နိုင်ငံတော်သီချင်း

အမိမြန်မာနိုင်ငံတော် သီချင်းကို … ဆိုမိတိုင်း စိတ်ထဲ ကြက်သီးထသလို ခံစားမိတယ် .. ဒါကြောင့် ပို့စ် တစ်ခုအနေနဲ့ တင်လိုက်တာပါ .. တစ်ခါလောက် အသံထွက်ပြီး အားရပါးရ ဆိုကြည့်လိုက်စမ်းပါ ကိုယ် ကိုယ်တိုင်လည်း အမိမြန်မာပြည်ကို ချစ်တဲ့ စိတ်ရှိတယ်ဆိုတာ သိရပါလိမ့်မယ် ..။  မြန်မာနိုင်ငံသား မှန်သမျှ မည်သူမဆို ဟန်ဆောင်မှုကင်းကင်း ချစ်တယ် .. ။  အမိမြေအတွက် နိုင်ရာတာဝန်ထမ်းဆောင်ချင်ကြတယ် … ။ ဒါ ချစ်တာပဲ …။ ငယ်ငယ်က ကျောင်းမှာ မနက်တိုင်း ဆိုခဲ့တဲ့ အချိန်တွေကို အမှတ်ရမိတယ် … ။ ဒါ့ကြောင့် ဒီသီချင်းကို ယခု ကျနော် ဆိုတယ် … ။

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ …. တို့ပြည် .. တို့မြေ ..

အများသူခပ်သိမ်း… ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ ပြည် … တို့ပြည်.. တို့မြေ…

ပြည်ထောင်စုအမွေ အမြဲတည်တန့်စေ .. အဓိဌာန် ပြုမလေ ….. ထိန်းသိမ်းစို့လေ …….

ကမ္ဘာမကျေ … မြန်မာပြည် … တို့ဘိုးဘွားအမွေ .အစစ်မို့ ….. ချစ်မြတ်နိုးပေ …..

ပြည်ထောင်စုကို အသက်ပေးလို့ .. … တို့ကာကွယ်မလေ …

ဒါ.. တို့ပြည့်… ဒါ… တို့ မြေ… တို့ ပိုင်တဲ့ မြေ …

တို့ ပြည်… တို့ မြေ…  အကျိုးကို ညီညာစွာ … တို့တတွေ …

ထမ်းဆောင်ပါစို့ လေ…  တို့တာဝန်ပေ ..…. အဖိုးတန်မြေ.. .

ဘာနေ

၁၇ရက်-ဂျူလိုင်-၂၀၁၁

Advertisements

6 thoughts on “နိုင်ငံတော်သီချင်း

  1. ဘယ်နိုင်ငံသားမဆို ကိုယ့်နိုင်ငံတော်သီချင်းကို လေးမြတ်တန်ဖိုးထားကြချည်းပါဘဲ။ အမ ကိုယ်တိုင်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို ဆိုတိုင်း ဘာနေလိုဘဲ ခံစားရပါတယ်။ နိုင်ငံတော်သီချင်းထဲကလို” တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ …. တို့ပြည် .. တို့မြေ ..
    အများသူခပ်သိမ်း… ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့ ပြည် … တို့ပြည်.. တို့မြေ…” ဆိုတဲ့ နိုင်ငံတော်ကြီးဖြစ်လိုက်ရင် မည်မျှကောင်းလိုက်ပါမည်နည်းဟု ဆုတောင်းရင်း၊ ဆန္ဒပြုရင်း……. နိုင်ငံတော်သီချင်းကို ရင်အစုံ၌ အစဉ်အမြဲ တန်ဖိုးထားလျှက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျရာနေရာက ထမ်းဆောင်ရင်း …….။
    နိုင်ငံတော်သီချင်းကို မေ့နေကြတဲ့ အချိန်မှာ အမှတ်တရ ဤပို့စ်လေးကို တင်ပေးတဲ့ မောင်လေးဘာနေကို ကျေးဇူးတင်ပါတယ်။

    1. ဟုတ်အမ ကျနော်လည်း အဲ့ဒီသီချင်းသံကိုကြားရရင် လိုက်ပြီး သံပြိုင် မဆိုပဲ မနေနိုင်ဘူးလေ .. သီချင်းမှာ အားမာန်တွေပါတယ် .. နိုင်ငံချစ်စိတ်တွေပါတယ် .. မျိုးချစ်စိတ်တွေပါတယ်.. အဲ့ဒီသီချင်းကို ဆိုနေလိုက်ရင် သီချင်းဆီကနေ နိုင်ငံချစ်စိတ်တွေ ကူးစက်လာသလိုပဲ .. .. ကျနော်လိုပဲ နှစ်သက်ပေးလို့ ကျေးဇူးပါ …

  2. Whenever I sing this song,I feel sth feeling of sadness.
    and some kind of feeling of pride for our motherland,Myanmar.
    Thanks Barnay.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s