အချိန်မှီ၏

ယခု အချိန်မှီ၏ . အကြောင်းမူ ကျနော်တို့ ယခု အသက်ရှူနေသောကြောင့် အသက်ရှင်နေ၏ အသက်ရှင်နေသော လူ့ဘဝသည် မိမိလုပ်ချင်တာကို လုပ်နိုင်၏ ထို့ကြောင့် အသက်ရှင်နေသမျှ အချိန်မှီ၏ ။ သို့သော် အချိန်မှီတုန်း ကောင်းမှု လုပ်နိုင်မှ သာ အကျိုးရှိ အသုံးဝင်မည် ဖြစ်ပါ၏ ။ အသက်ရှင်နေတုန်း လုပ်သင့်တာ အကျိုးရှိတာ မှန်ကန်တာ တရားမျှတတာ တွေ လုပ်ရမည် ။ သို့မှသာ အချိန်မှီနိုင်မည်ဖြစ်သည် ။ ထိုသို့မဟုတ် နှစ်ဘက် အကျိုးမဲ့စေသော၊ တဖက်သားအား ထိခိုက်စေနိုင်သော၊ ကောင်းကျိုး မဖြစ်စေသော …  အကုသိုလ် အလုပ်တွေဖြင့်သာ ရရှိတဲ့ အချိန်ကလေးကို ဖြင့်  ကုန်ဆုံးမယ်ဆိုလျှင် အချိန်မမှီ အလကား ဘဝ တစ်ခု ဖြစ်သွားပါလိမ့်မည် ။

ထိုသို့  တန်ဖိုးမရှိတဲ့ဘဝကို ကျနော် မလိုချင် ။ ထို့အတူ သူတပါးကိုလည်း မပိုင်ဆိုင်စေလိုချင် ။ နောက်ပြီး တန်ဖိုးရှိတဲ့ဘဝကို လိုချင်သည် ။ ထို့အတူ သူတပါးကိုလည်း ပိုင်ဆိုင်စေချင်သည်။ ယခုဘဝသည် သက်ရှိများရဲ့ အကောင်းဆုံးဘုံဘဝ ဖြစ်သော လူ့ဘဝဆိုတာကို သိစေချင်ပါသည် ။ မိမိသည် လူ ဆိုတာကိုလည်း သိစေချင်ပါသည် ။ တချို့သည် မိမိလူဆိုတာကို သတိထားမိပုံမပေါ်ပါ ။ လူဆိုသည်ကိုလည်း ဘယ်လိုသတ္တဝါပါ ဟု သေချာ နားမလည် ။ စားချိန်တန်စား ၊ သွားချိန်တန်သွား ၊ လာချိန်တန် လာ  ၊ အိပ်ချိန်တန်အိပ် ၊  ခံစားစရာရှိ ခံ စား စသည်များဖြင့်သာ ဘဝကို ကုန်ဆုံးနေသူများအဖို့ လူ ဆိုတာကို နားလည်မည်မထင် ။ လူပီသအောင် နေမည်ဟုလည်း တွေးမည်မထင်ပါ ။

လူဟူသည် ။ သက်ရှိဖြစ်၏ ။ ခံစားနိုင်တဲ့ နှလုံးသားရှိ၏ ။ အမှားအမှန်ကို သိ၏ ။ ခွဲခြားနိုင်သော အသိဥာဏ်ရှိ၏ ။ စဉ်းစားဆင်ခြင်တတ်သော အသိဥာဏ်လည်းရှိ၏ ။ ထိုးထွင်းသိမြင်ပြီး မွန်မြတ်ခြင်းကိုလည်း မြတ်နိုးသလို လုပ်ဆောင် နိုင်စွမ်းလည်းရှိ၏ ။ အသိဥာဏ်ဖြင့်သာ ဦးစားပေးရပ်တည်၏ ။ သဘာဝအားဖြင့် နှလုံးသားက နူးညံ့၏ ။  အစ ပထမမှာ ဖြူစင်သော စိတ်ထားဖြင့် အဖြူထည်ဖြစ်၏ ။ ထို့နောက် တချို့တချို့သည် အဖြူကို ဂရုမစိုက်၍ အရောင်စက်တွေ စွန်းထင်းမိ၏ ။ ထိုသူများသည် ထိုအရောင်တွေစွန်းခြင်းကို မနှစ်သက် .. တခြားသူကိုလည်း မသိစေချင် .. ထိုကြောင့် ထိုအရောင် ကိုဖုံးဖို့ နောက်အရောင်ဖြင့် ထပ်ဖျက်၏ ။ ထိုဖျက်သောအရောင်းက အဖြူမဟုတ်လေသောကြောင့် မူရင်း အဖြူသည် အဖြူစစ်စစ်ဖြင့် မရပ်တည်နိုင် ။ အရောင်ပြောင်းလဲသွား၏ .. ထိုသို့ ထိုသို့ဖြင့် စွန်းလိုက်… စွန်းသောအရာကို မလိုချင် လူသိမခံချင်သောကြောင့် ဖျက်ရင်းဖျက်ရင်းဖြင့် ဆေးရောင်စုံ လူများဟု ဖြစ်ပေါ်လာကြ၏ ။

