တလှေတည်းစီး

စိတ်ကူးယဉ်ခြင်းသည် ကောင်းသည်လည်းရှိပါတယ် ဆိုးသည်လည်းရှိပါတယ် ။ စိတ်ကူးယဉ်ပြီး စိတ်ကူးနဲ့တင် ပြီးကာ အပြင်ကို မထုတ်ဖော်ပဲ အတွေးထဲတင် ပျောက်သွားတာမျိုးဆိုရင် အချိန်ပဲကုန်ပြီး အကျိုး ဖြစ်မလာနိုင်တာမို့ ဆိုးတယ်လို့၊ မကောင်းဘူးလို့ ယူဆစေချင်ပါတယ် ။ နောက် တစ်မျိုး စိတ်ကူးယဉ်ခြင်းဟာ မိမိလက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ အနီးစပ်ဆုံး ၊ အဖြစ်နိုင်ခြေရှိဆုံးအရာတွေကို မျှော်မှန်းပြီး စိတ်ကူးယဉ်ခြင်းပါ .. ။ ထိုသို့ စိတ်ကူးယဉ်ခြင်းဟာ လက်တွေ့လောကနဲ့ နီးစပ်တာမို့ အပြင်လောကကို စိတ်အတွင်းကနေ လက်တွေ့လုပ်ရပ်တွေ အဖြစ် ထွက်ကျလာတတ်ပါတယ် ။ အဲ့ဒီလို စိတ်ကူးယဉ်တယ်ဆိုရင်တော့ ကောင်းပါတယ် .. အကျိုးရှိတာပေါ့ ။

ကျနော်တို့တတွေဟာ လူ့ဘဝတည်းဟူသော လှေကြီးအတွင်းမှာ တလှေတည်းစီးသူတွေပါ ။ ထို့အတူ .. မြန်မာနိုင်ငံတည်းဟူသော လှေကြီးအတွင်းမှာလည်း တလှေတည်းစီးသူတွေပါ ။ ဒီတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် တစ်ခုခု ချွှတ်ချော်မှု ဖြစ်ရင် သတိပေးစရာရှိပေး . ပြုပြင်စရာရှိပြင် .. စသဖြင့် ရှိသင့်တာပါ ။ ဒီတော့ ကျနော် စိတ်ကူးယဉ်ထားတဲ့ စိတ်ကူးယဉ် လှေကြီးအကြောင်းကို အနည်းငယ် အတွေးနယ်ချဲ့ကြည့်ချင်ပါတယ် ။

ပင်လယ်ကိုဖြတ်ကူးပြီး လိုရာခရီးအတွက် ခရီးထွက်ခဲ့တဲ့ လှေကြီးပေါ်မှာ .. လှေဦးစီး ၊ လှေသူကြီး ၊ လှေထိုးသား ၊ ခရီးသည်တွေနဲ့ တခြားသော တောက်တိုမယ်ရ သူများပါလာကြတယ်ဆိုပါစို့ဗျာ .. ။ ဒီလှေကြီးပေါ်မှာ လှေသူကြီးရဲ့ သြဇာ အာဏာကို တော်တော်ကိုပဲ လိုက်နာကြရပါတယ် ။ ဘာလို့လဲဆိုရင် သူက လှေတစ်စီးလုံးကို အုပ်ချုပ်တဲ့သူဆိုတော့ .. သူ့မှာ တာဝန်အပြည့်ရှိတယ်လေ ။ ဒီတော့ ကိုယ်ကြိုက်တာရှိ မကြိုက်တာရှိ ဘာမှ ဆင်ခြေမပေးနဲ့ လိုက်နားထောင် ပေါ့ ဆိုပြီး ရှိကြရပါတယ် ။ ဒီလိုနဲ့ ခရီးတော်တော်ကြာ ဖြတ်သန်းပြီး ရေလယ်လောက် ရောက်တဲ့အခါမှာ လှေကြီးမှ တစ်ခုခု ထိခိုက်မှုကြောင့် အောက်ဘက်မှ ရေစိမ့်ထွက်လာပါလေရော … ။

