အိပ်ချင်ယောင်ဆောင်ကြသူများ

ငါအိပ်နေတယ် သို့သော် ငါမအိပ်ဘူး

ငါသိနေတယ် သို့သော် ငါ မသိဘူးထား

ငါမြင်နေတယ် သို့သော် ငါ့မမြင်ဘူးထား

ဘာ…. ဘာအတွက် ငါတို့ ဖုံးကွယ်သလဲ

ကိုယ့်အသိက သူတကာထက် ပိုချင်လို့လား

ကိုယ်သိသလောက် သူများကို မသိစေချင်တာလား

ဒီလိုဆို ငါ မရိုးသား ဟန်ဆောင်တဲ့ သရုပ်နဲ့

ချွေးခါးခါးနဲ့ လှော်ခတ် ဒီခေတ်ဇာတ်မှာ

ငါသောက်သုံးတာ စမ်းရေကြည်ဖြစ်ချင်တယ် .။

ငါ မသိဘူး သူအိပ်နေသည်

ငါ ဘာမှမလုပ်ဘူး သူ သိနေတယ်

ငါမတွေးတာ သူတွေးလေတော့

သူပိုင်တဲ့လမ်း ငါ့ထက်ရှည်တယ် ။

ငါကတော့ လမ်းရိုးလေးအတိုင်း

ရှိတဲ့ ဖိနပ်ပါးပါးလေးနဲ့

ခေါင်းကိုငိုက်စိုက် လှမ်းမြဲ လှမ်းရာ၏ ။

ကဲ … ထတော့ မအိပ်နဲ့တော့

ရုပ်ဆိုးတဲ့ အိပ်စက်ခြင်း မင်း ယူမထားနဲ့

ဟိုး… အဝေးကိုလွှင့်ပစ် မေ့ပစ်လိုက်ပါ

တို့ရဲ့ အိပ်ချင်ယောင် ဆောင်ခြင်းကို

သင်ခန်းစာတွေထဲက ထုတ်ကြပါစို့လား …  … ။

 

ဘာနေ

9-8-2011

Advertisements

6 thoughts on “အိပ်ချင်ယောင်ဆောင်ကြသူများ

  1. ဆရာနန္ဒသိန်းဇံရဲ့စာအုပ်ခေါင်းစဉ်လေးတစ်ခုကိုတအားကြိုက်ခဲ့မိပါတယ်။“အသွင်သဏ္ဍာန်တို့၏နောက်ကွယ်၌”
    တဲ့ ။ နောက်ကွယ်ကအရာတွေကိုမြင်ချင်ရင်တော့ အသွင်သဏ္ဍာန်တွေကိုကျော်ပြီးကြည့်နိုင်မှရမှာပါ။
    အရေးကြီးဆုံးကတော့ မိမိကိုယ်မိမိ ပြန်ပြီးဟန်မဆောင်မိဖို့ပဲလို့ ထင်မိပါတယ် ။
    မိမိကိုမိမိပြန်မြင်အောင်ကြည့်မိဖို့လိုပါတယ်။ ကိုဂါးလည်း သူများကိုထက် ကိုဂါးကိုပြန်မြင်နိုင်အောင်
    လေ့ကျင့်သင်ကြားဆဲဖြစ်ပါကြောင်း ။

    1. ဟုတ်ကဲ့ မိတ်ဆွေကြီး .. သူတပါးကိုမြင်အောင်ကြည့်တာထက် ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်တာက ပိုအကျိုးရှိပါတယ် ..။ ကျေးဇူးဗျာ ….

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s