အမှန်တကယ် ပင်ကိုသဘာဝ လူသည် ဖြူစင်ပါ၏ ။ အစွန်းအထင်းများဖြင့် လူသည်လည်း အစပထမမှာ ဖြူစင်သူ ဖြစ်ပါ၏ ။ သို့သော် လူ မှာ ရှိတဲ့ ထိုအဖြူ ဖြူစင်ခြင်းကို ယခုလို အစွန်းတွေ ဖြစ်ပြီးမှ မရနိုင်တော့ပြီလား ထင်ချင်ထင်မိမည် ။ တကယ်တော့ လူသည်  လုံးဝ ဖြူစင်သူအဖြစ်သို့ မရနိုင်တောင် သန့်ရှင်သော အဖြူ အဖြစ် ရနိုင်မည် သာ ။ အဝတ်များကို အညစ်အကြေးများစွန်းထင်းလျှင် ပြန်လည်ဖွတ်လျှော်နိုင်လျှင် ဖြူစင်လာနိုင်သကဲ့သို့  .. လူ့ဘဝ စိတ်အိမ်ညစ်ညမ်း ဆိုးသွမ်းမှုကိုလည်း အဝတ်များဖွတ်သလို ပြုပြင် နိုင်၏ ။ ထို့အတွက် စိတ်သာရှိဖို့လိုပါသည် ။ ယုံကြည်မှုလည်းထားဖို့ လည်း လိုပါမည် ။  တကယ်တော့ အမှားကင်းသူ လောကမှာ မရှိသလို ..အမှန်ချည်းသာ လုပ်နိုင်သူလည်းလောကကမှာ မရှိခဲ့ပါ ။ လူဟူသည်  အဖန်ဖန် လုပ်လာခဲ့သော အတွေ့အကြုံ များမှသာ ကောင်းမွန်မှန်ကန်ခြင်းသို့  ပြောင်းလဲလို့ ရနိုင်ခဲ့ခြင်းဖြစ်၏ ။ လူသည် ရွံ့ပျော့လိုပဲ လိုသလို ပုံသွင်းနိုင်သော သတ္တဝါဖြစ်၏ ။ ထို့ကြောင့် မိမိလိုချင်သော ပုံကို ယခုအသက်ရှင်နေချိန် အချိန်မှီတုန်းမှာ ပြုပြင်ဖို့ အားယူသင့်၏ ။ အားထုတ်သင့်၏ ။ အားထုတ်လည်း ထုတ်နိုင်၏ ။ မည်သို့ သော အရာများကို အချိန်မှီအားထုတ်ရမလဲ ဆိုသည်မှာ သာ ကွဲပြားမည်ဖြစ်၏ ။ ထို့အတွက် မိမိမှာ ပိုင်ဆိုင်သော လူသားဦးနှောက်ကို သုံး၍ စဉ်းစားဆင်ခြင်ခြင်းကိုသာ ရှေ့တန်းက ပြု၍ ဆုံးဖြတ် လက်ခံပါဟုသာ ဆိုချင်ပါ၏…။

လူသည် လူများနှင့် ဆက်ဆံရ၏ ။ ထို့ကြောင့် လူတွေနှင့် ကင်းလွှတ်နိုင်မည်ဟု မယူဆပါနှင့် ။ ဘက်နှစ်ဘက် မျှတပါစေ ။ မည်သူ့ကိုမျှ အဆိုးမဖြစ်ပါစေနှင့် ။ အကောင်းအဆိုးကိုလည်း ခွဲခြားတတ်သောကြောင့် မိမိ အသိဥာဏ်ကိုသာ အမှန်တကယ် လက်ခံယုံကြည်ပါ ။ သူများပြောစကားဖြင့်သာ ရောရောင်မလိုက်ပါနှင့် ။ မိမိဦးနှောက် အသိဥာဏ် မှတ်ကျောက်ပေါ်မှာသာ အမှားအမှန်ကို ခွဲခြားပါ ။ မှန်သည်ဟု မိမိလက်ခံသော အမြင်ကို မိမိရဲ့ဝင့်စွာ ကျင့်သုံးပါ ။ မှားသည်ဟု မြင်သောအချက်အလက်ကို  အများစကားသံနှင့် ဝေလေလေ သံရောင် လိုက်ပြီး မလုပ်ပါနှင့် အဘယ့်ကြောင့်ဆိုသော် သင်သည် အချိန်မှီသူများထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည် ။ သင့်ရဲ့အားထားရာဟာ သင်ဖြစ်သည်ဟုသာ မြင်ပါ ။ လက်ခံပါ ။ ထိုမှသာ သင်သည် လူဟူသော ပီသသော တံဆိပ်ကို ခပ်နှိပ်ထားသူဖြစ်ပါမည် ။

