လမ်း

သွားနေသောလမ်းသည်

လူတိုင်းလမ်းတွေ လျှောက်နေကြတယ် . ဒါပေမဲ့ ဘယ်လိုလမ်းများလည်း ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲသိကြတယ် . သို့သော် လမ်းကောင်းလမ်းဆိုး ဆိုတာတွေ ကွဲပြားနေကြပြန်ရော ဘယ်လမ်းသည် အဆိုး…..ဘယ်လမ်းသည် အကောင်း….ဆိုတာတွေကို ခွဲခြားတတ်ဖို့ လိုနေပြန်ပါတယ် တချို့လည်း မသိတာလည်း ရှိတယ် တချို့က သိတယ် ဒါပေမဲ့ သိသိနဲ့ လုပ်နေကြတယ် . တချို့ကျပြန်တော့လည်း အကုန်သိပြီး ဖြစ်နေတယ် လက်တွေ့ တကယ်မှာတော့ အကြောင်းပြချက်တွေနဲ့ သူတို့ မလွန်ဆန်နိုင်ကြဘူး ။

ဘယ်သူ့ကြောင့် မို့ . ဘယ်လိုအချိန်မို့ . ဒီခေတ်အကြောင်း မင်းသိလိုက်သားနဲ့ .. စသဖြင့် ဆင်ခြေတွေကို မရမက ရှာကြံတတ်တယ်  ခုခေတ်က ငတ်ပြတ်နေတာ ဒါမျိုးမလုပ်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး ဆိုပြီး ပြောတတ်သူတွေလည်းရှိကြပြန်ရော … တကယ်တော့ မိမိလူ့ဘဝ မှာ ဖြတ်သန်းစဉ် တလျှောက် လမ်းများကို ရွေးချယ်လို့ရပြန်ပါတယ် ချောတာ ကြမ်းတာ မဆိုလိုပါ ဒါပေမဲ့ ဒီလမ်းက ဘယ်သို့သွားတယ် ဟိုလမ်းက တနေရာကို သွားတယ် စသဖြင့် သိရှိပြီး လျှောက်လှမ်းဖို့လိုပါတယ် . အကယ်၍ ကိုယ်လျှောက်နေပြီး နောက်ဆုံးလမ်းဆုံးကို ရောက်သွားတဲ့ အချိန်မှာ ကိုယ်လိုချင်တာမဟုတ်တဲ့ အရာများက စောင့်နေမယ်ဆိုရင် ကိုယ့်အတွက် ဝမ်းနည်းခြင်း နောင်တမှ အပ တခြား ရှိတော့မည်မဟုတ်ပါ .။

လူတိုင်း လူတိုင်း ကိုရွေးချယ်လိုက်တဲ့ လမ်းဟာ သာယာဝပြောမှု ဘယ်အချိန်ကြည့်ကြည့် မှန်ကန်မှု နဲ့ ပီတိ အမြဲ ရှိနေကြချင်တာပါ ။ ယခုကတည်းကတိုင် ကိုယ့်လျှောက်တဲလမ်းက ဘယ်ကို ဦးတည်တယ်ဆိုတာကို ဝေဝေဝါးဝါး ဖြစ်နေရင်တော့ သတိထားစရာပါ ။ ဘာဆိုတာကိုလည်းသိဖို့လိုပါတယ် ။ ထိုလမ်းအတွက် ရှု့ထောင့်ပေါင်းစုံကနေကြည့်ကြည့်ပါ ။ တခြားလမ်းတွေကိုလည်း လိုက်ကြည့်ပါ ။ ကိုယ်သွားတဲ့လမ်းနဲ့ ယှဉ်ကြည့်ပါ .. တခါတခါမှာ တခြားလမ်းတွေက ကိုယ်လိုချင်တဲ့ နေရာကိုရောက်အောင် သွားနိုင်တဲ့ လမ်းများလည်း ဖြစ်တတ်လို့ပါ ။ သို့သော် မသေချာတဲ့ လမ်းဆိုရင်တော့ ပြောင်းလဲဖို့လိုပါပြီ ..။ ကျွန်နုပ်လူသားတစ်ယောက်အနေနဲ့ အားလုံးကို အသေအချာပြောချင်ပါတယ် . လမ်းမှန်ဖြစ်ဖို့အရေး ပြောင်းလည်းသင့်တဲ့ အရာပါ လို့ ဆိုချင်ပါတယ် ။

