ဆေးလိပ်

ဆေးလိပ် ဆိုပြီးပြောလိုက်ရင် 70 ရာခိုင်နှုန်းသောသူတွေက “ကျန်းမာရေးအတွက် ဆိုးကျိုး”ဟုမြင်ကြမည်ထင်သည် .။ ကျန်လူများကတော့ “သောက်စရာ အဖြစ် မြင်မည် ၊ မိုးအေးလျှင် သောက်ကောင်းမည် ၊ အတွေးခေါင်လျှင် သောက်ကောင်းမည် ၊ ဆေးလိပ်ပြာလေး ချွေနေပြီး စတိုင်ထုတ်ရင်း တွေး နေတာ ပိုကောင်းမည် ၊ ဆေးလိပ်ကလေး လက်ကြားညှပ်ကာ စကားပြောရတာ လူကြီးလူကောင်းဆန်သည်ဟု တွေးမည် ၊ ဆေးလိပ်မသောက်တတ်ရင် လူမပီသ ဟုလည်း တွေးကြမည် ၊ ဆေးလိပ်သောက်တတ်မှ လူရာဝင်သည်ဟုလည်း တွေးကြမည် ၊” စသည်ဖြင့် အတွေးပေါင်းမြောက်များစွာဖြင့် ဆေးလိပ်ကို သောက်ကြသည်။

ဆေးလိပ်သည် .. မကောင်းဟု အများစု လက်ခံကြသည် ။ သို့သော် သောက်နေသူများက ဘာကြောင့် မကောင်းတာကိုသောက်သနည်း ဆိုသည်မှာ သိထားစရာဖြစ်သည် ။ ဆေးလိပ်ကို သောက်နေသူအများစုမှာ ဘာကြောင့် ဆေးလိပ်ကိုသောက်ချင်နေတယ် ဆိုတာကို သေချာ မသိကြပေ ။ တကယ်တော့ သောက်စ ရှိလျှင်  သောက်ချင်ချင်ဆိုသလိုပါပဲ ဆေးလိပ်ဟာ စွဲစေတဲ့ သတ္တိရှိပါတယ် ။ ဆေးလိပ်အတွင်းမှာ နီကိုတင်း ဓါတ်ဟာ လူရဲ့ အာရုံကြောကို လွှမ်းမိုးကာ စွဲသွားစေပါတယ် ။ အကျင့်လေးရလာတာနဲ့အမျှ ဖြတ်ရ ခက်လာလေလေပါ .။

“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်” ဟုသာ ကြော်ငြာနေသော်လည်း မည်သူမျှ မကြောက်လန့်ပါ . မြင်ပါများတော့ ရိုးသွားကြတာချည်းပါပဲ ။ ဘယ်လို ဆိုးရွားသလဲဆိုရင်တော့ အဆုတ်ကင်ဆာ တွေကို ဖြစ်စေပါတယ် .။ နောက် နှလုံးရောဂါပေါ့ဗျာ .။ ဘယ်လိုကြောင့် နှလုံးရောဂါ ရနိုင်သလဲဆိုရင် … ဆေးလိပ်သောက်တဲ့ အခါမှာ ဆေးလိပ်ငွေ့တွေဟာ သာမန်ရှူသွင်းရမဲ့ အောက်ဆီဂျင်အစား အဆုတ်ထဲကို ရောက်သွားပါတယ် .. ။ အဆုတ်ဟာ ခန္ဓာကိုယ် မှာ လည်ပတ်နေတဲ့ သွေးတွေကို သန့်ပေးတဲ့ နေရာ တစ်ခုပါ ။ သူဟာ သူ့ ဆဲလ်ခွက်ကလေးတွေကနေ အောက်ဆီဂျင်ကိုယူပြီး နှလုံးကနေ ညှစ်ထုတ်လိုက်တဲ့ သွေးတွေကို သန့်ပေးပါတယ် ပြီးရင် နှလုံးကို ပြန်ပို့ပေးပါတယ် ထိုမှ နှလုံးက ထိုသွေးကို ခန္ဓာကိုယ်တစ်လျှောက် ပြန် ဖြတ့်ပေးပါတယ် ။ ဒီလိုနဲ့ ခန္ဓာကိုယ်တလျှောက်က သွေးတွေဟာ နှလုံးဆီလာ နှလုံးကနေ ညှစ်ထုတ် အဆုတ်ထဲကိုဝင် နဲ့ လှည့်ပတ်နေတာပါ ။ အဆုတ်မှာ အောက်ဆီဂျင်နည်းလေ သွေးသန့်မှု အားနည်းလေပါပဲ ။

