Zuma(ဇူးမား)

ကျနော်တို့ တတွေဟာ ဘဝကိုဖြတ်သန်းရာမှာ အချိန်တွေ အများကြီး ရှိတယ် လုံလောက်တယ်ဆိုပြီး တခါတခါမှာ အေးဆေးနေတတ်ကြပါတယ် .။  ဘယ်ပညာရပ်တွေ ဘယ်လို အသိတရားတွေ ဘယ်လိုအကျင့်တွေ စသဖြင့် ရှိသင့်သော အရာများကို အချိန်ပေးတုန်း ယူမထားတတ်ပဲ အချိန်ရှိပါတယ် .. နောက်လုပ်လို့ရပါတယ် … တဖြည်းဖြည်း လုပ်သွားရင် ရပါတယ် .. ဆိုတဲ့ ဆင်ခြေများဖြင့် ကြိုးစားလုပ်ဆောင်မဲ့အစား ထိုဆင်ခြေတွေကို ဗုန်းဗောလအော ထုတ်သုံးကာ ဖြတ်သန်း နေကြတာ များပါတယ် ။ ဟုတ်ကဲ့ ….ကျနော်အနေနဲ့ ဒါတွေကိုပြောခြင်းဟာ ကိုယ့်အသိမိတ်ဆွေတွေကို ရခဲတဲ့ ဘဝတစ်ခုအတွင်းမှာ တန်ဖိုးရှိရှိနဲ့ သတိထားဖို့ အတွက် ပြောခြင်းပါ ။

တကယ်တော့ ဘဝ တစ်ခုကို ရရှိပြီဆိုကတည်းက .. ဇူးမားဂိမ်းကို ကစားရသလိုပါပဲ ။ ဘယ်လိုလဲ ဆိုရင် အဲ့ဒီဂိမ်းဟာ .. စတင်ပြီး ကစားလိုက်ပြီဆိုတာနဲ့ သူ့မှာ ပါတဲ့ အရောင်တူ သုံးလုံးထက် အထက်ကို လတ်တလော ပေါ်လာတဲ့  အရောင်တူ ဖြင့် ထပ်ပြီး ပစ်ထည့်ခြင်းဖြင့် ကစားရတာပါ ။ အဲ့ဒီလို ပစ်ထည့်လိုက်တဲ့အခါ ထိုပူးတွဲအရောင်တူအလုံးတွေဟာ ပေါက်ကွဲ ပျက်စီးသွားပါတယ် ။ ဒီလိုနဲ့ ဂိမ်းကို အဆုံးသတ်အောင် သက်ဆိုင်ရာ အရောင်တူတွေအတိုင်း ပစ်ထည့်ရပါတယ် ။ နောက်ဆုံး တစ်လုံးမကျန်ပေါ့ ။ ဒီ ဂိမ်းမှာ သူပေးထားတဲ့ အလုံးရေစီးဆင်းမှုကို ကုန်အောင် သေချာ မကစားနိုင်ရင် ကိုယ်က ရှုံးပါတယ် ။ အချိန်အတိုင်းအတာ ဆိုသလိုပေါ့ဗျာ ။ သူ့ထဲက အရာတွေကို သေချာ အချက်ကျကျ မပစ်နိုင်ရင် အဲ့ဒီအရာတွေကများလာပြီး သူ့လမ်းကြောင်းသွားရာကနေ  အနိုင်ယူသွားပါတယ် ။

