နှစ်သက်တတ်ခြင်း

နှစ်သက်တတ်ခြင်း

တွေ့နေကြ အရာအားလုံးကို မိမိစိတ်မှာ အလွယ်တကူနှစ်သက်တတ်ဖို့ဆိုတာ မလွယ်ကူပါဘူး ။ ဘာလို့မလွယ်ကူလဲဆိုရင် လူ့စိတ်က အစိုးမရ ဟိုပြေး ဒီပြေး ဖြစ်တတ်တဲ့သဘောကြောင့်ပါ ။ ကျနော်တို့ နေ့စဉ် စိတ်ညစ်စရာ စိတ်ပျက်စရာများနဲ့ ကြုံတွေ့ရတတ်ပါတယ် ။ စိတ်ထဲမှာ အကောင်းဖြစ်ချင်လည်းဖြစ်မယ် အဆိုးဖြစ်ချင်လည်းဖြစ်မယ် ကိုယ်တတ်နိုင်တဲ့ သဘောထားများနဲ့ တုန့်ပြန်တတ်ကြတာပါ။

ကိုယ်ကိုယ်တိုင် စိတ်အတွင်းမှာ ဒေါသ သို့မဟုတ် တခုခု  ဖြစ်နေတဲ့ အချိန်မှာ  တခြားသောအာရုံကို စိတ်က ပြောင်းသင့်တယ်လို့ သိနေသိတိုင် ပြောင်းနိုင်ဖို့ ခဲယဉ်းပါတယ် ။ ဒေါသ ဖြစ်နေချိန်မှာ မိမိကိုယ်ကို ငါဒေါသ ဖြစ်နေပါ့ရော ဆိုပြီး သတိမမူမိတဲ့သူက ဘယ်တော့မှ ဒေါသကို ထိန်းနိုင်မှာ မဟုတ်ပါဘူး ။ ဒေါသ ဖြစ်နေချိန်မှာ ဒေါသဆိုတာကို သတိနဲ့ မြင်နိုင်ဖို့လိုပါတယ် ။ မိမိဒေါသ ကို မိမိသိလိုက်ချိန်မှာ ထိန်းတဲ့စိတ်ပါ တခါတည်းပါသွားပြီးသားပါ ။

ကိုယ့်ကိုယ်ကို သတိထားပြီး ထိန်းတဲ့ အလေ့အကျင့်လေး များလာရင် ထိုသူရဲ့ စရိုက်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ် ။ သဘောထားတွေကလည်း ပြောင်းလာပါမယ် ထို့နောက် ဗီဇအဖြစ်ပါ ရောက်ရှိသွားနိုင်ပါတယ် ။ ထိုသို့ပြောင်းလဲ ခြင်းတွေကို ဖြစ်စေမဲ့ တခြားနည်းလမ်းတစ်ခုကိုလည်း သိစေချင်ပါတယ်။ ထိုနည်းကတော့ နှစ်သက်တတ်ခြင်းပါ ။

နှစ်သက်တတ်ခြင်းဆိုရာမှာ မိမိစိတ်အိမ်အတွင်း သတိထားပြီး ပြောင်းလဲခြင်းပါ။ နေ့စဉ်ကြံတွေ့နေကြ ဖြစ်တဲ့ နိစ္စဓူဝ တွေမှာ သာမန် ပြုမူလုပ်ဆောင်ခြင်း တုန့်ပြန်ခြင်းများဖြင့်သာ ပြီးစီးစေခဲ့တာ များပါတယ် ။ မိမိရဲ့ လတ်တလောကာလ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေကြ အရာတွေကို နှစ်သက်စရာအဖြစ် မြင်ကြည့်ပေးဖို့ပါ ။ ထိုအရာဟာ ကောင်းတာလည်းဖြစ်ပါမည် ၊ ဆိုးတာလည်း ဖြစ်ချင်ဖြစ်ပါမည်။ မိမိအမြင်ကိုသာ နှစ်သက်စရာအဖြစ် မြင်ကြည့်ဖို့လိုပါသည်။

ထိုသို့ နှစ်သက်ခြင်း ဖြစ်လာပါက မိမိသည်ပင် ထူးဆန်းသော သူအဖြစ် မြင်လာသလို ထင်မိပါမည် ။ ဘာကြောင့်လည်းဆိုရင် လူမှု လောကကြီးထဲမျာ နှစ်သက်စရာအဖြစ် မြင်သူ အလွန်ရှားသောကြောင့်ပါ ။ အများစုက မိမိတို့ စိတ်အလိုများနှင့်သာ ယှဉ်ပြီး ခံစားချက်ကို ပိုင်းဖြတ်တတ်ကြတာချည်း ဖြစ်နေတာမို့ နှစ်သက်ခြင်း ဖြစ်ဖို့ ခဲ့ယဉ်းနေကြတာပါ ။

မိမိအမြင်က တဖက်သားအပေါ်မှာ နှစ်သက်ထားပါက တဖက်သားက မိမိကိုနှစ်သက်ခြင်း ဖြစ်လာမည်မှာ အသေချာပါ ။ ရိုးရှင်းတဲ့ နည်းလမ်းကို သုံးခြင်းဖြင့် ရှုပ်ထွေးခြင်းမှာလည်း ကင်းလွတ်စေပါတယ် ။

မိမိရဲ့ ယနေ့ ကိုတန်ဖိုးမထားခြင်းသည် မိမိဘဝကို တန်ဖိုးမထားခြင်းနှင့် အတူပင်ဖြစ်သည်။ ယခုဖြတ်သန်းနေတဲ့ အချိန်နာရီပိုင်းကို တန်ဖိုးမထားခြင်းသည် တနေ့တာကို တန်ဖိုးမထားခြင်း ဖြစ်မည် ။ ထိုကြောင့် ယခု မိမိပတ်ဝန်းကျင်လေးကို နှစ်သက်လိုက်ပါ .. ထို့အတွက် ကျွန်ုပ်မှလည်း သင့်ကိုနှစ်သက်မိပါသည် ။

 

24-3-2011

ဘာနေ

Advertisements

2 thoughts on “နှစ်သက်တတ်ခြင်း

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s