လက်ခံတတ်ပါ

နေသည် အရှေ့အရပ်မှ ထွက်လာ၍ အနောက်အရပ်သို့ ဝင်သွားသည်။ လူသည် မွေးဖွားခြင်းမှ စတင်၍ သေဆုံးခြင်းဖြင့် အဆုံးသတ်သည် ။ အချစ်ရှိ၍ အမုန်းရှိသည် ။ ဒုက္ခရှိသလို သုခလည်းရှိသည် ။ မငြိမ်းချမ်းခြင်းရှိသလို ငြိမ်းချမ်းခြင်းလည်း ရှိသည်။ ထို့ကဲ့သို့ အကောင်းအဆိုးဒွန်တွဲနေတဲ့ လက်ရှိဘတ္တဒီကမ္ဘာမှာ ကျွန်ုပ်တို့  တတွေရှင်သန်နေခြင်းဟာ ကောင်းမြတ်ခြင်း လို့ ဆိုချင်ပါတယ် ။ ဘာလို့လဲဆို ကိုယ်ကြိုက်တာ ကိုယ်ဖန်တီးခွင့် ရှိလို့ပါပဲ ။

ကျနော်တို့တတွေ နေ့စဉ်နဲ့ အမျှ စိတ်ဆိုးခြင်း ဒေါသထွက်ခြင်း မနာလိုခြင်း ဝန်တိုခြင်း စတာတွေနဲ့ အနည်းနဲ့ အများဆိုသလို ထိတွေ့ပြီး ဘဝကို ဖြတ်သန်းနေကြရတာဟာ မတည်ငြိမ်သေးတဲ့ ကျနော်တို့လို  လူတိုင်းလိုလိုပါပဲ ။ စားစရာရှိ စားမယ် ၊ သွားစရာရှိ သွားမယ် ၊ နေစရာရှိနေမယ် ၊ ပြောစရာရှိပြောမယ် ၊ ခံစားစရာရှိ ခံစားမယ် .. စသဖြင့် ကျနော်တို့တတွေဟာ နေ့စဉ် နိစ္စဓူဝ ဖြစ်စဉ်အောက်မှာပဲ လှိုင်းဂယက်တွေ အပေါ်မှာ မျှောလွှင့်နေကြရတာပါ။ ဘယ်သူက ဘယ်လို ၊ ဘယ်သူ့ကြောင့် ငါ ခု ဘယ်လိုဖြစ်နေရတာ ၊ ဘယ်သူက ဘယ်သူ့ကို စသဖြင့် ထွေရာလေးပါး စကား သနာတွေနဲ့ အလုပ်တွေ မများချင်ပဲ များနေကြရတာပါ ။ သူ့ထက်ငါ ပိုတော်ချင်ကြတာတွေ ဖြစ်လာကြပြီး အရှိကို အရှိအတိုင်း လက်မခံပဲ ဟန်ဆောင်ခြင်းတွေနဲ့ လောကအလင်းဓါတ်ကို အရောင်မှိန်သွားစေပါတယ် ။

ဟန်ဆောင်ခြင်း

လူတိုင်း နီးပါး ဟန်ဆောင်ကြပါတယ် ။ တချို့က ဟန်ဆောင်တတ်ကြသလို တချို့က ဟန်မဆောင်တတ်ပဲ ဟန်ဆောင်ကြပါတယ် ။ ဟန်ဆောင်တာ ဘာကြောင့်လဲ ဆိုရင် ကိုယ့်လက်ရှိ ဖြစ်နေတဲ့ အနေအထားမှာ တကယ် အစစ်အမှန်ကို ကိုယ်နဲ့ ဆက်စပ်နေတဲ့သူတွေကို မသိစေချင်တာပါပဲ ။ တကယ်တော့  သူတို့အထင်က ကိုယ့်မှာ လျှို့ဝှက်ချက် ရှိလေ သူများထက် တစ်ပွင့်ကြောလေဆိုတဲ့ အတွေးကြောင့်ပါ ။ ဒီတော့ သူတို့ ဟန်ဆောင်တယ် နောက် ဟန်ဆောင်စ ရှိလာတော့ ဟန်ဆောင်တာက လွယ်သွားတယ် ဒီလိုနဲ့ အလိုလိုနေရင်းကို ဟန်ဆောင်ကြပါတယ်။ ဟန်ဆောင်တာ ကောင်းသလားဆိုပြီး လူတိုင်းကို မေးပြန်တော့လည်း မကောင်းဘူးလို့ ဖြေသူကများနေပါတယ် ဒါပေမဲ့ မကောင်းဘူး ဖြေသူတွေကကိုပဲ ဟန်ဆောင်တတ်ခြင်းနဲ့ မကင်းပြန်ဘူးလေ ။