လမ်းများဟာ အတုအယောင်အဖြစ်လည်းရှိတတ်ပါတယ် ။ လတ်တလော အဆင်ပြေမှုများဖြင့်လည်း ရှိနေတတ်ပြန်ပါတယ် ။ လွယ်ကူတဲ့ လမ်းများလည်း ဖြစ်တတ်ပါတယ် ။ ဖုန်နေတဲ့ လမ်းတွေကို သတိထားပါ ဘာလို့လဲဆိုရင် လူတွေဟာ အလွယ်ကို ကြိုက်တတ်ကြလို့ပါ ။ အလွယ်ကြိုက်တဲ့ သူများတော့ သူတို့သွားတဲ့ လမ်းတွေဟာ ဖုန်နေတတ်ပါတယ် (အသွားများသဖြင့် လမ်းဟာ ထင်ထင်ရှားရှားရှိသည်) ။ မိမိဥာဏ်ပညာ သတိ တို့ဖြင့်သာ မိမိကိုယ်ကို ကွပ်ကဲပါ မိမိသည် မည်သည့်အရာများကိုနှစ်သက်သလဲဆိုတာကိုလည်း အသေအချာ မေးကြည့်ပါ ။ ထိုမှ မိမိမြတ်နိုးတဲ့ လမ်းကို ရဲရဲ လျှောက်ပါ ။

ကျွန်ုပ်တို့ တတွေသည် ယခု လူ့ဘဝကို ရနေ၏ . ထို့အတွက် ကံကောင်း၏ . ဘာကြောင့်လည်း ဆိုရင် ယခု ကျနော် ရေးနေသောစာကို သင်ဖတ်တတ်၏ ထိုစာသည် မည်သို့ ရှိသည်ကိုလည်း သင်တွေးတတ်၏ . သင့်စိတ်မှာ အမှားအမှန်ကိုခွဲခြားတတ်တဲ့ စိတ်လည်း ရှိ၏ .. မိမိစိတ်တွင်လည်း ဖြူစင် သန့်ရှင်းနေအောင် ထားလို့ရ၏ . ထို့အပြင် အများအကျိုးကိုလည်း ရွက်ဆောင်နိုင်၏ . ထို့ ကြောင့် မွန်မြတ်၏ . ထိုသို့ ကောင်းသောအလုပ်များကို လုပ်ရ လို့ ကံကောင်း၏ .. သို့သော် ကျွန်ုပ်တို့ ယခု ဖြတ်သန်းနေသောလမ်းကို နောက်တကြိမ် ဖြတ်သန်းရမည်မှာ မသေချာ မရေရာပါ . ဖြတ်သန်းချင်မှ ဖြတ်သန်းရမည် ။ ကိုယ်လုပ်ခဲ့သော ကံများကြောင့် ဒီ့ထက်ဆိုးဘဝများလည်း ပိုင်ဆိုင်ရချင် ရမည် ။ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့် ယခု ရရှိနေတဲ့ ဘဝလမ်းမှာ ကောင်းရာသို့သွားသောလမ်းနှင့် မကောင်းရာသို့ သွားသောလမ်းများကို ရွေးချယ်ပိုင်ခွင့် ရှိသည်။ ထို့အတွက် ယခုဘဝသည် တန်ဖိုးထားစရာ ဘဝတစ်ခုဖြစ်ပါသည်။

အမှားကင်းခြင်းထက် အမှန်ဖြင့် နေရသော ဘဝသည် ပိုကောင်း၏ ။

မည်သည့်လမ်းသည် မှန်သည်ဟု သိခြင်းထက် ထိုမှန်သောလမ်းကို လျှောက်ခြင်းသည် ပိုကောင်း၏။

အတွေးကောင်းကို ကြံရွယ်နေခြင်းထက် ထိုအတွေးကိုလက်တွေ့လုပ်ခြင်းက ပိုကောင်း၏။

မိမိစိတ်၏ တည်ငြိမ်မှု မရရှိသေးသ၍ အေးချမ်းမှုဆိုသည်မှာ ဝေးနေအုံးမည်ဖြစ်ပါသည် ။

ပျားရည်သည် ချိုသည်ဟု ပြောတာကြားရခြင်းထက် အရသာခံကြည့်ခြင်းက ပိုပြီး သိသာ ထင်ရှားပါမည် ။

ဘဝတခုအတွင်း နေဝင်သည် နေထွက်သည်ဟု ထပ်တူညီနေများ သာ ဖြစ်သည်ဟု မယူဆပါနှင် မနေ့နှင့် ဒီနေ့ ထပ်တူမညီပါ ။ နောက်တနေသည်လည်းထိုသို့ပင် ။ ဒီလိုနဲ့ အတက်အဆင်းများပြီးဆုံး၍ လမ်းများလည်း ဆုံးသွားကြတာ ဓမ္မတာပင်ဖြစ်ပါသည်။

ရှင်သန်နေစဉ်အတွင်း သင့်ဦးနှောက်နဲ့ အသိဥာဏ်ကို လွတ်လပ်စွာ အသုံးချပါ ။ နေဝင်ချိန်ရောက်တဲ့ အခါ သင့်မျက်နှာပေါ်မှာ ကျေနပ်မှုတစ်ခု လှလှပပ ပြုံးနေပါလိမ့်မယ် ။

ဘာနေ

8-4-2011

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s