အဲ့ဒီလိုပဲ ကျနော်တို့ လက်ရှိပိုင်ဆိုထားတဲ့ ဘဝဟာလည်း သူဖြစ်ချင်ရာ လာချင်ရာတွေကို ကိုယ်က သွက်သွက်လက်လက် အချက်ကျကျ မှန်မှန်ကန်ကန်နဲ့ သတ်မှတ်ချိန်မှာ ပစ်နိုင်ဖို့ လိုပါတယ် ။ အကယ်၍  မပစ်နိုင်ဘူးဆိုရင် .. နောက်ဆုံး ကိုယ်က မနိုင်ပဲ ရှုံးသွားပါလိမ့်မယ်  ။ အဲ့ဒီလို အချက်ကျကျ ဖြစ်ဖို့ဆိုရင် မျက်စိကိုလျှင်အောင်ထားရပါတယ် .. လုပ်ဆောင်ခြင်းကို သွက်ထားရပါတယ် .. စီးဆင်းမှု သဘောတရားတွေကို နားလည်ထားရပါတယ် …။ ဒါမှ အချိန်မှီ ဂိမ်းကို နိုင်အောင်ကစားနိုင်သလို ဘဝကိုလည်း အောင်မြင်အောင် ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ကျနော် အဲ့ဒီဂိမ်းကို ကစားဖူးပါတယ် ။ ကစားရာမှာ အဆင့်မြင့်လာလေ ရှုံးပွဲများလာလေပါပဲ ။ ရှုံးပွဲများလာလေ ကိုယ် ဖြစ်ချင်သလို ဖြစ်မလာလို့ စိတ်ညစ်ရတာတွေလည်းများလာပါတယ် ။  အံကိုခဲ ဆက်ကစားလည်း ရှုံးမြဲ ရှုံးပါတယ် ။  နောက် လက်လျှော့ချင်လာသလို ဖြစ်လာပါတယ်။  အဲ့ဒီအချိန်မှာ စဉ်းစားတယ် ငါဘာလို့ မနိုင်တာလဲလို့ပေါ့ .. ။ တကယ်တော့ ကိုယ့်ဘက်က လိုအပ်ချက်ပါ .။ ဒီဂိမ်းဆိုတာကလည်း ဖန်တီးလိုက်ကတည်းက ကစားသူ ကိုယ်ဘက်ကနေ နိုင်အောင် ကစားနိုင်တဲ့ ဂိမ်းပါ ။ ကိုယ်က ကျွမ်းကျင်မှု အားထုတ်မှု မမျှလို့သာ ရှုံးတာပါ ။ အဲ့ဒီလို စဉ်းစားပြီးတဲ့အချိန် မှာ ဆက်လက် သေချာ ဂရုစိုက်ပြီး ကစားတဲ့ အခါ နိုင်သွားပါတယ် ။ ဒီလိုပဲ ဘဝဟာလည်း ထို့ အတူပါပဲ ။ ကိုယ်က သေချာမကစားဘူးဆိုရင် သေချာ မလုပ်ဘူးဆိုရင် ကိုယ့်ကို လောကဓံက နိုင်သွားပါလိမ့်မယ် ။ ထိုသို့မဟုတ်ပဲ ဂိမ်းဆော့တဲ့အခါ မှာလို သေချာကစားပြီး ဝီရိယ သေချာ ထုတ်ပြီး ကစားမယ်ဆိုရင် ကိုယ်ကနေ လောကဓံကို အနိုင်ရပါလိမ့်မယ်  ။

တခါတခါကြတော့လည်း အချိန်တွေ အလကားမရမှန်းသိလျှက်နဲ့ကိုပဲ အချိန် ဖြုန်းတီးခြင်းတွေကို ဖန်တီးနေတာတော့ ကိုယ်ကိုယ်တိုင် ရှက်စရာ ဖြစ်ခဲ့ပါတယ် ။ ကျနော် ဒီလို ဘလော့ ရေးပြီး ကိုယ့်စိတ်ထဲမှာရှိရာကို အများအကျိုးရှိအောင် ရေးမယ်လို့လည်း စိတ်ကူးရှိပါတယ် ။ ဒါပေမဲ့ စိတ်ထဲက မသန့်ဘူး ဗျ ။ ကျနော် .. ကြားဖူးတဲ့ စကားတစ်ခွန်းလိုပဲ .. ”သူများကို ငိုအောင် ပြောမယ်ဆိုရင် ကိုယ်ကိုယ်တိုင် အရင်ဝမ်းနည်းမှ ဖြစ်လိမ့်မယ်” ဆိုတဲ့ စကားအတိုင်း ကျနော် သူများကို အသိပညာ ပေးဖို့ ဆိုရင် ကျနော်ကိုယ်တိုင် အဲ့ဒီ အသိပညာရှိမှ နားလည်မှ  ဖြစ်မယ်ဆိုတာ သတိထားမိလာပါတယ် ။ ဒီတော့ အသစ်ရေးဖို့မှာ စိတ်ကူးရှိတဲ့အတိုင်း ရေးဖို့ လက်တွေတွန့်လာတယ် ။ ဒီလိုနဲ့ ကျနော် တကယ်မသိသေးတာကို မရေးပဲ ..ဦးစွာပထမ  ကျနော်ကိုယ်တိုင် ဝမ်းနည်းအောင် စပြီး ကျင့်ဖြစ်ပါတယ် ။ အဲ့ဒီအတွက် လိုအပ်တာတွေလည်းရှိခဲ့သလို မပြည့်ခြင်းတွေလည်း အများသားပါ ။

ဒီတော့ ခုလက်ရှိ စိတ်ကူးပေါ်ရာအတွေးတွေထဲကနေ ဘဝဟာ ဇူးမားကစားရသလိုပဲ ဆိုတာကို မျှဝေချင်တဲ့ ဆန္ဒကြောင့် ခုလို ရေးဖြစ်သွားတာပါ ။ ယခု စာဖတ်သူ မိတ်ဆွေလည်း  မိမိဘဝကို ဇူးမား ကစားသလို သေချာ အချက်ကျကျ လှုပ်ရှားနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ။ မိမိဘဝမှာ အချိန်တွေရှားပါတယ်ဆိုတာ သတိထားပါ ။ နောက်  ကောင်းတာလုပ်ဖို့ အတွက်ဆိုရင် အချိန်တွေစောင့်ဆိုင်း မနေစေချင်ပါဘူး ။ နောက်ထပ် မျှဝေချင်တာတွေကို ဆက်လက်မျှဝေချင်ပါသေးတယ် ။ တိုးတက်သော ဘဝတွေကို အားမာန်အပြည့်ဖြင့် တည်ဆောက်နိုင်ကြပါစေ ဗျာ …… ။

