လောဘရဲ့ နောက်ကွယ်

လူသားသက်ရှိတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဆိုပြီး ထိုနှစ်ခုနှင့် သက်ဆိုင်ချက်များဖြင့် တနေ့တာကို ဖြတ်သန်းရင်း ဘဝကို အချိန်ကုန်လွန်စေခဲ့တာပါ။ လူသာမန် တစ်ယောက်မှာ လောဘ ရှိမယ်၊ ဒေါသရှိမယ်၊ မောဟရှိမယ်။ လူတိုင်း သူတို့ကိုသူတို့မှာ ဒါတွေ ရှိမှန်းသိကြပါတယ်။  ဒါတွေရှိတာ မကောင်းမှန်းလည်းသိပါတယ် ။ ဒါပေမဲ့ အဲ့ဒါတွေကို မညည်းမငြူ လိုလိုလားလား ကျင့်သုံးနေကြတာကတော့ မိုက်မဲတာလား ဒါမှမဟုတ် လောဘ၊ ဒေါသ၊ မောဟ ကလွဲလို့ တခြားအရာတွေနဲ့ ဖြတ်သန်းလို့ ရတယ်ဆိုတာကို မသိတာလား ဆိုတာ တွေးတောစရာပါ ။

ကျနော်တို့ နေ့စဉ်  ကျင့်သုံးနေတဲ့ အဲ့ဒီအရာသုံးခု ဟာဖြင့် မတူပေမဲ့  အတူယှဉ်တွဲပြီး မိမိတို့ အကျင့်သိက္ခာကို  ချိုးဖဲ့တတ်ကြပါတယ် ။  အများဆုံးဖြစ်လေ့ရှိတာ သတိထားမိတာကတော့ လောဘ ပါပဲ ။ လောဘ ဆိုတာက လိုချင်တပ်မက်တာပါ ။ ကိုယ်ရနိုင်တာထက် ပိုပြီး လိုချင်တာပါ ။ ကိုယ်ရနိုင်တာထက် ပိုမရရင် ပိုရတဲ့နည်းလမ်းကို တရားသလား မတရားဘူးလားဆိုတာ ခွဲခြားမနေတော့ပဲ လောဘစိတ်နဲ့ မရရအောင် ကြံဖန် ယူတော့တာပါပဲ ။ နောက်ပြီး လောဘမှန်းသိပေမဲ့ ဆက်ပြီး ထိတွေ ကိုင်တွယ်နေကြတဲ့သူတွေလည်း မနည်းပါဘူး ။ လောဘ ဆိုတာ မကောင်းဘူး လို့ လူတိုင်း ပြောကြပါတယ် ။ မကောင်းတာကို ဥပမာ တူတူ တစ်ခု ပေးပြီး ပြောချင်ပါတယ် ။ လူတွေရဲ့ မစင်ဟာ ကောင်းသလားလို့ မေးတဲ့အခါမှာ လူတိုင်း မကောင်းပါ ဟု ဖြေမည် သေချာပါပြီး ။ ဒီတော့ လောဘနဲ့ မစင် ခပ်ဆင်ဆင် တူသည်ဟု ကျနော်ယူဆပါမယ် ။ ဒီတော့ လူတိုင်းက နေ့တိုင်း မစင် (ချေး) ကို မျက်နှာမှာ သုပ်လိမ်းပြီး အလုပ်လုပ်နေကြတယ်လို့ ပြောမယ်ဆိုရင် လောဘရှိနေတဲ့သူအားလုံးဟာ ကျနော့်ကို ဆဲဆိုကြမယ်ထင်ပါတယ် 🙂 ။ တကယ်တော့ မိမိထိရင် ဆတ်ဆတ်ထိမခံကြတဲ့ တစ်ဘို့ထဲသော စိတ်တွေ ကြောင့်ပါ ။