ဟန်ဆောင်ခြင်းဟာ ကောင်းသလား

အမှန်တော့ ဟန်ဆောင်တာဟာ မကောင်းပေမဲ့  သာမန်သေးငယ်တဲ့ ပြဿနာတွေကို ဖြစ်မလာစေဘူးလေ ။ ဒါပေမဲ့ ဖြူစင်ခြင်းတော့ မဟုတ်ပြန်ဘူး ။ ဖြူစင်ခြင်းကို မြတ်နိုးတဲ့သူတွေအဖို့ ထိုအရာဟာ အစွန်းအထင်းပဲလေ ။ ဒီတော့ မွန်မြတ်ခြင်းတွေထဲမှာ ဟန်ဆောင်ခြင်းလုံးဝ မပါဘူး ။ လူတိုင်းက သူတို့ရဲ့ အမှန်တရားကို တခြားအသိမိတ်ဆွေတွေ သိသွားရင် သူ့ကို မလိုမှာ ၊ ဆက်ပြီး မပေါင်းသင်းမှာ ၊ လူမှု့ရေးဝန်းကျင်မှာ မဝင်ဆန့်စေမှာ စသဖြင့်  ထိုအရာတွေကို ဆုံးရှုံးမှာ ကြောက်ပြီး ဟန်ဆောင်ပြတတ်ကြပါတယ် ။ ဒါကောင်းသလားဆိုပြီး မေးချင်ကြပါတယ် ထို့အတွက် အဲ့ဒီလိုဟန်ဆောင်တာဟာ ခဏတာအတွက်သာ အဆင်ပြေပြီး ရေရှည်မှာမကောင်းပါဘူး လို့ ကိုယ့်အတွေးနဲ့ ကိုယ် ဖြေချင်မိပါတယ် ။ ဘာလို့လဲဆိုရင် “ထို ဟန်ဆောင်ခြင်းဆိုတဲ့ လုပ်ရပ်သေးသေး ဟာ တစ်ခါဖြစ်ပြီး တိုင်း ငြိမ်ငြိမ်မနေပါဘူး နောက်တစ်ကြိမ်လည်း ဖြစ်လာနိုင်တာမို့ပါ နောက်ပြီး ဆက်က ဆက်ကာ ဖြစ်တတ်ပါတယ် ဒီလိုနဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်တိုင်းဟာ အကျင့်အဖြစ်ပြောင်းလဲသွားစေပါတယ်  ” ။ အဲ့ဒီလို ဟန်ဆောင်ခြင်းကို အကျင့် ဖြစ်သွားရင်တော့  ထိုသူပိုင်ဆိုင်တဲ့ ဘဝဟာ တန်ဖိုးနည်းတဲ့ ဘဝ တစ်ခု ဖြစ်သွားပါလိမ့်မယ် ။

ဥပမာ တစ်ခု

အရင်က ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ် ။ တခါက တောစပ်နဲ့ နီးတဲ့ ရွာလေးတစ်ရွာမှာ ကလေးတွေဟာ တောစပ်ကိုသွားပြီး ကစားလေ့ ရှိတယ်တဲ့ ။ တနေ့တော့ ကလေးတစ်ယောက်ဟာ ကစားနေရင်း တောစပ်ဘက်ကို လျှောက်သွားပြီး သူ့သူငယ်ချင်းတွေကို စလိုက်တယ် ။ စပုံက ဟန်ဆောင်ပြီး စတာပါပဲ ။ “ဟေ့ကောင်တွေ ဒီမှာ ကျား .. ကျား .. ကယ်ပါအုံး” ဆိုပြီး စနောက်သလိုနဲ့ လှမ်းအကူအညီတောင်းတာ ။ ဒီတော့ ဘေးက ကစားနေတဲ့ သူငယ်ချင်းတွေက ကူဖို့ ဝိုင်းပြီး ပြေးလာတာပေါ့ ။ နောက် အနီးရောက်တော့ စပ်ဖြီးဖြီးမျက်နှာနဲ့ ဒီကောင်ကို မြင်တော့ စနောက်မှန်းသိသွားတယ် ။ နောက်တစ်နေ့ ကျတော့ သူလည်းတောစပ်ကိုသွားတဲ့ အခါ တကယ် ကျားနဲ့ တိုးနေရော . ။ ဒီတော့ သူ့သူငယ်ချင်းတွေကို အကူအညီအော်တောင်းတာပေါ့ ဒီတော့ သူ့သူငယ်ချင်းတွေက ဒီကောင် မနေ့ကလို စတာပါဆိုပြီး မသွားကြဘူး ။ ဒီလိုနဲ့ ကျားစာ ဖြစ်သွားလေသတဲ့ ။ ဒီပုံပြင်ဟာ ဟန်ဆောင်ပြီး လိမ်ညာခြင်းကြောင့် ဆုံးရှုံးမှုတွေ ဖြစ်လာတယ်ဆိုတာ ထင်သာမြင်အောင် သာဓက ပြဖို့ အကောင်းဆုံးပါ ။