အချိန်သည် တန်ဖိုးရှိသည်ဟု တွေးကြည့်မှသိ၏ ။ အသုံးချမည်ဟု ယူဆလက်ခံပြီးမှ လက်တွေ့တွင် ခရီးမရောက်ဖြစ်ကြမည် ။ ယခု ကျနော်ဆိုလိုချက်မှာ ကျနော်တို့ အချိန်မှီသည်ဟု ဆိုထားပါတယ် ။ ထိုအချက်ကို လက်ခံမည် ဟု ယူဆထားတာပါ  ။ ထို့ကြောင့် သင်ရော ကျနော်ရော အကျိုးရှိတဲ့အရာအတွက် လုပ်ဆောင်မည်ဟု ခံယူမည်ဟု ယုံကြည်ပါသည်  ။ သို့သော် ယခု စာဖတ်ပြီးလျှင်ပြီးချင်း ထိုအတွေး ပျောက်သွားမည်မှာ သေချာသည် ဟု ကျနော်ယူဆထားပါသည်  ။ ထိုသို့ ထိုသို့ ယူဆ လက်ခံပြီးမှ ပြန်လည်ပြောင်းလည်းသွားခြင်း  ဖြစ်ပုံတွေသည် အဘယ်အကြောင်းကြောင့်လည်းဟု တွေးသူနည်းမည်ထင်ပါသည် ။ လူ့သဘောသည် လုပ်ပါများသော အရာအား ထပ်ထပ် လုပ်ဖြစ်လေ့ရှိပါတယ် ။ အဲ့ဒီလို လုပ်ပါများသော ထိုအကြောင်းအရာဟာ အကျင့်အဖြစ်သို့ တဖြည်းဖြည်း  ပြောင်းလဲလာမည် ဖြစ်ပါတယ်  ။ အဲ့ဒီလိုဖြင့်  ပြုပြင်ဖို့ စိတ် မရှိသောသူသည် ထိုအကျင့်ဖြင့်သာ ဗီဇ ကျန်နေပါမယ်  ။ အဲ့ဒီလိုပါပဲ ကျနော်တို့ လုပ်နေကြဖြစ်သော အချိန်ဖြုန်းခြင်းသည်လည်း   ထပ်ထပ်ဖြစ်နေမည် ။ မိမိအသိဥာဏ်နှင့် စိတ်ကိုသာ  ပြုပြင်ခြင်း သတိဖြင့် မကွပ်ကဲ့ပါက ကျနော်တို့ သည် အချိန်ဖြုန်းခြင်း  အကျင့်ဖြင့် မသိမသာ ( မသိလို့ မသာဖြစ်သည် ) ဆက်လက်ကုန်ဆုံးနေမည် ဖြစ်ပါသည် ။

အချိန်မှီသော အချိန်၌ မိမိအတွေးကို စင်ကြယ်အောင် ထားသင့်၏ ။

အချိန်မှီသော အချိန်၌ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်၏ ။

အချိန်မှီသော အချိန်၌ သတိရှိရှိ သတိဖြင့် မိမိကိုယ်ကိုယ် ဦးစီးသင့်၏  ။

ထို့နောက် သင်သည် ရနိုင်ခဲသည်ဟု အများလက်ခံသော ဒီတန်ဖိုးရှိတဲ့ လူ့ဘဝကို အချိန်မှီ ရရှိနေမည်ဖြစ်ပါသည် ။

သင့်ကို တန်ဖိုးထားသော

ဘာနေ

၈ရက်-ဂျူလိုင်-၂၀၁၁

Advertisements

2 thoughts on “အချိန်မှီ၏

  1. Thanks,frd Barnay.Yes,we should do the most suitable thing in time while we are alive.But in facat,we didn’t nothice how precious our present time is! Your idea can reflect us how to use our time in the right way with mindfulness.In fact, it is difficult to do good habits instead of doing bad habits,but we should avoid of doing these .Yr sharing can warn me in time.Thanks a million ,my friend.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s