အမှိုက်

အသုံးမဝင်ရင် အမှိုက်ပဲ

အကျိုးမရှိတော့တဲ့အရာ အမှိုက်ပဲ

အရည်အသွေး ပျက်သွားတဲ့ အရာ အမှိုက်ပဲ ။

လမ်းဘေးမှာ အမှိုက်တွေ … အလှကြည့်ဖို့အတွက်မဟုတ်ဘူး ။ အိမ်ဝန်းထဲမှာ အမှိုက်တွေ အိမ်အတွက် သာယာဖို့ မဟုတ်ဘူး ။ ပတ်ဝန်းကျင်က လူတွေထဲမှာလည်း အမှိုက်တွေ … လူတွေကို အကျိုးပြုဖို့အတွက် မဟုတ်ဘူး ။ သင့်ခေါင်းထဲမှာလည်း အမှိုက်တွေ … ရှိချင်ရှိနေမှာ .. အဲ့ဒါသည်လည်း သင့်အတွက် အကျိုးပြုဖို့ မဟုတ်ဘူးဆိုတာ သိထားပါ ။

အမှိုက်တွေကို ကြည့်ရင်း အမှိုက်အကြောင်းတွေးမိရင်း အမှိုက်တွေရဲ့ သဘောသဘာဝကို ပုံဖော်ကြည့်မိတာပါ ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ မျက်မြင်တွေ့ရှိနေရတဲ့ အမှိုက်တွေ ဟာ  မြင်သူတွေကို စိတ်ရှုပ်စေပါတယ် နောက်ပြီး အမှိုက်ရှုပ်တဲ့သူတွေကိုလည်း အပစ်တင်ချင် တင်မိသွားပါလိမ့်မယ် ။ ဒါဖြစ်တတ်တာပါ .. တကယ်လည်း ဖြစ်ချင်ဖြစ်နေမှာပါ ။ ထို့အတူ ကျနော်တို့ခေါင်းထဲမှာလည်း အမှိုက်တွေ ရှိတာကို သတိထားမိသူ နည်းပါတယ် ။ ကိုယ့်အတွက် အကျိုးမပြုတဲ့ အတွေး ၊ အသုံးမဝင်တဲ့ အကျင့် တွေဟာ အမှိုက်တွေပါ ။ ဒါပေမဲ့ ကျနော်တို့ မလှဲဘူး မကျင်းဘူး  အဲ့ဒီအမှိုက်တွေထဲမှာပဲ ထိုင်နေကြတာများပါတယ် ။

စိတ်ရှုပ်လိုက်တာ ဆိုပြီး ညည်းနေပေမဲ့ အမှိုက်မရှင်းဘဲ ဘယ်လိုမှ စိတ်လည်း ရှင်းလင်းလာမှာ မဟုတ်ပါဘူး ။ အများစုက အမှိုက် မရှင်းတဲ့ အပြင် အမှိုက်တွေကို ထပ်ထပ် သယ်လာကြပါတယ် ။ အဲ့ဒီလိုနဲ့ အမှိုက်တွေများလာပါတယ် ။ များလာလေ မရှင်းနိုင်လေ .. မရှင်းနိုင်လေ စိတ်ပျက်လာလေ နဲ့ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး အမှိုက်မရှင်းပဲ ထားပြီး နေကြပါတယ် ။ အဲ့ဒီလိုနဲ့ ရာသီတွေပြောင်းသွားလို့ ပတ်ဝန်းကျင် နဲ့ အချိန်ကြောင့် ထိုအရာတွေက ဇာတိပြလာပါတယ် ။ မိုးရွာရင် အမှိုက်တွေထဲက အပုပ်နဲ့ထွက်လာပါလိမ့်မယ် ။ အဲ့ဒီအချိန်ဆိုရင် ငရဲခံနေရတဲ့အလား အမှိုက်ပုပ်နဲ့ နေရပါလိမ့်မယ် ။ ဒီလိုမှမဟုတ် နွေရာသီ ရောက်လို့ နေပူလာရင်လည်း မီးလောင်မှာကြောက်ရပါသေးတယ် ။ တစ်ယောက်ယောက်ကသာ မီးရှို့သွားလို့ကတော့ လောင်ပြီပဲ ဘာမှကျန်မှာမဟုတ်ဘူး ။ အဲ့ဒီအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ကိုယ့်အမှားကို မကြည့်ပဲ သူများကို အပြစ်ဖို့ဖို့ကိုပဲ တွေးနေမိမှာ  သေချာပါတယ် ။

လူရဲ့သဘောအရ အမှိုက်ဆိုတဲ့ အရာကို ရှင်းရင်း ရှင်းရင်းနဲ့ သန့်ရှင်းလာတဲ့ အဖြစ်ကို တန်ဖိုးထားလာတယ် ကြည်နူးလာတတ်တယ် ။ ဒီလိုနဲ့ အမှိုက်ရှင်းတတ်တဲ့ အကျင့်လဲရသွားတယ် ။ အမှိုက်ရှုပ်ဖို့မဆိုထားတော့နဲ့ အမှိုက်မြင်လာရင်ကိုပဲ ရှင်းတတ်တဲ့ အကျင့် ရသွားတယ် ။ သူ့အတွေးတွေမှာ မကောင်းတဲ့ အမှိုက်(အတွေး) တွေ ဝင်လာရင်လည်း သူ ခဏလေးတင်ပဲ လှဲထုတ်ပစ်တတ်သွားတယ် ။ ဒါက အမှိုက်ရှင်းခြင်းရဲ့ အကျိုးပါ ။ အဲ့လိုနေပါများလာတော့ သာယာချမ်းမြေ့တဲ့နေရာလေးတစ်ခုလိုပဲ ကိုယ့်စိတ်အိမ်ကလေးကလည်း သာယာချမ်းမြေ့တဲ့ စိတ်အိမ်လေးအဖြစ် ဖြစ်တည်လာတာကို ကျေနပ်စွာ သိရှိလာပါလိမ့်မယ် ။

