သူငယ်ချင်းထံသို့ ပေးစာ

သူငယ်ချင်း … နေကောင်းရဲ့လားနော်… ဒို့တတွေ မတွေ့ဆုံတဲ့ အချိန်တွေမှာ .. တစ်ယောက်ကို တစ်ယောက် သတိရနေမယ်ဆိုတာ ဒို့တတွေ သိနေတယ် .. ဘာလို့သိလဲဆိုရင် .. ကိုယ်ကိုယ်တိုင်က ကို သတိရနေလိုပေါ့ .. သူငယ်ချင်းရယ်…. အချိန်တွေ နေရာတွေ ရည်ရွယ်ချက်တွေ ကွဲပြားလို့ တို့တတွေ အမြဲတစေ မရှိခဲ့တာကိုတော့ နားလည်ပေးရမှာပေါ့ သူငယ်ချင်းရယ် ..  ဟုတ်တယ်နော်. ..

သူငယ်ချင်း .. တခါတခါဆို .. စကားလက်ဆုံကျ မိကြတဲ့ တို့တတွေရဲ့ အချိန်လေးတွေကို . သူငယ်ချင်းနဲ့ မတွေ့ရတဲ့ အချိန်တွေမှာ ပြန်လွမ်းနေမိတယ် . နောက်ထပ်လည်း စကားလက်ဆုံကျချင်ပါသေးတယ် . အဲ့ဒီအချိန်မှာ .. ငါပြောချင်တာတွေကို ပြောချင်နေမိတယ်သူငယ်ချင်း .. မင်း နားထောင်ပေးနော် .. ဒို့တတွေဟာ တလမ်းထဲသောလမ်း တချိန်တည်းတော့ ဒီကာလ ရှူသွင်းတဲ့ ဒီလေတွေနဲ့ ဒီကမ္ဘာပေါ်မှာ တမြေထဲနေ တစ်ရေထဲ သောက်တွေပါ .. ။ သူငယ်ချင်းကို ပြောချင်တာတွေ ရှိနေလို့ ဒီစာ ရေးလိုက်တာနော် .. ။

နေ့တွေဟာ အသိတွေထဲမှာတင် ကုန်ဆုံးနေတာမဟုတ်ဘူးနော် တကယ်လက်တွေမှာ ကုန်ဆုံးနေတာပါ အချိန်တွေကလည်းအဲ့လိုပဲ ဒို့တတွေ မသိလိုက် မသိဘာသာ နေရင်း ကုန်ဆုံးနေတာမို့ . အချိန်တွေကို လေးစားတဲ့ စိတ်ကလေး မွေးမြူပါအုံး သူငယ်ချင်းရယ် ဘာလို့လဲဆိုရင် ဒို့တတွေဟာ အချိန်ကို လက်တွေ့မှာ တန်ဖိုးထားမှု နည်းနေတယ်လေ .. လက်တွေ့ပြရမယ်ဆိုရင် ငါကိုယ်တိုင်လည်းပါတယ် သူငယ်ချင်း …

သူငယ်ချင်း စာတွေလည်းဖတ်ပါနော် . စာဖတ်ခြင်းတွေမှာ အသိဥာဏ်တွေပါတယ်ဟ .အသိဥာဏ်ဆိုတာက ဘဝကို ထုဆစ်တဲ့ ကိရိယာ တစ်ခုလိုပဲ အသုံးဝင်တယ်လေ .. သူငယ်ချင်းရဲ့ ပတ်ဝန်းကျင်ကိုကြည့်ကြည့်ပါ စာဖတ်တဲ့သူနဲ့ မဖတ်တဲ့သူ အသိတွေကွာခြားတာလေ .. စကားပြောတာတွေမှာတောင် သိသာတယ်လေ ငါက ငါ့သူငယ်ချင်းကို ခံညား တည်ကြည်တဲ့ သူတစ်ယောက် ဖြစ်စေချင်တာပါ သူငယ်ချင်းရယ် .