 

ဘာနေ

၂ရက်-သြဂုတ်လ-၂၀၁၁

Advertisements

8 thoughts on “Zuma(ဇူးမား)

  1. အချိန်တွေ ရှားတယ်ဆိုတာ ကိုအပြည့်အ၀ထောက်ခံတယ် …….အငိုလွယ်ပေမဲ့အရှိုက်ခတ်တယ်ဆိုတဲ့စကားမျိုးလိုပါပဲ အပြောလွယ်ပေမဲ့အလုပ်ခတ်တယ်…..
    အချိန်ကိုအသုံးချတတ်ဖို့ဆိုတာအတော်ကို ခဲယဉ်းစေပါတယ် ဒါပေမဲ့ ကြိုးစားပီး အကျိုးရှိအောင် အသုံးချနေပါတယ် ကျေးဇူးတင်ပါတယ် Thanks you share your knowledge to everyone…………

    1. ဟုတ်ကဲ့ ပါဗျာ .. ခုလို ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ် .. အချိန် ဆိုတာကို သတိနဲ့ အမြဲ ကပ်ပြီး သိနေပါစေဗျာ …

  2. zuma game ဆော့တဲ့သယ်ရင်းတစ်ယောက်ကပြောတယ် ၊ 13 ကိုရောက်သွားရင် ကောင်းကင်ထဲမှာ လွင့်ဝဲနေရသလိုပဲတဲ့ ၊ လမ်းကြောင်းမရှိပဲသွားနေတဲ့အလုံးလေးတွေကို ရမ်းပစ်နေရတာမိုက်တယ်ဆိုပဲ ။
    အဲ့ဒီ 13 ခန်းကိုရောက်ဖို့ပေးလိုက်ရတဲ့ အချိန်တွေကတော့ သူ့မှာမနည်းဘူးပေါ့ ။
    ပိုက်ဆံလေးတွေကို ပစ်မိလို့ ချွင်ကနဲမြည်သံကြားရင် တအားပျော်တယ်ဆိုပဲ ။ အပြင်မှာ ပစ်လို့လွဲသမျှ
    အတိုးချပြီး ဂိမ်းထဲမှာ ပိုက်ဆံတွေကိုပဲ လိုက်ပစ်နေမိတယ်တဲ့ ။ ပိုက်ဆံကိုမှန်အောင်မပစ်နိုင်ရင် အလုံးရေ
    များပြီးရှုံးတယ် ၊ ပိုက်ဆံကိုမှန်အောင်ပစ်နိုင်ရင် အလုံးရေအထွက်နည်းပီး နိုင်တယ် ၊ ဘ၀ဆိုတာကလည်း
    ပိုက်ဆံတွေကိုများများမှန်အောင်ပစ်နိုင်မှ နိုင်ပွဲတွေများများရမှာလားမသိဘူးတဲ့ -သယ်ရင်းတစ်ယောက်
    ပြောတာပါ ။ ကျေးဇူးပါ ။

    1. ဟုတ်ကဲ့ပါဗျာ .. ဂိမ်းဆော့တာ အပျင်းပြေသလို စိတ်အပန်းဖြေရာလည်း ရောက်ပါတယ် သို့သော် ဂိမ်းကိုပဲ ဆော့နေလို့ မဖြစ်ပါဘူး ခဏတဖြုတ်လောက်ပဲ ကောင်းပါတယ် ။ ကျေးဇူး မိတ်ဆွေကြီး ဘယ်တွေ ပျောက်နေလဲဗျ ခုမှ ပေါ်လာတော့တယ် … ။ 🙂

  3.ိကိုဂါးပြောခဲ့သလိုပါပဲ ကျွန်မလဲ့ အတော်လေး ဒီဂိတ်ကို ဆော့ခဲ့ပါတယ် …..ပျော်စရာကောင်းပါတယ်….. ..စိတ်အပန်း ဖြေဖို့အတွက် ဆော့ခဲ့ပါတယ်……..ဆော့နေရင်းနဲ့ ဘ၀တစ်ခုချီပြီးတော့ မစဉ်းစားခဲ့ပါဘူး…..ကိုယ့်အတွေးနဲ့ကိုယ်ပေါ့……ရေးထားတဲ့ စာတွေကြိုက်ပါတယ် …….အားပေးလျှက်………

    1. ကျေးဇူးတင်ပါတယ် ဗျာ .. မအေးအေးမွန် … နောက်များလည်း လာဖတ်ပေးပါအုံး ..

  4. ဂိမ်းဆော.တာရာ စာဖတ်တာရော ကြိုက်တယ် ကိုဘာနေရဲ.အတွေးတွေကို အားပေးနေတာကြာပါပြီ ခုမှစာရေးဖြစ်တာပါ

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s