အဖေနေ့တဲ့လား

အဖေ့နေ့ တဲ့လား

အဖေ့နေ့ အမေ့နေ့တွေနဲ့
သတ်မှတ်ခြင်းတွေ ပေးပေမဲ့
အဖေဆိုတဲ့ ဂုဏ်ပုဒ်
အမေဆိုတဲ့ ဂုဏ်ပုဒ်
မေးကြည့်ရင်လည်း မသိ
တွေးကြည့်ရင်လည်း အဖေဆိုတာကလွဲလို့ တခြားမမြင်
ခက်တာက ဒီနေ့ အဖေ့နေ့တဲ့ သတ်မှတ်ချက်များ
ဘာဆိုဘာမှ မထူးခြားပေမဲ့
အဖေဆိုတာ ငယ်ငယ်ကတိုင် ခုထိ
အကျင့်စရိုက်တွေအတွက် လမ်းခင်းပေးလိုက်တဲ့
ပန်းပဲဖိုသမားကြီး လိုပဲ ခရီးပြင်းနှင်ခဲ့
အသားကောင်းတဲ့ ဓါးတစ်လက်ဖြစ်ဖို့ နာနာထုချင်ထုခဲ့မယ်
အတွေးကောင်းတဲ့ သားငယ်ဖြစ်ဖို့ မေးခွန်းတွေလည်း ထုတ်ခဲ့မယ်
တစ်ခါတစ်ခါ တိုင်ပင်မှုတွေပေးပြီး
မင်းဖြေတာ ဟုတ်မဟုတ် မင်းတွေးဆိုပြီး
တွေးတောမှုကို  အပိုင်စားပေးခဲ့တယ်
မစဉ်းစားချင်ဘူး ခက်တယ်နဲ့ ငြီးခဲ့တဲ့ အတွေးတွေ
ခုမှ နားလည်ခြင်းတွေက အဖေ့စေတနာကို မီးထွန်းပေးနေပြီလေ
ဘာပြဿနာ လာလာ ဘာအကြောင်းဖြစ်ဖြစ်
ကိုယ့်ခေါင်းကိုယ်သုံး ကိုယ်တိုင် ဆုံးဖြတ်တတ်လာတယ်
ဒီစေတနာ ဒီအဖြစ်တွေဟာ နေ့တစ်နေ့လေးနဲ့  သတ်မှတ်ပြီး
အမှတ်ရနေဖို့ထက် မကပါဘူး
ဘဝလမ်းတစ်လျှောက် ဖြောင့်တန်းနိုင်သလောက် ဖြောင့်အောင်
လျှောက်လှမ်းနေတိုင်း အဖေ့ကျေးဇူးက ဘေးကနေ ထပ်ကြပ်မကွာဘူး
အဲ့ဒါကို ယုံရဲ့လား အဖေ . ဆိုပြီး မေးလိုက်ချင်ပါတယ်
လူလူချင်း တူပေမဲ့ မတူဘူးဆိုပြီး…. ပြောခဲ့
အသက်ရှူတာခြင်းတူပေမဲ့ တွေးတာခြင်းမတူဘူး…. ပြောခဲ့
လုပ်တာတွေချင်းတူပေမဲ့ စရိုက်ချင်းမတူဘူး….ပြောခဲ့
လောကရဲ့ အငွေ့အသက်တွေကို ငယ်ငယ်ကတိုင်
ခပ်….ခပ်…. တိုက်ခဲ့တဲ အဖေ

ကျနော်ဖြစ်တည်နေသမျှ တွေ့ကြုံလာသမျှ
အရာအားလုံးအတွက် ကျေးဇူးပါအဖေ..

အဖေ ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ ….။

ဘာနေ

၁၉ရက်-ဂျွန်လ-၂၀၁၁

Advertisements

2 thoughts on “အဖေနေ့တဲ့လား

  1. အဖေများနေ့ လို့ ဂုဏ်ပြုသတ်မှတ်ထားတာကတော့ ( ၁ ) ရက်တည်းပါ။ ဒါပေမယ့် မိဘဆိုတာ လူတိုင်းရဲ့ ဘဝထဲမှာတော့ နေ့ရက်တိုင်းမှာ အရေးလည်းကြီးပါတယ်။ အရေးလည်းပါပါတယ်။ ကဗျာလေးကို ဖတ်မိတဲ့အခါ ခံစားနှစ်သက်မိပါတယ်။ မျှဝေဖတ်ရှုခွင့်ပေးသောကြောင့်လည်း ကျေးဇူးတင်ပါတယ်နော်။

    1. ခုလို ကိုယ့်ထင်မြင်ချက်ကို ရဲရဲဝံ့ဝံ့ ရေးပြရဲတာကိုပဲ အထူးကျေးဇူးတင်ပါတယ် .စိမ်းလည်း မိဘအတွက် သမီးကောင်းလေး ဖြစ်ပါစေနော် .. 🙂

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s