သူငယ်ချင်းရယ် လူတွေနဲ့ သင့်မြတ်အောင်နေနော် .. လူတွေမှာ သက်ရောက်မှုတွေနဲ့ ကြီးပြင်းကြတာမို့ပါ လူတွေနဲ့ ဆက်ဆံရာမှာ ကိုယ်ကချည်းပဲ စကားတွေလည်း အရမ်းကြီး မပြောနဲ့နော် ဘာလို့လဲဆို သူတို့လည်း ပြောချင်နေရှာမယ်လေ .. ကိုယ်တောင် ကိုယ်ပြောတဲ့ စကားတဖက်သူ နားထောင်မှ ကြိုက်တာလေနော် ဒီတော့ သူငယ်ချင်းလည်း သူတို့ သဘောထားလေးတွေကို နားထောင် ပေးလိုက်ပါအုံး…နော်…

သူငယ်ချင်း ဒို့တတွေဟာ ခုလိုငယ်ရာကနေ ဖြစ်တည်လာတဲ့ သူငယ်ချင်းတွေမို့ အသက်ကြီးလို့ သေခါနီး နေဝင်ချိန်ထိတောင် ဒို့တတွေလက်တွေ ချိတ်ဆက်ထားကြမယ်နော် .. ငါ့လက်ကို ကမ်းပေးပါတယ် သူငယ်ချင်းရယ် နင်လိုအပ်တဲ့ အချိန် နင် အားယူဖို့ အတွက်  ငါ့လက်ကို လှမ်းဆွဲလိုက်ပါ . ငါ့လက်ကို တောင့်ထားလိုက်ပါ့မယ် သူငယ်ချင်း …

သူငယ်ချင်း . လူ့ဘဝကိုဘယ်လိုမြင်ထားလဲဟင်… ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ရမယ် ဆိုပြီး မြင်ထားလားသူငယ်ချင်း .. . ငါ့အထင်ပြောမယ်နော် . ပစ္စည်းဥစ္စာဆိုတာလေ နံပါတ်တစ်နေရာမှာ မရှိဘူး သူငယ်ချင်း … ဘာလို့လဲဆို ငါတို့တွေက သေမျိုးတွေမို့ပါ .. ဘယ်အချိန် သေသွားမယ်ဆိုတာ မသိရဘူးလေ .. ခုလိုအသက်ရှင်ချိန်မှာ ကိုယ့်စိတ်ကို သန့်နေအောင်ထားပါ သူငယ်ချင်းရယ် .. ဒါမှ သေခြင်းတရားနဲ့ မမျှော်လင့်ပဲ တိုးခဲ့ရင် မလုပ်ခဲ့ရလေခြင်းဆိုတဲ့ အပူတွေ နည်းသွားအောင်လို့ပါ သူငယ်ချင်းရယ် …

သူငယ်ချင်း တို့တတွေရဲ့ ဘဝတွေဟာ ကံကောင်းတယ်လို့ပဲ ဆိုချင်တယ်လေ . ဘာလို့လဲဆိုရင် သက်ရှိတွေထဲမှာ ကောင်းကျိုးတွေ အလုပ်နိုင်ဆုံးဟာ လူတွေပဲမို့လေ .. ဒါ့ကြောင့် မကောင်းတာကို မလုပ်မိပါစေနဲ့နော် .. နောက်ပြီး သတ္တဝါလေးတွေကိုလည်း ကြင်နာပါ သူငယ်ချင်းရယ် .. ကိုယ်တောင် ကိုယ့်အသက်ကို မြတ်နိုး သလို သူတို့လည်း သူ့တို့ အသက်ကို ချစ်ကြတာချည်းပဲ ..အဲ့လိုလေးတွေနဲ့  ဒို့တတွေရဲ့ တနေ့တာကို ကောင်းတာတွေလုပ်ရင်းပဲ ကုန်ဆုံးစေချင်တယ်သူငယ်ချင်း …