သေချာတွေးလိုက်တဲ့ အခါ

ကျနော်တို့ တတွေ မှာ ဖြစ်နေတဲ့ အရာတွေကို ကျနော်တို့ အားလုံး ခံစားမှု ကို အခြေပြုပြီး တုံ့ပြန်တတ်ကြပါတယ် ။ ဥပမာ ရည်ရွယ်ချက် လွဲသွားတဲ့ အခါ … အချစ်ရေးအဆင်မပြေတဲ့ အခါ …. စီးပွားရေး ကျဆုံးတဲ့ အခါ … ကျန်းမာရေး တစ်ခုခု ဆုံးရှုံးသွားတဲ့ အခါ … စသဖြင့်  ကိုယ့်အလိုကျ မဖြစ်လာတဲ့ အခါတွေမှာ ခံစားမှုကို အလေးပေးပြီး ဖြတ်သန်းနေကြတာ လူတိုင်းပါပဲ ။ တချို့ဆိုရင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် တနုံနုံနဲ့ စဉ်းစားရင်း ညှိုးနွမ်းကြွေပျက် ဘဝဆုံးသွားကြတာတွေ ရှိကြပါတယ် ။ တကယ်တော့ လိုအပ်ချက်က အရှိကိုအရှိအတိုင်း လက်ခံဖို့ပါပဲ ။ အဲ့ဒီလို လက်ခံတတ်ဖို့ ဆိုပြီး ပြောပေမဲ့ တကယ်လက်တွေမှာက မလွယ်ပါဘူး ။ ဘာလို့လဲဆို လူဆိုတာ တဘဝကနေ နောက် တစ်ဘဝ ကူးလာခြင်းတွေနဲ့ အသက်ရှင်နေခြင်းတွေမှာ  ခံစားမှု အပေါ်မှာပဲ အမြဲ လိုလို ရှင်သန်နေခဲ့ကြလို့ပါပဲ ။ ဒီခံစားမှု စိတ်ကို တွန်းလှန်ပြီး အရှိကို အရှိအတိုင်း ရောက်တဲ့ နေရာကနေ ကိုယ်နိုင်သလောက် ရှေ့ဆက် ခရီးဆက်တတ်ဖို့ လိုပါတယ် ။