အဆုတ်က ဆေးလိပ်ငွေတွေကို ရှူ . ထိုမှ ဆေးလိပ်မှာပါတဲ့ ဆေးချေးတွေက အဆုတ်မှာကပ်နေပြီး လုပ်ဆောင်မှုတွေကို ပျက်စီးစေပါတယ် သွေးကလပ်စီးတွေပျက်စီးပြီး လည်ပတ်မှု ပုံမှန်မဖြစ်တော့တဲ့ အခါ အတွင်းပိုင်းဖြင့် ထောက်ပံ့ထားသော အပြင်ပိုင်းသည်လည်း ပုံမှန် မဖြစ်လာနိုင်တော့ပါ . ထိုမှ ရောဂါ ဟု သက်ရောက်စေပါတယ် ။

ဆေးလိပ်သောက်တဲ့နေရာမှာ ဆေးလိပ်ဟာ သောက်တဲ့သူကိုပဲ ကျန်းမာရေးထိခိုက်စေတာမဟုတ်ပါဘူး . ထိုသောက်သူရဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်သူမှာရော ပဲ ထိခိုက်စေပါတယ် ။ အထူးသဖြင့် မိမိသည် ဆေးလိပ်သောက်သည်ရှိသော် လူထူရာတွင် မသောက် ခြင်း ၊ အခန်းလုံနေတဲ့ အထဲတွင် မသောက်ခြင်း ၊ စသည် သူတပါးကို မထိခိုက်အောင် သောင့်သင့်ပါတယ် ။ တချို့ ရှိပါတယ် ဆေးလိပ်သောက်တာကိုပဲ ဟန်တပပ နဲ့ ကိုယ့်လုပ်ရပ်ကို ကောင်းတယ်ထင်နေကြတာရှိကြပါတယ် ။ ကျနော်ဆို အနားမှာ ဆေးလိပ်သောက်တဲ့သူရှိရင် ထိုသူနဲ့ ဝေးတဲ့ဘက် ထွက်သွားချင်စိတ် ဖြစ်မိပါတယ် ။ မတတ်သာရင်တောင် ဆေးလိပ်ငွေ့ တွေ ကိုယ့်အသက်ရှူချက်တွေမှာ ပါမသွားအောင် ဂရုပြုပါတယ် ။

အိပ်ယာဝင်ခါနီး ကိုယ့်အခန်းထဲမှာ ဆေးလိပ်ငွေ့ ရောက်နေရင် အိပ်ရတာ ဘဝင်မခိုက်ပါဘူး ။ ထိုသောက်တဲ့သူကိုလည်း ကိုယ်က အပြစ်ပုံစံမြင်နေမိပါတယ် ။ လူတွေက ကိုယ်သောက်ချင်လို့သောက်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ အသိဥာဏ် နက်နဲမှု မရှိကြပါဘူး ။ လူထူထူလည်း သောက်တာပဲ ။ ဆေးလိပ်မသောက်တဲ့သူတွေကြားမှာဆိုရင်ဖြင့် လုံးဝကို မသောက်သင့်တာပါ ။ တဖက်လူက အားနာလို့ မပြောတာကို အဟုတ်ထင်ပြီး ဟန်လုပ်ချင်တတ်ကြပါတယ် ။