သူတို့လည်း ပြန်မေးချင်မယ်ထင်ပါတယ် မင်းရော လောဘကင်းနိုင်လို့လား ဆိုတဲ့ မေးခွန်း။ ထိုမေးခွန်းအတွက် ကျနော့်အဖြကတော့ ကျနော်လည်းလူသားတစ်ယောက်ပါ ဆိုတာပါ။ လောဘ ဒေါသ မောဟ တွေ မကင်းခဲ့လို့ လူသား ဆိုပြီး ဒုက္ခနယ်ထဲက မလွတ်နိုင်ပဲ ရောက်ရှိလာတာတွေပါ  ။ ဒါပေမဲ့ လူတိုင်း  လောဘ ဖြစ်စိတ်ဆိုတာ ပေါ်လာချိန်မှာ ထိုအရာကို ရှေ့ဆက်မသွားအောင် တားထားနိုင်ပါတယ် ။ ပြီး ကိုယ်နဲ့ ရသင့်တာ ကိုပဲ ရတာ ကောင်းပါတယ်ဆိုတဲ့ စိတ် ပြန်ဝင်လာအောင် ထားဖို့ လိုပါတယ် ။ ဘယ်ပစ္စည်းတစ်ခုခုဖြစ်ဖြစ် ထိုပစ္စည်းတစ်ခုဟာ အရည်အသွေးကောင်းတယ် အသုံးဝင်တယ်လို့ သိရှိနေတယ်ဆိုရင် လိုချင်စိတ် လောဘက အဲ့ဒီအတွေးနောက်ကနေ ကပ်ပါနေပြီးသားပါ ။ သာမန် တစ်ယောက်အနေဖြင့် ထိုသို့ ဖြစ်နေပါက ထိုပစ္စည်းအတွက် မိမိတတ်နိုင်တယ်ဆို ဝယ်မည်၊ ရအောင်လုပ်မည်မှာ သေချာပါ။ အဲ့ဒီလို မတတ်နိုင်ရင်လည်း ထိုသူက မိမိလိုချင်စိတ်ကို တခြားစိတ်ကူးမှာ ပြောင်းပစ်ချင် ပစ်ပါလိမ့်မယ် ။ ဒါ ဖြစ်နေကြ သဘောလေးပါ ။

သာမန်မဟုတ်ပဲ ယုတ်မာတဲ့ သူ ကလိန်ကျချင်တဲ့သူကတော့  သူတတ်ထားသမျှ နည်းလမ်းသုံးပြီး ထိုပစ္စည်းကို မတရားသော နည်းလမ်းဖြင့် ယူဖို့ ကြိုးစားမည်မှာ အသေချာပါ။ လုံးဝမရတော့မှန်းသိမှ အားမတန်လို့ မာလျှော့ပြီး မြေခွေးပြောတဲ့ စပျစ်သီးက ချဉ်ပါတယ်ဆိုပြီး ဖြစ်လာမှာပါ ။ တကယ်တော့ လောဘစိတ်ဟာ ထိန်းကွပ်မဲ့နေလို့ပါ ။ လူတစ်ယောက်ဟာ မိမိစိတ်ကို သိနေပြီး ဘယ်လို စိတ်ထားရမယ်ဆိုတာကို သိနေရင် ထိုသူရဲ့ လောဘစိတ်က ခဏပဲ ဖြစ်မှာပါ ။ ဖြစ်ပြီး အလိုလိုပျောက် ဖြစ်ဖြစ်သွားပါလိမ့်မယ် ။ ဒါဟာ ကောင်းခြင်းတမျိုးပါ ။  ကျနော်တို့တတွေလည်း အမြဲလိုလိုသတိထားစေချင်ပါတယ် ။

လူတစ်ယောက် လောဘ ဖြစ်နေပြီဆိုရင် ထိုလူဟာ အလိမ်ခံရဖို့ ရာခိုင်နှုန်းတော်တော်များနေပါပြီ ။ ခုခေတ်မှာ လောဘကြောင့် အလိမ်ခံရတဲ့သူများနေလို့ပါ ။ လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ သတိသာ ထားဖို့ပြင်ပေတော့ ။ ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။ ဒီတော့ မတော်လောဘ ၊ ကိုယ့်အရည်အချင်းနဲ့ ရတာမဟုတ်ပဲ ရချင်နေတဲ့ လောဘ တွေ ဖြစ်လာရင်သတိထားပါ ။ ထိုသို့ ဖြစ်တာဟာလည်း မကောင်းပါ ။ လောဘရဲ့ နောက်ကွယ်က  ဆိုးကျိုးတွေကို သိထားဖို့ သတိထားဖို့ လိုပါတယ်။ တကယ်တော့ ဖြူစင်ခြင်းဟာ အကောင်းဆုံးပါ ။

