတွင်းစိတ်မှာ .. စိတ်စွမ်းအင်တွေ တိုးလာမယ်ဆိုတာ ကို လည်း ယုံကြည်ထားပါ …။

သူငယ်ချင်း ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတိုင်းကို “အမိမြန်မာနိုင်ငံကို တိုးတက်ချင်သလား ” ဆိုပြီး မေးကြည့်မယ်ဆိုရင် အားလုံး တစ်ယောက်မကျန် ပြောမှာကတော့ “ တိုးတက်ချင်တာပေါ့ ” ဆိုတဲ့ အဖြေတွေချည်းပါပဲ သူငယ်ချင်း …။ သို့သော် သူတို့ကိုယ်တိုင်က တိုးတက်မှုနဲ့ သွေဖီတဲ့ လုပ်ဆောင်ချက်တွေကိုပဲ လုပ်နေမိတာတော့ ရင်နာနာနဲ့ပဲ အမိပြည်အတွက် တွေးပူမိတယ် သူငယ်ချင်း ..။ ဒီတော့ မင်းကိုယ်တိုင် အဲ့ဒီ လို လူတွေထဲ မပါဖို့ ပြောချင်တယ်သူငယ်ချင်း…။ ခုဒီလို ပြောလို့ “ဘာတွေလုပ်နေရမှာလဲ ” ဆိုတဲ့ အမေးအတွက် ပြန်ဖြေပေးချင်တာကတော့ .. “ လုပ်ရပ်တိုင်းကို သေချာတွေး သေချာ ချိန်ဆပါ ..၊ ကိုယ့်လုပ်ရပ်ဟာ တကယ်ကိုပဲ တိုးတက် စေတဲ့ လုပ်ရပ်လား  ဆိုတာ ခွဲခြားပါ .. ” ပြီးတော့ ကိုယ် တစ်ယောက်တည်း လုပ်လို့ ဘာမှ ထူးမတိုးလာပါဘူးကွာဆိုတဲ့ အတွေးကို အဝေးကို လွှင့်ပစ်ပါ … ။ ဘာကြောင့်လဲဆိုရင် လုပ်ဆောင်ချက်တွေအားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်းပေါင်းစပ်ထားတဲ့ အဖွဲ့အစည်းတွေမှ ဖြစ်ပေါ်လာတာမို့ပါ …။

တစ်ခု ထပ်ပြောအုံးမယ် ..သူငယ်ချင်း…  သာမန်လူတစ်ယောက်ဟာ .. သူ ကြုံတွေ့နေရတဲ့ အလုပ် သို့မဟုတ် ပတ်ဝန်းကျင်မှာ .. သူလိုချင်တဲ့ပုံစံ သို့မဟုတ် တစ်ခုခုကြောင့် အဆင်မပြေဖြစ်တဲ့အခါ …. မိမိကြောင့် ဖြစ်ဖြစ် .. တခြားသူကြောင့် ဖြစ်ဖြစ် ဒေါသမဖြစ်မိဖို့ လိုတယ် …သူငယ်ချင်း ..။ ဘာလို့လဲဆိုရင် ဒေါသ ဖြစ်တာဟာ အဖြစ်ခံအတွက် စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ် .. သူ့ယုံကြည်ချက်လည်း ကိုယ့်အပေါ်မှာ ကင်းနိုင်ပါတယ် ။ အကယ်၍ ဒေါသ ဖြစ်မဲ့အစား သည်းခံပြီး ပြဿနာကို သေချာ စဉ်းစား လုပ်ဆောင်စေတာဟာ ပိုကောင်းတဲ့ အစီအစဉ်ပါ ..။ တခြားသူအတွက်လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ပိုရလာနိုင်ပါတယ် ။ ထိုသို့မဟုတ်ပဲ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကို ဒေါသ ထွက်မယ်ဆိုရင်လည်း မထွက်သင့်ဘူးလို့ ထင်ပါတယ် ။ ဒေါသထွက်နေမဲ့အစား ရောက်တဲ့နေရာက လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ဖို့ လိုပါတယ် .. ဒါမှ ရလဒ် ကောင်းလာပါမယ်… ။ဒီတော့ ဒေါသထွက်ဖို့ အခွင့်ကြုံလာရင် ဒေါသမထွက်မိအောင် နေပြီး လုပ်ဆောင်ကြည့်ဖို့ ပြောချင်နေတာပါ သူငယ်ချင်း ..။

တခါတခါ ပြောမှသိမဲ့အရာမျိုးဆို ပြောပြတာက ပိုကောင်းပါတယ် .. သူလည်းမသိ ကိုယ်ကလည်း မပြောပဲ မြုံနေတာဆိုရင်တော့ ပြုပြင်သင့်တာတွေအတွက် နောက် ကျတတ်ပါတယ် ..ဒါကြောင့် . ဆွေးနွေးခြင်း ပြောပြခြင်းတွေက တိုးတက်မှု ရလဒ် ကောင်းစေပါလိမ့်မယ် .. ။ အချိန်က ရပ်နေတဲ့ အရာ မဟုတ်ဘူးဆိုတာ သိထားစေချင်တယ် သူငယ်ချင်း ..။ ပြောချင်တာတွေကတော့ များတယ် သူငယ်ချင်း .. ခုတော့ ဒီလေက်ပဲ ရပ်ထားချင်တယ် .. နောက်ထပ်ပြောချင်တာတွေအတွက် နောက်များမှပေါ့ .. ။ ခုတော့ အချိန်တိုင်း သတိရှိနေဖို့ လိုတယ် သူငယ်ချင်း ..။ သတိဆိုတာက တွေးနေတဲ့အချိန် တွေးမှန်းသိစေတာပါ .. တခါတခါ ကိုယ်တွေးတာကို သတိမထားမိတာတွေလည်းရှိတတ်လို့ပါ .. ။  ခံစားချက်ဆိုတဲ့အပေါ်မှာ ချည်း မနေဖို့လိုတယ် သူငယ်ချင်း ဘာလို့လဲဆို ဘဝ တစ်ခုအတွက် အကောင်းဆုံးက ကိုယ်ပိုင် အသိဥာဏ်နဲ့ တွေးခေါ်တတ်ဖို့ပါ .. ဒါကြောင့် သတိရှိအောင် ကိုယ့်ကိုယ်ကို ပြန်ပြီး သတိပေးနေပေးပါ သူငယ်ချင်း ..။ ကဲ သူငယ်ချင်း .. ပြောချင်တာတွေတော့ ပြောခဲ့ပြီနော် .. အကယ်၍ သူငယ်ချင်းက ပြန်ပြောချင်တယ်ဆိုလည်း နားထောင်ဖို့ အသင့်ပါ ..။

ချိုမြိန်သော အသီးများက ခါးတဲ့အပင်မှ ဖြစ်ပေါ်လာခြင်း ထုံးစံမရှိ ပါ ။

ဘာနေ

၂၀ရက် ၊ သြဂုတ်လ၊ ၂၀၁၁

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s