ကောင်းမှုတွေ ဆိုတာ ဘာတွေလဲလို့ မေးချင်နေမလားသူငယ်ချင်း … ကောင်းမှုတွေဆိုတာ အရာရာအပေါ် ထိခိုက်ခြင်းမရှိပဲ ကောင်းကျိုးကိုပဲ ဖြစ်စေတာလေ .. သူတပါး ကိုယ့်ကြောင့် ပျော်ရွှင်သွားတာမျိုးတွေပေါ့ .. နောက်ပြီး တဖက်အရာပေါ်မှာ မေတ္တာထားတတ်ပါစေသူငယ်ချင်း .. မေတ္တာဟာ တကယ်တော့ ထိရောက်ပါတယ် သူငယ်ချင်းရယ် တချို့သူတွေဟာ မေတ္တာငတ်မွတ်နေကြသူတွေ ဖြစ်နေကြတယ်သူငယ်ချင်း  ဒီတော့ မင်းတတ်နိုင်သမျှ ကြိုးစားပြီး ကောင်းမှုတွေပြုပါလို့ ပြောချင်တယ်လေ …

လူတွေရဲ့စိတ်တွေကို သတိထားကြည့်ပါသူငယ်ချင်း သတိထားကြည့်လာတဲ့ အခါမှာ သူတို့ ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာ သိနိုင်တယ်လေ အဲ့လိုမှ မကြည့်နိုင်ဘူး မသိနိုင်ဘူးဆိုရင်လည်း ကိုယ့်စိတ်ကို သတိထားကြည့်ပါ သူငယ်ချင်း ကိုယ်ဟာ ဘာတွေ ဖြစ်နေလဲဆိုတာကိုပေါ့နော် .. အဲ့ဒီကိုယ့်ကိုယ်ကို စောင့်ကြည့်သလို ဖြစ်နေတဲ့ သတိဟာ သူငယ်ချင်းအတွက် အစောင့်အရှောက်လိုပါပဲ …. အဲ့ဒီ သတိထားခြင်းဟာ သူငယ်ချင်းရဲ့ ဘဝခရီးလမ်းမှာ ကောင်းကျိုးတွေ ဖြစ်စေဖို့ လုပ်ဆောင်ပေးလိမ့်မယ်သူငယ်ချင်း…

လူတွေနဲ့ ဆက်ဆံတဲ့ အခါ နှလုံးသားကို လည်း အသုံးပြုပေးပါသူငယ်ချင်း.. ရိုးသားခြင်းဆိုတာဟာ တဖက်သားရဲ့ နှလုံးသားကို ထိုးဖောက်နိုင်တယ် ဆိုတာ မေ့မထားပါနဲ့နော် .. ဘယ်သူဘာဖြစ်ဖြစ် ရိုးသားမြဲ ရိုးသားလိုက်ပါ ထို့အတွက် ကမ္ဘာကြီးက ကူညီပေးပါလိမ့်မယ် သူငယ်ချင်း .ဇာတ်လမ်းတွေကို မင်းကြည့်ဖူးမယ်ထင်တယ်နော် ဇာတ်လမ်းတစ်ပုဒ်မှာ စိတ်ထားကောင်းတဲ့သူအတွက် ဇာတ်သိမ်းကောင်းပေးကြတယ်လေ ..ဒါဘာလို့ ကောင်းပေးရလဲဆိုရင် ခု တို့နေထိုင်တဲ့ ကမ္ဘာလောကကြီးက ကံ ကံရဲ့ အကျိုးအောက်မှာ အသက်ရှင်နေလို့ပါသူငယ်ချင်း …

ကံ ကံရဲ့ အကျိုးကို နားလည်မယ်ထင်ပါတယ်နော် လုပ်ရပ်တခုခုအတွက် အကျိုး သက်ရောက်မှု တစ်ခုခု ဖြစ်ပေါ်ခြင်းပါ .. ဒီတော့ ဒီလောကကို ဖြတ်သန်းရာမှာ မင်း ဘာမှ အားငယ်မနေပါနဲ့ နော် လောကကြီးက ဘက်မလိုက်တတ်ဘူး သူငယ်ချင်း .. အကယ်၍ ဘက်လိုက်တယ် ထင်ခဲ့ရင်လည်း မင်း အဲ့ဒီ အရာတွေကို ပေးဆပ်ဖို့ ရှိလို့ဆိုတာကို ထည့်စဉ်းစားလိုက်ပါသူငယ်ချင်း ..