လောဘ လိုပဲ ဒေါသ ဟာလည်း မကောင်းကျိုး တစ်မျိုးပါ ။ အဲ့ဒါတွေ ဖြစ်လာပြီဆိုရင် ထိုသူဟာ စိတ်ဓါတ်ရင့်ကျက်တဲ့သူ မဟုတ်ဘူးဆိုတာ သူကိုယ်တိုင်က ကိုပဲ ဖော်ပြနေတာပါ ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒေါသ ဖြစ်နေတဲ့သူဟာ စိတ်ဓါတ်မပြည့်ဝ မရင့်ကျက်သေးလို့ပါပဲ ။ အကယ်၍ မိမိမှာ အကြောင်းတစ်ခုခုကြောင့် လောဘ သို့မဟုတ် ဒေါသ ဖြစ်မိတယ်ဆိုရင် မိမိကိုယ်တိုင်ဟာ စိတ်ဓါတ် မရင့်ကျက်သေးတဲ့ သူတစ်ယောက် ဖြစ်နေတယ်ဆိုတာ သိထားလိုက်ပါ ။ ဒေါသ ၊ လောဘ ဆိုတာ မဖြစ်လာနိုင်တာမဟုတ် ဖြစ်လာနိုင်တဲ့အရာပါ ။ ဒါပေမဲ့ ဖြစ်လာပြီဆိုရင်တော့ ဆက်လက် ဆုပ်ကိုင်မထားမိဖို့လိုပါတယ် ။ အကောင်းမြင်စိတ်နဲ့ ဖျောက်လို့ရရင် ဖျောက်ပါ ။ ဖျောက်လို့မှမရရင်လည်း ဥပေက္ခာသာ ပြုထားလိုက်ပါ ။ ဘာလို့လဲဆို ထိုအရာတွေက ဓါးကိုဖျက်တဲ့ သံချေးလိုပဲ အရည်အသွေးတွေကို ဖဲ့စားသွားတတ်လို့ပါ

စာရေးဆရာ ဖေမြင့် ဘာသာပြန်ထဲက စကားလေးကိုလည်း အခက်အခဲတွေ့တိုင်း သတိရနေမိတာကတော့ သေချာပါ ။အဲ့ဒီစာသားက …………………..

နေ့စဉ် မိမိကိုယ်ကို နှုတ်ထွက်သတိပေးကြည့်ပါ ။

တည်ငြိမ်ပါ ၊ အေးဆေးပါ ၊ ငြိမ်းချမ်းမှုရှိပါ  ဆိုပြီး သတိပေးပြောကြည့်ပါ ။

ကြာလာရင် မိမိကိုယ်တိုင်ကကိုပဲ တည်ငြိမ်အေးဆေးပြီး ငြိမ်းချမ်းမှုတွေ ရှိလာပါလိမ့်မယ် ။ ဆိုတဲ့ စကားလေးပါ ။ နှစ်သက်စရာကောင်းပါတယ် ။ ဒါကတော့ကျနော့့် စိတ်ကူးမှာ ဖြစ်မိတာလေးတွေကို ရေးပြရခြင်းပါ ။ ခု စာဖတ်နေသူစိတ်မှာလည်း တစ်ခုခု ဖြစ်နေမိမှာ သေချာပါ ။

အသက်ရှင်နေစဉ်မှာ သန့်ရှင်းသောလေကိုရှူရင်း မိမိဘဝလေးကို ဖြူစင်မှုတွေထဲမှာပဲ လှလှပပ ဆော့ကစားလှည့်ပတ်နိုင်တဲ့  ကလေးငယ်လေးလို ကြည်နူးနှစ်သိမ့်နိုင်ပါစေ ။

နေဝင်ချိန်မှာ အပြုံးတွေကိုမျက်နှာပေါ် ပက်ဖျန်းနိုင်ဖို့ မိမိစိတ်အိမ်ကို ကျကျနန တည်ဆောက်ပါ သူငယ်ချင်း …. ။

ဘာနေ

၂၅-ဂျွန်လ-၂၀၁၁

Advertisements

4 thoughts on “လောဘရဲ့ နောက်ကွယ်

  1. Frd,Barnay,
    Nobody has greedy ,anger and innocence .We can’t avoid these things.But we must aware of our mind wha’s happening all the time according to our Buddha ‘s way.Greedy brings lots of bad things to our life.I agree with u .
    အကောင်းမြင်စိတ်နဲ့ ဖျောက်လို့ရရင် ဖျောက်ပါ ။ ဖျောက်လို့မှမရရင်လည်း ဥပေက္ခာသာ ပြုထားလိုက်ပါ ။
    I like these words .Yes,we should try to neglect the things that can make us greedy and anger.
    Thanks a lot for such worthy ideas to us.

  2. Dear Barnay,
    I feel that we can’t blame on ourselves to get angry as long as we spend our lives with emotions as human beings. But the main thing we should concern is that how we will control our anger. We also must have self-awareness so that we know who we are, what we are doing and how we are feeling to be able to judge ourselves. Anyhow, thanks a million for sharing your ideas and I like to say that your article is very knowledgeable.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s