လူတစ်ယောက် ပီသချင်တယ်ဆိုရင် မိမိဘဝမှာ ကောင်းတာကိုပဲ လုပ်မှ ပီသပါမယ် ။ ဖြတ်သန်းနေရတဲ့ နိစ္စဓူဝ တနေ့တာမှာ အကောင်း အဆိုးဆိုတာတွေက ရောနေတာပါ ။ ရွေးချယ်ခွင်က မိမိဆီမှာပါ . လူ့တန်ဖိုးကို အလေးဂရုပြုတဲ့သူ တစ်ယောက်ဆိုရင် မိမိလုပ်ရပ်တွေကို ကောင်းကျိုးအဖြစ်သာ ပုံဖော်စေချင်ပါတယ် ။ လူတိုင်းက လတ်တလော အကျိုးကိုပဲ ကြည့်တတ်ကြပါတယ်။ တပ်ာတော့ ရေရှည်တဘဝလုံးစာအတွက် ဂရုပြုသင့်ပါတယ် ။

ဒီဆေးလိပ် ဆိုတဲ့ အရာဟာ ကောင်းကျိုးတခုမှ မပေးပါဘူး ။ ဆေးလိပ်သောက် တယ်ဆိုရင် ပထမဆုံး ဆေးလိပ်ဝယ်ရပါမယ် ထို့အတွက် ပိုက်ဆံကုန်ပါမယ် ။ ထိုနောက် သောက်ပါတယ် သောက်တော့ ဆေးလိပ်နံ့ နံပါတယ် တခြားသူ အတွက် အနှောက်အယှက်ဖြစ်စေပါတယ် ။ နောက် မိမိကျန်းမာရေး ဆုံးရှုံးစေပါတယ် ။ နောက်ပိုင်း ကုသခြင်း တွေ ခံစားရခြင်းတွေ ဖြစ်လာရင်တော့ သောက စိတ်ဖိစီးမှုကိုပါ ခံစားလာရပါမယ် ။ ဒီလိုနဲ့ အဆုံးသတ်တာကိုပဲ ဆေးလိပ်သောက်တဲ့ လူတိုင်း အလေးမထားကြပါဘူး ။ ခုမဖြစ်လို့ နောင်လဲ မဖြစ်ပါဘူးဆိုတဲ့ မသိမှုစိတ်က ဦးစီးနေလို့ လို့ ဆိုချင်မိပါတယ် ။

အသိဥာဏ်ရှိတဲ့ သူ တစ်ယောက်ဆိုရင်ဖြင့် မိမိကိုယ်ကိုမိမိ ပိုင်းခြားနိုင်ပါတယ် ။

လူသားတွေ အတွက် နေထိုင်ဖို့ အဆင်ပြေရန် ကမ္ဘာကြီးက တာဝန်ထမ်းဆောင်နေချိန်မှာ မိမိကလည်း မိမိတာဝန် ကျေပွန်နေပါစေ ။

ဘာနေ

2.5.2011

Advertisements

2 thoughts on “ဆေးလိပ်

  1. ကောင်းမှုနဲ့မကောင်းမှုမှာ မကောင်းမှုကစွဲလန်းဖို့လွယ်ပါတယ်။ စွဲလန်းသွားပြီဆို မကောင်းမှန်းသိရက် စွန့်လွှတ်ဖို့ခက်နေတတ်ပါတယ် ။ ဒါကိုက လူသဘာဝပဲနေမှာပါ ။ ဆေးလိပ်ဖြတ်မှ ကျန်းမှာရေးကောင်း
    မယ်မှန်းသိရက်နဲ့ အသေခံပြီးဆေးလိပ်သောက်သွားသူတွေများပါတယ် ။ ကွမ်း/အရက်သမားတွေအပါ
    အ၀င်ပေါ့ ။ ကောင်းကျိုးမပြုမှန်းသိရက် မစွန့်လွှတ်နိုင်တာ ဤ comment ရေးသူအပါအ၀င်ပါ။
    ဒါကိုက လူတော်တော်များများရဲ့ဥာဉ်လို့ပဲပြောရင်ရမလား ။ ကျေးဇူး။

    1. ဟုတ်ကဲ့ မိတ်ဆွေကြီး .. လူတွေရဲ့ စိတ်ကကိုပဲ သာမန်အားဖြင့် မကောင်းတာမှာ မွေ့လျှော်လွယ်တယ်လေ .. ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s