သူငယ်ချင်းရယ် ငါ ပြောချင်တာတွေ ကျန်သေးတယ်နော် ဒီတော့ အလွမ်းပြေအနေနဲ့ ဒီလောက်ပဲ ရေးပါရစေနော် ပျော်ရွှင်ချမ်းမြေ့ပါစေ သူငယ်ချင်း … ငါဟာ နင့်အတွက် သတိရပေးနေတဲ့သူ တစ်ယောက်ဆိုတာ မေ့မထားပါနဲ့နော် .. ဘယ်အချိန်ဖြစ်ဖြစ် ငါ့လက်တစ်ဖက်က နင့်ဘေးမှာ အမြဲ ကမ်းကြိုနေတယ်ဆိုတာ ယုံကြည်ပါ သူငယ်ချင်း …

အရင်က ငါပို့လိုက်တဲ့ စာတွေ သူငယ်ချင်းဆီ မရောက်ဘူးဆို .. အဲ့ဒီအတွက် စိတ်မကောင်းပါဘူး သူငယ်ချင်းရယ်….. ငါ နင့်ဆီက ပြန်စာတွေ မျှော်ခဲ့ပါသေးတယ် ဒါပေမဲ့ ရောက်မလာဘူးလေ တကယ်တော့ ငါ လည်း လူသားမို့ ပြန်စာလေးတွေကို မျှော်နေမိတယ်လေ .. အရင်ကစာတွေ မရောက်ခဲ့ဘူးဆိုရင်လည်း ငါ မမျှော်တော့ပါဘူး ဒါပေမဲ့  သူငယ်ချင်းအခု  ဒီစာကိုဖတ်ဖြစ်ရင် စာပြန်ပေးပါနော် .. ငါ့မှာ နင့်လို သူငယ်ချင်း တစ်ယောက်ရှိတယ်ဆိုတာ ဂုဏ်ယူချင်လို့ပါ .

ဘာနေ

6.5.2011

Advertisements

6 thoughts on “သူငယ်ချင်းထံသို့ ပေးစာ

  1. Oh!Barnay
    My dear frd,thanks for sharing yr good attitude to me,a frd.I always talk about myself and don’t ask other people’s affair ,in fact,i am a self-centred person,i feel so shy of my bad action.Thanks a lot for yr warning my bad habits and sharing good attitude .I will try my best later.Honest?i had been honest to other people before ,but i was deceived by the liers,so i was afraid and i don’t dare to all,except my best frds.I value honesty and love it.Possessions! And property?I don’t value them because i know that they are not permanent.But ,now ,i have to work for these to support my family.In reality,i am not contented one,but not greedy one.so i am not happy to try to own them.
    I really wanna to stay peaceful with enough little money.but,i have no opportunity to stay as i like.I don’t forget my death will come one day.i always warn to myself,yes.
    Metta?I try to share my metta to all,even though they are my enemy,yes, i will share to all before i die.
    Sadness and depression?

  2. Oh!Barnay
    My dear frd,thanks for sharing yr good attitude to me,a frd.I always talk about myself and don’t ask other people’s affair ,in fact,i am a self-centred person,i feel so shy of my bad action.Thanks a lot for yr warning my bad habits and sharing good attitude .I will try my best later.Honest?i had been honest to other people before ,but i was deceived by the liers,so i was afraid and i don’t dare to all,except my best frds.I value honesty and love it.Possessions! And property?I don’t value them because i know that they are not permanent.But ,now ,i have to work for these to support my family.In reality,i am not contented one,but not greedy one.so i am not happy to try to own them.
    I really wanna to stay peaceful with enough little money.but,i have no opportunity to stay as i like.I don’t forget my death will come one day.i always warn to myself,yes.
    Metta?I try to share my metta to all,even though they are my enemy,yes, i will share to all before i die.
    Sadness and depression?yes,i have sometimes.At that time i really need someone or frd
    who really understands me and care me.Thanks for encouraging to me.Thanks again for yr kindness.
    I regard you as my best friend and true friend as a bosom friend.I really need yr kindness and care ,encouragement.That’s like a medicine to be alive for more years in life.Essential thing i really need.Until i grew up,i will hand yr hand tightly and walk my life
    peacefully as good friends until my last breath.That’s my real attitude ,my dear friend.
    We are forever friends.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s