အဲ့ဒီလှေကြီးဟာ ခရီးဝေးသွားတဲ့ လှေဖြစ်တာမို့ လှေပေါ်မှာ ယမကာ အရက်အိုးတွေလည်း ပါလာတာမို့ လှေသူကြီးက ယမကာနဲ့ အမြဲလိုလို ယစ်နေတဲ့ အချိန်……  လှေထိုးသား တစ်ယောက်မှ တင်ပြလာပါတယ် ။  လှေသူကြီး လှေသူကြီး လှေကနေ ရေတွေစိမ့်နေတယ်  စသဖြင့် ပေါ့ ..  လှေကြီးဝမ်းမှ ရေစိမ်းထွက်နေတဲ့အကြောင်း လျှောက်တင်တဲ့အခါ ယမကာယစ်နေတဲ့အရှိန်နဲ့ သူကြီးက ရေစိမ့်တာပဲ ဘာမှမဖြစ်ပါဘူး အေးအေးဆေးဆေးပေါ့ဆိုပြီး ပြောတော့ ကျန်သူတွေကလည်း လှေသူကြီး အမိန့်ကို တဖဝါးမခွာ လိုက်နာတာကြောင့် အေးအေးဆေးဆေးပေါ့ ဆိုပြီးပဲ နေကြပါတယ် ။ ဒီလိုနဲ့ လှေဟာ အပေါက်သေးသေးကနေ ကျယ်ကျယ်လာပါတော့တယ် ။ ဒီအချိန်မှာ ခရီးသည်တွေလည်း ကြောက်လာပြီး ပြောတဲ့အခါ  လှေထိုးသားတွေနဲ့ ပြဿနာ ဖြစ်ကြတာပေါ့ .. ။ လှေသူကြီး က ဘာမှ ပူစရာမလိုပါဘူး လို့ ပြောထားတယ်လေ ကိစ္စမရှိပါဘူး ဆိုပြီး ပြန်ပြောတာပေါ့ ။ အဲ့ဒီ လှေထိုးသားတွေဆိုတာက ဒီလှေကို အုပ်ချုပ်တဲ့ အထဲမှာပါတာဆိုတော့ အာဏာကလည်း အနည်းအများရှိ လုပ်ပိုင်ခွင့်ကလည်း ရှိကြတာပေါ့ . ။ ဒီတော့ ခရီးသည်တွေလည်း ပြဿနာ ဆက်မဖြစ်ကြတော့ပဲ ငြိမ်နေကြပါတော့တယ် ။

ဒီလိုနဲ့ အချိန်ကြာလေ လှေပေါက်က ကြီးလေ .. ခပ်ထုတ်ရတဲ့ ရေတွေကများလာလေလေ နဲ့ နေလာကြတာ နောက်ဆုံးလှေသူကြီးပါ စိတ်လှုပ်ရှားလာပါတော့တယ် ။ ဒီအချိန်မှာ အားလုံးဟာ တလှေတည်းစီးလာကြတာမို့ .. ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့် ဆိုပြီး မပြောနေကြပဲ .. ပြုပြင်စရာရှိ ပြုပြင်ကြမယ် မှားနေတာရှိ လမ်းပြကြမယ်ဆိုရင် .. အားလုံးရဲ့ ဘဝတွေကို ကယ်ဆယ်ရာလည်းရောက်ပါလိမ့်မယ် ။ သို့ပေမဲ့ တလှေတည်းစီးတဲ့သူတွေထဲမှာ .. လူအမျိုးအစားကွဲပြားနေတာတော့ လှေကြီးရဲ့ ဆက်လက်တည်မြဲမှုအတွက် အန္တရာယ်ပါပဲ .. ။

တမျိုးက .. လှေကြီးပျက်စီးတာ အေးဆေးပါပဲ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ ဒီလှေပေါ်မှာ သေလည်းအားလုံးသေပေါ့  ဆိုပြီး တွေးတဲ့ တစ်မျိုး … ။ နောက်တစ်မျိုးက လှေကြီးပျက်စီးတာမှာ ကိုယ်သေဖို့အတွက် ဆိုတော့ ကိုယ့်အသက်ကို ကယ်ဖို့အတွက် တစ်ခုခုရှာထားမှ ဆိုပြီး ဘေးပတ်လည် ရေပေါ်ပေါ်နိုင်တာကို လိုက်ရှာတဲ့ လူက တစ်မျိုး ။ နောက် တစ်မျိုးကတော့ ဒီလှေကြီး ပျက်စီးလို့မဖြစ်ဘူး .. လှေကြီးပျက်စီးရင် လူတွေ သေကုန်ကြမှာ .. အရာအားလုံးလည်းဆုံးရှုံးမှာ … ကိုယ်လည်းသေမှာပဲ .. ဒီတော့ သေမှာအတူတူ ခုကတည်းကတိုင် အားလုံး မသေဖို့ လှေကြီးကို အစွမ်းကုန် ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားလုပ်ဆောင် မယ်ဆိုတဲ့သူက တစ်မျိုး စသဖြင့် လှေပေါ်မှာ ကွဲပြားကြပါတယ် ။ ဒီတော့ တလှေတည်းစီးချင်းတူပေမဲ့ ဒီလို စိတ်ဓါတ်ခြင်း မတူတာတွေကြောင့် လှေဟာဖြင့် လိုရာအရပ်ကို လျှောလျှောရှူရှူမရောက်ပဲ ခရီးဖင့် ကြန့်ကြာနေတာပါ ။

