မိုး

မိုး .

ခပ်ငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ အရာပါ. ။ ငယ်ငယ်ကဆို မိုးရွာရင်ပျော်တယ် . မိုးရေထဲမှာ ဆော့ကစားရတာပျော်တယ် .. ကျောင်းပြန်မိုးရွာရင် ပျော်တယ် .. မိုးရေထဲမှာ ဘောလုံးကန်ရတာ ပျော်တယ် . မိုးရွာလို့ ရေချိုးပြီးရင် နွေးနွေးထွေးထွေးနေရတာပျော်တယ် .. မိုးရာသီမှာ ထမင်းပူပူစားရတာပျော်တယ် . ရေနွေး ပူပူသောက်၇တာ ပျော်တယ် . ကော်ဖီပူပူ နဲ့ တငုံချင်းကျိုက်ရတာ ပျော်တယ် ..

ခပ်ငယ်ငယ်ကနေ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ . မိုးကို နှစ်သက်သလို မနှစ်သက်တာလည်း ရှိပြန်တယ် . ကိုယ့်လိုချင်မှုတွေ များလာတော့ မိုးရွာလို့ အဆင်ပြေမှုတွေအတွက် ပျော်သလို မိုးရွာလို့ အဆင်မပြေသွားတာတွေ အတွက် မိုးကို စိတ်ပျက်တယ် . ဒါပေမဲ့ အဲ့ဒီအချိန်မှာ မိုး ကို နှစ်သက်ခြင်းက ရာခိုင်နှုန်း ပိုများခဲ့တယ် .. အရွယ်ရောက်ချိန်မို့ စိတ်ကူးက ခပ်ယဉ်ယဉ်နဲ့ မိုးရေထဲ တစ်ယောက်သောသူနဲ့ လမ်းလျှောက်ထွက်ရရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီး စိတ်ကို အတွေးအာရုံမှာ လူးလွန့်ခဲ့ဖူးတယ် .

မိုး.. တဲ့ . မိုး ရွာရင် အေးတယ် . အရွာလွန်လာရင် ပိုအေးတယ် ဘာမှ လုပ်လို့ မဖြစ်ဘူး . ဒါပေမဲ့ မိုးမရွာရင် မကြိုက်တာအမှန် ရွာပါများရင်လည်း မကြိုက်ပြန်ဘူး ဒါပေမဲ့ မိုးရွာရင် လွမ်းတတ်လာတယ် လွမ်းစရာမရှိပေမဲ့ လွမ်းသလိုလို ဖြစ်လာတာတော့အမှန်ပဲ . မိုးရွာရင် ကောင်းကင်ကို 45-ံ  ချိုးပြီး ကြည့်တတ်လေ့ရှိတယ် ဘာမှ မမြင်ရတဲ့ တိမ်တိုက်တွေကိုပဲ တခုခုရှိလေမလားဟန်နဲ့ စူးစမ်းသလိုလို တခုခု ရှာနေသလိုလို ကြည့်ဖြစ်တာတော့ အမှန်ပါ ..

တခါတခါ လေပေါ်ဝဲပြီး တောင်တွေပေါ် ပျံတက်ကာ မိုးသီးလေးတွေကြား စိတ်ကူယဉ်ယဉ်  ဆော့ကစားမိဖူးတယ်  မို..ရွာရင် စိတ်တွေက အဲ့ဒီလိုကို နူးနူးညံ့ညံ့ ဖြစ်မိတာအမှန်ပါ . ။ မိုးကိုလည်း 90-ံ စောင်းပြီး ကြည့်မိဖူးပါတယ် ..။ မိုးသီးလေးတွေ တစ်လုံးချင်း ကျလာတာကိုလည်း ကြည့်မိဖူးပါတယ် . အဲ့ဒီလို ကြည့်တာက သဘာဝအရသာကို ပေါ်လွင်စေတယ်လေ ….။ တခါတခါဆို မိုးရွာတုန်း မိုးပေါ်ကို မော့ပြီး ကျလာတဲ့ မိုးစက်တွေကို ပါစပ်ဟပြီး သောက်ရတာလည်း အရသာ တစ်ခုပဲ ။