ပိုင်ဆိုင်စေချင်တယ်

လူတိုင်း လက်ရှိ ကိုယ့်မှာ ရှိနေခြင်းတွေကို ကျေကျေနပ်နပ် လက်ခံစေချင်ပါတယ် ။ ဆိုလိုချင်တာက ရပ်တန့်နေဖို့မဟုတ် စိတ်ဆင်းရဲ နေဖို့မဟုတ်ပါဘူး  .ကိုယ့်လက်ရှိ လုပ်ငန်းနယ်ပယ် တွေ ဝါသနာတွေ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့  ကြိုးစားမှုတော့ မရပ်တန့်စေချင်ပါဘူး ။ တချို့က တစ်ခုခု လွဲချော်သွားရင် စိတ်ဓါတ်ကျပြီး ရှေ့မတိုးတော့တာမျိုးတွေကြောင့်ပါ ။ အဲ့ဒီအတွက် ရောက်တဲ့နေရာကနေ မိမိကိုယ်ကို မိမိ ရတာနဲ့ လက်ခံတတ်ဖို့…..  ပြီး…. ရှေ့ဆက်ကြိုးစားဖို့ ဒါတွေလိုပါတယ် ။ ကိုယ့်အသိဥာဏ်က မကောင်းဘူးဆိုပြီး စဉ်းစားတတ်တဲ့ အပိုင်း၊ ကြိုးစားရမဲ့ အပိုင်းတွေကို မျက်ကွယ်မပြုစေချင်ပါဘူး ။ ဦးနှောက်ဆိုတာဟာ တွေးတောမှ ထက်လာတဲ့ သဘောပါ။ လုပ်ငန်းတွေမှာလိုပဲ လုပ်ငန်းအတွေ့အကြုံ ရှိလာတဲ့သဘောမျိုးပါ ။ ဒီတော့ မိမိရဲ့ ခရီးကို ရပ်တန့်မနေပါစေနဲ့ သို့ပေးမဲ့ ရောက်နေတဲ့ အခြေအနေကိုတော့ မနှစ်မျိုတဲ့ပုံစံမျိုး မဖြစ်ပါစေနဲ့ ။ မကြိုက်လဲ ရှိနေတဲ့ဟာက တိုးမလာ ပြောင်းလဲ မလာပါဘူး ဒီတော့ ခံစားမှုကိုပဲ မဖက်တွယ်ပဲ အရှိအတိုင်းလက်ခံပြီး ဘဝကို ကျေနပ်မှုနဲ့ ဖြတ်သန်းခြင်းဟာ အောင်မြင်ခြင်းတမျိုး ကျေနပ်စရာ တစ်မျိုးပါ ။ ဘာပဲဖြစ်လာ ဖြစ်လာ ဘဝဟာဘဝပါပဲ ။

လက်ခံပေးခြင်းရဲ့ ရလဒ်

အရာရာကို လက်ရှိ ဖြစ်နေတဲ့ ပစ္စုပ္ပန်အတိုင်း လက်ခံပေးပြီး အရှိအတိုင်းနေခြင်းဟာ လက်ရှိမြင်နေတဲ့ အရာကို လှလှပပ မြင်နိုင်စေပါတယ် ။ ဥပမာ.. ညနေ နေဝင်ချိန် လမ်းလျှောက်ထွက်တဲ့ အခါ ရှူခင်းရဲ့ အရသာကို ကိုယ်တိုင် လက်တွေ့ ခံစားနေရတာပါလား ကြုံတွေ့နေရတာပါလားဆိုတဲ့ ဝမ်းသာ ကျေနပ် ခြင်းတွေ ဖြစ်ပေါ်လာပါတယ် ။ ဒါဘာကြောင့်လဲဆိုရင် လက်ရှိတွေ့နေတဲ့ မြင်ကွင်းကို တကယ်အရှိအတိုင်း မြင်စေတဲ့ ခံစားမှုကြောင့် ဖြစ်ပါတယ် ။  အကောင်း ဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် ရှိနေတဲ့ အရာကို ရှိတဲ့ အတိုင်း ဖြစ်တဲ့ အတိုင်း လက်ခံ ပေးခြင်းကြောင့် မိမိမှာ ပြာယာမနေပဲ လုပ်သင့်တာကို လုပ်နိုင်စေပါတယ်… ပြီးတော့  မိမိမှာ ရှိနေနိုင်မဲ့ ခံစားမှု သောကကိုလည်း နည်းသွားစေမယ်လို့ ယုံကြည့်ပါတယ် ။ မိမိအမြင်နဲ့ မိမိဘဝကို ထုဆစ်ပါ …။

လေပြေလေးတွေတိုက်ခတ်ချိန် မျက်နှာပြင်ပေါ် နူးနူးညံ့ညံ့ တိုးဝှေ့သွားတဲ့အခိုက် ခံစားမှုရင်ခွင်ဟာ အမှန်တကယ် စိုပြေနေမယ်ဆိုတာ မသိသေးသ၍ လောကရဲ့ မျက်မှန်တွေကို ထိုးဖောက် မြင်နိုင်စွမ်းရှိမှာ မဟုတ်သေးပါဘူး ။

ဘာနေ

၁၃-ဂျွန်လ-၂၀၁၁

 

Advertisements

5 thoughts on “လက်ခံတတ်ပါ

  1. Dear Barnay, I also think that pretending is not good for everyone including ourselves. We try to be honest and trustworthy as much as we can. But sometimes we use white-lie according to situations, so in my opinion telling white-lie is better than pretending if you don’t want to hurt others on purpose. I am glad to read your article and let me say “thank you” to you for sharing your thoughts.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s