ဒီတော့ လှေကြီးမှာ ယိုစိမ့်နေတဲ့ အပေါက်အတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ …။ လှေသူကြီးလား မြင်တဲ့သူလား  လှေထိုးသားလား အားလုံးမှာလား ဒါမှမဟုတ် လှေကြီးကပဲ မခိုင်လို့ သူ့မှာ တာဝန်ရှိတာလား စသဖြင့် မေးကြမယ်ဆိုရင် သင်ရော ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ဖြေဖို့အတွက် စဉ်းစားရင် စဉ်းစားနေမှာပါ ။ ဒီအရာဟာ လက်ရှိ ကျနော်တို့ ကမ္ဘာ ကျနော်တို့ နိုင်ငံ ကျနော်တို့ မြို့ ကျနော်တို့ ရွာ .. စသည်မှ ကျနော်တို့ အိမ် .. ဆိုပြီး အသီးသီး ပုံတူကာ တလှေတည်းစီးချင်း အတူတူတွေမှာ မည်သို့ တာဝန်သိရမယ် မည်သို့ လုပ်ဆောင်ရမယ် မည်သို့ စိတ်ထားရမယ်ဆိုတာ မိမိအသိဖြင့် ကြိုတင် သိထားစေချင်ပါတယ် ။

လှေကြီးပျက်စီးမဲ့လမ်း ကို လိုချင်တာလား … သို့မဟုတ် လှေကြီး ခိုင်ခိုင်ခံ့ခံ့ ရှိနေတာကိုလိုချင်တာလားဆိုတာ ထိုလှေပေါ်က လူတွေရဲ့ အသိဥာဏ်ကသာ ပိုင်းဖြတ်သွားမှာပါ ။ ဒီတော့ တလှေတည်းစီးချင်း တူတူတွေမို့ ကောင်းကျိုးကိုသာ ဖြစ်စေဖို့အတွက် လူမျိုးချင်း နိုင်ငံသားချင်း တနယ်သားချင်း တအိမ်သားချင်း တူညီလက်တွဲ ရှေ့တက်ပြီး လိုရာခရီးကို ရောက်နိုင်ဖို့  အားထုတ်စေချင်ပါတယ် ။

ဒီပို့စ်မှာ တလှေတည်းစီး ဆိုတဲ့ ခေါင်းစဉ်အတွက် ပြောချင်တာကတော့ လူလူချင်း ကပ်ဖဲ့ချင်တဲ့စိတ်တွေ မထားဖို့ကို အဓိက ပြောချင်တာကြောင့် ရေးဖြစ်တာပါ ။ အားလုံးရဲ့စိတ်မှာ တွေးမိစေချင်တာကတော့ မိမိဟာ လူသားတစ်ယောက်ပီပီ မိမိလုပ်နိုင်တဲ့ လုပ်ရပ်ကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိစေချင်တာပါ  ..။ အတ္တတွေကို ရှေ့တန်းမတင်ပဲ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို အများနှစ်သက် ဝမ်းမြောက်စေတာမျိုးကို လုပ်ဆောင်သင့်ပါတယ် ။ အဖွဲ့အစည်းထဲမှာနေရင် အဖွဲ့အစည်းစိတ်ဓါတ်ကို ထည့်ထားမှ အဆင်ပြေပါမယ် ။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်မျိုးလည်း မထားစေချင်ပါဘူး ။ နားလည်လွယ်သလိုနဲ့ နားလည်ခြင်းနည်းတဲ့ တစ်ခုကတော့ ကိုယ်ချင်းစာ တရားပါ .. အဲ့ဒီတရားရှိဖို့ လူတွေတော်တော်လိုပါတယ် ။ ထိုတရားမရှိပဲ အေးချမ်းမှုလည်း ရှိလာမည် မထင်ပါဘူး ။

ကိုယ်ကိုယ်တိုင် မိမိရဲ့ စံပြဖြစ်အောင် နေစေလိုပါတယ် .။ ဒါမှ လှပတဲ့ ဘဝလေး အဖြစ် ပုံပေါ်လာမှာပါ ။

လတ်ဆတ်တဲ့ လေနုအေးတို့ သင့်ရင်ခွင်ရဲ့ ပီတိအပြုံးကို အဖော်ပြုဖို့ စောင့်ဆိုင်းနေပါလိမ့်မယ် … ။