လူတစ်ချို့ရှိကြတယ် ။ သူတို့တွေက အမှိုက်တွေကို မရှင်းတဲ့ အပြင် ကိုယ့်စိတ်အိမ်ထဲကို အမှိုက်တွေ ထပ်ထည့်ကြတယ် ။ ထိုသူတွေကတော့ သူများကို မကောင်းပြောတဲ့သူတွေနဲ့ အတင်းပြောတဲ့သူတွေပေါ့ ။ သူတို့က သူများသာ အတင်းပြောတာ သူတို့အတင်းပြောတာမျိုးကြ မကြိုက်ကြဘူး ။ အကယ်၍ သူများက သူတို့အတွက်  ကောင်းတာပြောတာတောင်ပဲ ရွဲ့တာလား စောင်းတာလား ဆိုတာတောင် ထင်ကြသေး။ အဲ့ဒါ အကောင်းမမြင်နိုင်ခြင်းကြောင့် ဖြစ်လာတာပါ ။   တချို့ရှိကြတယ် သူများအတင်းပြောရမယ်ဆိုရင် ပါးစပ်ကြီးနဲ့ အပြည့်ပဲ .. 😛 ။ ကိုယ့်ကိုယ်ကိုကြတော့ ပုတ်လောက်ကို ဆန်ရွေးစေ့ ဖြစ်အောင်လုပ်တယ် ။  အဲ့ဒါကို ရှေးလူကြီးတွေ ပြောကြတဲ့ စကားလေး အမှတ်ရနေသေးတယ်  “သူများကြ သံဘရတ်နဲ့ ကိုယ့်ကြ ငှက်မွှေးလေးနဲ့” ဆိုပြီး ပြောတတ်ကြတယ် ။ သူများအတင်းကြ သံဘရတ်နဲ့ ခြစ်ပြီး ပြောတာ ကိုယ့်အတင်းကြ ငှက်မွှေးလေးနဲ့ ခြစ်ပြီးပြောတာ ။   အဲ့ဒါ ကိုယ့်အိပ်ထဲကို အကျိုးမရှိတဲ့ အမှိုက်တွေ သိမ်းတဲ့ သူတွေရဲ့ အဖြစ်ပါ ။

ကိုယ့်စိတ်ထဲမှာ မည်သည်ဟာ အမှိုက် မည်သည်ဟာ တန်ဖိုး ဆိုတာမှာ သတိထားကြည့်မယ်ဆိုရင် သိကြပါလိမ့်မယ် ။ ထိုသို့သတိထားခြင်းဖြင့် အချိန်ကုန်သက်သာလာမယ် စိတ်ပင်ပန်းမှု့ နည်းလာမယ် ။ ပတ်ဝန်းကျင် ကောင်းနဲ့လည်း ပတ်သက်လာလိမ့်မယ် ။ မိမိပတ်ဝန်းကျင်ကလည်း မိမိကို အားကျ အတုယူလာပါလိမ့်မယ် ။ အဲ့ဒီအခါ မိမိလိုချင်တဲ့ ပျော်ရွှင်တဲ့ အေးချမ်းတဲ့ ဘဝကြီး ဖြစ်ပေါ်လာပါလိမ့်မယ် ။

တကယ်တော့ အမှိုက်များကို လှဲတတ်ဖို့ ။ တန်ဖိုးရှိတာကို ရွေးတတ်ဖို့လိုပါတယ် ။

သတိလေးထားကြည့်ရင် အရာရာဟာ ကွဲပြားလာပါလိမ့်မယ် ။

သတိမမူဂူ မမြင်နိုင်သလို …. သတိမူပါက မြူမှုန်လေးတွေတောင် မြင်နိုင်ပါသတဲ့ ။

သတိထားပြီး မိမိစိတ်အိမ်ကို အမှိုက်များကင်းနေအောင် ကြိုးစားတည်ဆောက်ကြပါလို့ အကြံပြုချင်ပါတယ် ။

သာယာချမ်းမြေ့ကြပါစေ …. ။

21.2.2011

ဘာနေ

Advertisements

One thought on “အမှိုက်

  1. အမှိုက်-နှစ်သက်စရာpostလေးပါ ။
    ကျွန်တော်လည်းတွေးမိပါတယ် ။ အမှိုက်ခြင်း ၊ အမှိုက်ပုံလေးတွေကိုမြင်မိတဲ့အခါပေါ့ ။
    တစ်ချိန်က ကိုယ်နှစ်သက်လို့ တန်ဖိုးကြီးစွာပေးပြီး ပိုင်ဆိုင်ရယူထားတဲ့ပစ္စည်းလေးတွေဟာ
    အမှိုက်ပုံထဲမှာစွန့်ပစ်ခံထားရပါတယ် ။ တစ်ချိန်မှာ အမှိုက်ပုံထဲစွန့်ပစ်ရမဲ့ အရာတွေကို
    မက်မက်မောမော တန်ဖိုးထားခဲ့ရတဲ့ ကျွန်တော်တို့အဖြစ်တွေလေ။
    တန်ဖိုးလျှော့မသွားမဲ့အရာတွေကို မက်မောစွာတန်ဖိုးထား သိမ်းဆည်းထားဖို့ ။
    သိမ်းဆည်းထားနိုင်ဖို့ ။ ရွေးချယ်နိုင်ဖို့-လိုအပ်ကြောင်းပါ ။
    ချမ်းမြေ့ပါစေ—–

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s