မွေးရပ်မြေ

မွေးရပ်မြေကို လူတိုင်း မချစ်တဲ့သူ မရှိကြပါဘူး ။ ဘယ်လောက်ပဲ အခြေအနေတွေ ပြောင်းလဲနေပါစေ ကိုယ့် မွေးရပ်မြေကိုတော့ သတိရမြဲ တမ်းတမြဲပါ ။ အချိန်တွေကြာလာလေလေ ပိုသတိရလာလေလေ . ခွဲခွါရတာကြာလာလေလေ တမ်းတစိတ်တွေက ပြင်းပြလေလေပါပဲ အများအားဖြင့် တယောက်တည်း တွေးနေတဲ့ အချိန်တွေပေါ့ …။

ကျနော်လည်း သတိရလို့ Google earth ကနေ မွေးရပ်မြေကို satellite ပုံတွေဖြင့် လွမ်းခြွေနေရတာပါ ။ အရင်က လျှောက်ခဲဖူးတဲ့ လမ်းလေးတွေ အရင် သွားခဲ့ဖူးတဲ့ နေရာလေးတွေ အရင်က ရောက်ခဲ့ဖူးတဲ့ နေရာလေးတွေကို ကြည့်ရင်း ဟိုးငယ်ငယ်က ဘဝလေးကို ပြန်ပြီး စိတ်ညွတ်သွားမိတယ် ။ ဒီအောက်ဘက်က ပုံလေးကတော့ ရွာရဲ့ ပေါ်စီးက မြင်ကွင်းလေးပါ ။ အိမ်ခြေအားဖြင့် ငယ်ငယ်ကနေ ယခုထက်ထိတိုင် 150 ထက် မပိုသေးဘူးလို့ ယူဆမိပါတယ် ဘာလို့လဲ ဆိုရင် ငယ်ငယ်ကရှိခဲ့တဲ့  ရွာစည်းရိုးရဲ့ အကျယ်ထက် မပိုသေးလို့ပါ ။

အဲ့ဒါ ငယ်ငယ်က ဆော့ကစားခဲ့တဲ့ ရွာလေး ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့ ရွာလေး . ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တဲ့ ရွာလေး . ငယ်ငယ်က စိတ်ကူးတွေ တသီကြီး ယဉ်ခဲ့တာ အဲ့ဒီရွာလေးမှာပေါ့ .. ။ ရွာလေးမှာ မူလတန်းကျောင်း ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိပါတယ် .. ငယ်ငယ်က အဲ့ဒီကျောင်းတွေကိုရောက်ရင် စိတ်ထဲက ရိုသေမှုကြောင်လား မသိ အေးချမ်းနေမိတာအမှန်ပါပဲ ။ မြေပုံထဲကလိုပဲ  ရွာရဲ့ အရှ့ဘက် မှာ မြစ်တခုရှိတယ် အဲဒီမြစ်ကတော့ ဧရာဝတီရဲ့ မြစ်ခွဲလို့ ခေါ်မယ် ထင်တာ . ဧရာဝတီမြစ်နဲ့ ထိုမြစ်ချောင်းက ပေါင်းစည်းနေပြီး  အလယ်မှာ ကျွန်းတစ်ကျွန်းက တည်နေလို့ .ထိုမြစ်ကို ကိုလည်း ဧရာဝတီမြစ်လို့ပဲ ခေါ်ရမယ် ထင်ပါတယ် ။

အဲ့ဒီမှာ အကြီးဆုံး မြစ်ကတော့ ဧရာဝတီပါပဲ..  ရွာနဲ့ ကပ်လျှက်ရှိတဲ့  မြစ်ကလေးကတော့ အမြဲလိုလို ဆော့ကစား ရေချိုး ဖြစ်တဲ့ မြစ်ကလေးပါ  ။ ကျနော်တို့နေရာက မြေပြန်လွင်ပြင်သဘောမျိုးမို့ တခြားအရပ်တွေလို တောင်ကုန်း တောင်တန်းတွေ မရှိဘူး ။ တကယ်တန်း ကျနော့စိတ်ကတော့ တောင်ကုန်းတောင်တန်းတွေကို မြင်ရင် နှစ်သက်မိတယ် တမေ့တမောကြည့်မိတတ်တယ်…. ဒါပေမဲ့ ဘာတောင်ကုန်းတောင်တန်းမှ မရှိတဲ့ မွေးရပ်မြေရွာလေးကိုတော့  အရမ်းကို ချစ်တယ် တွယ်တာမိတယ် ။ ဒီရွာလေးက မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်မှာ ရှိတယ်လို့ ဆိုချင်တယ်ဗျာ ။ ဘာလို့လဲဆိုရင် မကွေးတိုင်းထဲကမို့ပါ မကွေးမြို့နဲ့လည်း နီးတယ် .လေ . လာလည်လို့ရတယ် .. 😛 ။

ဒါကတော့ မြေပုံကို အကျဉ်းချုံးကြည့်လိုက်တာပါ … ။

ဘာပဲဖြစ်ဖြစ် မင်းကို ချစ်မယ်ဆိုသလိုပဲ 😛 😛  ထိုမွေးရပ်မြေရွာလေးကို ချစ်နေမှာပါ။ ငယ်ငယ်ကဆိုရင် ထိုရွာလေးမှာ ကျောင်းနေခဲ့ရ . ကျောင်ပိတ်ပြန်တော့လည်း နွားကျောင်းသား ထပ်ဖြစ်ခဲ့ရနဲ့ သတိရစရာ အမှတ်ရစရာတွေ ရှိနေခဲ့ပြန်တော့ ကျေးဇူးလည်း တင်မိပြန်ပါတယ် ။

ထို့အတွက် ရွာလေးကို ပြောချင်နေမိတယ် ။ တကူးတက ကျေးဇူးဆပ်ခွင့် မရှိခဲ့ရင်တောင်  ရွာလေးရေ .. ငါလုပ်နိုင်သမျှ ကောင်းမှုတွေကို မင်းအတွက် မျှဝေပေးပါတယ်နော် … ငါရသလို မင်းလည်း ရပါစေလို့ တောင်းဆုပြုရင်း ငြိမ်းချမ်းပါစေ .. ရွာကလေးရေ …. ။

နှစ်သက်မြတ်နိုးတန်ဖိုးထားခြင်းနှင့်အတူ လေပြေတွေကို နမ်းရှိုက်မိတိုင်း သတိရတမ်းတ လွမ်းဆွတ်မိတယ် နော် ……။

ဘာနေ

31.3.2011

Advertisements

4 thoughts on “မွေးရပ်မြေ

  1. မကွေးတိုင်းဘယ်မြို့နယ်ကလဲ။
    ကျွန်မလည်းမကွေးတိုင်း(ယော)ကမို့လို့ပါ။

  2. ဟုတ်ကဲ့ .. ကျနော် မကွေးတိုင်း ပွင့်ဖြူနယ်သားပါ ။ သူငယ်ချင်းကလည်း မကွေးတိုင်းထဲကဆိုတော့ တနယ်ထဲသား အဖြစ် ခင်မင်မိပါတယ် ။

  3. ကျွန်တော်လဲမကွေးတိုင်းထဲကပါပဲခင်ဗျာ

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s