ဘာနေ

၃ရက် – သြဂုတ်လ- ၂၀၁၁

Advertisements

6 thoughts on “တလှေတည်းစီး

  1. ကိုယ်ကိုယ်တိုင် မိမိရဲ့ စံပြဖြစ်အောင် နေစေလိုပါတယ် ……….နောက် တစ်မျိုး စိတ်ကူးယဉ်ခြင်းဟာ မိမိလက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ အနီးစပ်ဆုံး ၊ အဖြစ်နိုင်ခြေရှိဆုံးအရာတွေကို မျှော်မှန်းပြီး စိတ်ကူးယဉ်ခြင်းပါ .. ။ ထိုသို့ စိတ်ကူးယဉ်ခြင်းဟာ လက်တွေ့လောကနဲ့ နီးစပ်တာမို့ အပြင်လောကကို စိတ်အတွင်းကနေ လက်တွေ့လုပ်ရပ်တွေ အဖြစ် ထွက်ကျလာတတ်ပါတယ်…………….hote par dae …a yaee ar kyee sone ka dot ko chinn sar ta yar par pae……….thanks

    1. ဟုတ်ကဲ့ပါဗျာ .. ကိုယ်ချင်းစာ တရားကတော့ လူတိုင်း မှာ မရှိမဖြစ်ပါပဲ .. မရှိတဲ့သူတွေအတွက်တော့ ဝမ်းနည်းမိပါတယ် ..။ ကျေးဇူးနော် .. မချိုဇင် ..

  2. လူတိုင်း မှာကိုယ်ချင်းစာတ၇ားသာရှိ၇င် ကမ္ဘာကြီး မှာဆင်းရဲခြင်းဆိုတာမရှိနိုင်ပါဘူး….That is my thinking~~~~

    1. ဒါပေါ့ဗျာ .. ကိုယ်ချင်းစာတရား ရှိတဲ့သူများလေ ဒီ့ထက်ပိုအေးချမ်းလေပေါ့ဗျာ… 🙂

  3. တစ်လှေတည်းစီးပြီးသွားရမယ်ဆိုရင်ဒီလိုလူမျိုးတွေရှောင်ဗျို့ ။ ဟိုရှေ့ရှေ့တုန်းကတော့မဟုတ်ပါ။ မြန်မာပြည်
    လွတ်လပ်ရေးရခါစအချိန်သူငယ်ချင်းတစ်ယောက်ရွာကတကယ့်အဖြစ်ပျက်လေးပါ။ တောမီးလောင်
    တောကြောင်လက်ခမောင်းခတ်လှို့ဆိုတယ်မို့လား။ကိုကျော်ဆိုတဲ့သူက စားစရာမရှိတော့ ဓားပြအဖွဲ့ထောင်
    ပါတယ်သတဲ့။ တစ်နေ့မှာ အနီးအနားရွာတစ်ရွာက သူဌေးအိမ်တစ်အိမ်ကိုဓားပြတိုက်မယ်ကြံတော့
    သူ့အဖွဲ့သားတွေကိုဒီလိုမှာပါသတဲ့ ။ “ရွာနီးချုပ်စပ်ဆိုတော့ ငါ့တို့ကိုသိနေမှာ ဒါကြောင့်မျက်နှာဖုံးတွေစွပ်သွားမယ် ။ အခြေအနေမကောင်းရင်သေနတ်ကိုမိုးပေါ်ကိုထောင်ဖေါက်လိုက် လို့မှာ
    ထားသတဲ့” တကယ်သွားတိုက်တဲ့အခါမှာရွာသားတွေက၀ိုင်းထားတော့အခြေအနေကမဟန်ဘူး။
    သေနပ်မိုးပေါ်ထောင်ဖောက်ပြီးရွာသားတွေကိုခြောက်လန့်ထွက်ပြေးရမဲ့အချိန်မှာ။ တပည့်လုပ်သူကကြောက်
    အားကြီးပြီး ဆရာကျော် သေနတ်ကို ဘယ်ဘက်ကိုထောင်ဖောက်လိုက်ရမလဲလို့အော်မေးပါသတဲ့။
    ဆရာကျော်က စိတ်ပေါက်ပေါက်နဲ့ပြန်အော်ပြောလိုက်ပုံက ဒီလိုပါ။ “ ထောင်ဘက်ကိုသာ လည့်ဖောက်လိုက်
    ပါတော့ကွာ” တဲ့ ။——-(မနိုင်ဝန်မဖြစ်စေပဲ တနိုင်ဝန်လေးတွေနဲ့လောကကိုအလှဆင်နိုင်ပါစေ ။)
    ကျေးဇူးပါ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s