မိုး ဆိုတာဟာ တောင်သူတွေအတွက် အားထားရတဲ့ စိုက်ပျိုးမှု အထောက်အပံ့တစ်ခုပါ ။ ရေရှားတဲ့ အရပ်တွေမှာ မိုးကို အဓိကထားပြီး သီးနှံတွေ စိုက်ပျိုးကြရတာပါ ။ ဆီထွက်သီးနှံတွေ ဆန်စပါးတွေ စသည့် ကျွန်ုပ်တို့အတွက် အထောက်အပံ့တွေကို ရရှိဖို့ မိုးက တစိတ်တဒေသ တာဝန်ထမ်းဆောင်နေပါတယ် ။ ထို့ကြောင့် မိုးဟာ ချစ်စရာကောင်းပြီး တန်ဖိုးရှိတဲ့ အရာ တစ်ခုပါ ။

မိုးရွာလို့လွမ်းစရာတွေကို လွမ်းတာထက် … မိုးရွာလို့ ပျော်တာထက် .. မိုးရွာလို့ နေလို့ ကောင်းတာထက် . မိုးကိုမှီခိုပြီး အသက်မွေးရခြင်းက ပိုပြီး ကြီးမြတ်ပါတယ် ဒါပေမဲ့ လူ့လောက တဘောင်ခေတ်မှာ လွန်ကဲခြင်းဟာ ဘယ်ဟာမှ မကောင်းဘူးဆိုတာ လူတိုင်း သတိထားစေချင်မိတာပါ ။ မိုးရွာလွန်ကဲရင် ရေတွေကြီးမယ် သီးနှံတွေ ပျက်မယ် မြေတွေ ပျိုမယ် လူတွေသေနိုင်တယ် ထို့ကြောင့် မကောင်းပါ ။ အသောက်အစားမှာလည်း ထိုနည်း လည်းကောင်းပါပဲ ၊ အပျော်အပါးမှာလည်း ထိုနည်းလည်းကောင်းပါပဲ ၊ အစွန်းရောက်တာတွေကို ရှောင်နိုင်မှ လိုချင်တဲ့ လူ့ဘောင် လူမှုလောက လှလှကို ဖန်တီးနိုင်မှာပါ ။

ဒါ့ကြောင့် မြတ်စွာဘုရားဟောကြားခဲ့တာပေါ့ .. လွန်ကဲခြင်းမဖြစ်စေနဲ့ .. အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးပါတဲ့ မှာသွားပါတယ် . မမေ့ မလျှော့သတိနဲ့လည်း နေကြပါတဲ့ဗျာ .. ဟုတ်ပါတယ် .. အများပြောနေကြ မစ္ဆိမပဋိပဒါ ဆိုသလိုပဲ မယုတ်မလွန် ကျင့်ကြံကြပါတဲ့ဗျာ .. ဒီတော့ အားလုံးသော သူငယ်ချင်းများ ဒီ မိုးဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိုးအရသာထက် ဘဝ အရသာကို ရရှိပါစေလို့ ဆန္ဒပြုရင်း ဒီနေရာမှာပဲ ရပ်ပါသည် ..။ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ …. ။

ဘာနေ

၈ရက် .မေ . ၂၀၁၁

Advertisements

2 thoughts on “မိုး

  1. So lovely article it is!
    For me ,rain can support us ,all human beings,for some extent.
    We may differ our feelings when it rains.
    For me,I love rains ,i prefer heavily raining,cos’ it can gives me freshment,cool,and pleasant
    and peaceful for a moment.
    Yes,Just a moment of raining!
    But ,I wish …..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s