မွေးနေ့အတွက် ကဗျာ

သူငယ်ချင်း တစ်ယောက်အတွက် မွေးနေ့လက်ဆောင်အဖြစ်

ရေးပေးမိသော ကဗျာလေးတစ်ပုဒ်ပါ .. ။ ဘာပဲဖြစ်ဖြစ် သူနှစ်သက်တယ်ဆိုလို့ ဝမ်းသာ မိပါတယ် ။

သူငယ်ချင်းရဲ့ မွေးနေ့အတွက်

မွေးနေ့ တဲ့
လူတိုင်း အလေးထား
တခုတ်တရ ကျင်းပကြပေမဲ့
မွေးနေ့သည် ဘယ်အတွက်လည်း သူငယ်ချင်း

မွေးနေ့တဲ့
လူတိုင်း ဂရုစိုက်
နှစ်သက် ဆုတောင်းကြပေမဲ့
ဆုတောင်းပေးခြင်းသည် ဘယ်အတွက်ပါလည်း သူငယ်ချင်း

မည်သို့ ရှိနေသည်ဟု
မည်သို့ ဆုတောင်းသည်ဟု
ကျွန်တော်မသိပေမဲ့
ခပ်ရိုင်းရိုင်း ကျနော့ရင်ခွင်မှာ
သူ့ငယ်ချင်းအတွက် တစ်ခုခု ဖြစ်စေချင်ခဲ့တယ်

ဒီယနေ့ သူ့မွေးနေ့သည်
မေလရဲ့ နောက်ဆုံးနေ့ ၂၀၁၁
ကျရောက်တဲ့ မွေးနေ့ မှာ
အနှစ်သာရ ပြည့်စုံခြင်းတွေနဲ့
ခါးသက်မှုကင်းကင်း ကျင်းပပေးလိုခဲ့တယ် သူငယ်ချင်း

လော့ကလူ့ရွာမှာ
နေခဲ သွားခဲ ရချင်မှုတွေ ခဲယဉ်း
လူတွေအားလုံးဟာလည်း
ကြင်နာခဲ မေတ္တာခဲ ဖေးမမှုတွေ ခဲယဉ်း
ဒီ အမျိုးမျိုးအထွေထွေကြားမှာ
ဒို့တတွေ အသက်ရှင်ခွင့်ရခဲ့တယ် နော် ..
ပိုင်ဆိုင်လေသမျှ မတည်မြဲရာဟု
သိမြင်ကြည့်စမ်းပါ သူငယ်ချင်း

မင်းမွေးနေ့ ငါ့မွေးနေ့တွေသည်
တိကျရေတွက်ခြင်း တစ်နှစ်တင်းတင်း ပြည့်လို့
ငါတို့ကိုငါတို့ သတိပေးနေကြောင်း သိသာပါစေ သူငယ်ချင်း
မနှစ်ကအရာတွေကို မေ့လိုက်ပါ ဒီမွေးနေ့လွန် နှစ်သစ်မှာ
လောကကြီးကို ပိုရင်းနှီးပါစေ သူငယ်ချင်း

မွေးနေ့ အတွင်းမှာ ကျင်းပခြင်းတွေကြား
ဥာဏ်မျက်လုံး မင်းသုံးပြီး တန်ဖိုးရှိရှိ မင်းရှာတတ်ပါစေ သူငယ်ချင်း
စိတ်နဲ့ ခန္ဓာကြားမှာ ဖြစ်ခြင်းပျက်ခြင်း တွေ
ခုဖြစ် ခုပျောက် သတိချပ်စရာများ
မင်း လက်တွေ့ မြင်နိုင်ပါစေ …သူငယ်ချင်း
ငါတို့တွေ လက်တွေတွဲလို့
စည်းလုံးခြင်းကို ဗဟိုပြုပြီး
ရှေ့ဆက်ရမဲ့ခရီးအတွက်
ဖေးကူ ထူမ အားပေးရင်း
လောက ကမ္ဘာအတွင်းမှာ
မှန်ကန်မှု သစ္စာ ခံနိုင်မှု ခန္တီ
ခွင့်လွှတ်နားလည်ခြင်း ဥပေက္ခာတွေနဲ့
မှန်ကန်ခြင်း ဖြစ်သင့်ခြင်းပေတံပေါ်မှာ
မင်းက တစ်ဖက် ငါက တစ်ဖက် ကိုင်ပြီး
တိုင်းတာကြပါစို့လား သူငယ်ချင်း ….။

ဒီယနေ့ မင်းမွေးနေ့မှာ
ငါဆုတောင်ခြင်း နည်းနည်းပြုမယ်
ဒီမွေးနေ့မှသည် နောက်လာမဲ့ အချိန်တွေတိုင်း
သတိ သတိ အမြဲသတိနဲ့ လောကဓမ္မ
အနှစ်သာရကို မြင်နိုင်ပါစေကြောင်း
ငါဆုတောင်းတယ် သူငယ်ချင်း ။

မွေးနေ့မှာ ပျော်ရွှင်ခြင်းထက်
ကျေနပ်ခြင်းပီတိကိုပဲ ငါမြတ်နိုးလို့
မင်းနားလည်ပါစေ သူငယ်ချင်း ။

အပ္ပမာဒေန သမ္ပာဒေဌ … ပါ သူငယ်ချင်း
အို.. သူငယ်ချင်း
ဒီနေ့မှစ နောက် မင်းအသက်ရှင်တဲ့ အချိန်တိုင်းမှာ
သတိမြဲပါစေ သူငယ်ချင်း …………….။

ဘာနေ 

Advertisements

5 thoughts on “မွေးနေ့အတွက် ကဗျာ

    1. စိုးပြည်.ဘာလုပ်နေလည်းကိုယ်နမ်မယ်အောင်မျိုးခန်.ပါ

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s