သိချင်နေခြင်းမှ မသိချင်ခြင်းဆီသို့

သိချင်ခြင်းများမှ မသိချင်ခြင်းများဆီသို့

လူတစ်ယောက်ဟာ သာမန်စိတ်များက သိလိုစိတ် သိချင်စိတ်များ ဖုံးလွှမ်းနေတတ်တယ် ။ ထိုအတူ လူတိုင်းလည်း ဖြစ်နေမိမယ်ထင်ပါတယ် ။ ထိုလူတိုင်းထဲမှာ ကျနော်လည်းအပါအဝင်ပေါ့ ။ ကျနော် ငယ်ငယ်ကတိုင် ယခုအချိန်မရောက်မှီအထိ သိလိုစိတ်များ ပြင်းပြနေခဲ့ပါတယ် ။ လမ်းလျှောက်တဲ့ အခါများလဲ ထို့အတူ စူးစမ်းလိုစိတ်များဖြင့် လမ်းဘေးဝဲယာကို ငှဲ့စောင်းကြည့်ရတာလဲ အမော။ သူငယ်ချင်းတွေနဲ့ သွားပြီဆိုရင်လည်း မသိသော အရာများကို မေးမြန်း တိုင်ပင်လေ့ ရှိတာပါ .. ဘာမှ မသိတဲ့ အ အလေးတစ်ယောက်လို 😛  ။ လမ်းမှာ အမှတ်တမဲ့ တွေ့ ဆုံတဲ့ လူတိုင်းကိုပင် သိချင်စိတ် စူးစမ်းလိုချင်စိတ်များက ရှိနေခဲ့တာပါ ။ မရဲတရဲ စိတ်တွေနဲ့ စိတ်ကူးထဲမှာ ဒီလူနဲ့ တကယ်လက်တွေ့မှာလိုပဲ မိတ်ဆွေဖွဲ့စကားများ အကြိမ်ကြိမ် ပြောကြည့်မိတာ အခါခါပါ ။

သွားနေကြ လျှောက်လှမ်းနေကြ လမ်းနေရာတွေမှာတောင် အမှတ်တမဲ့ တွေ့မိတဲ့သူကို စူးစမ်းချင်စိတ်က ဖြစ်ပေါ်မြဲပါ ။ ဟုတ်တယ် …..တွေးမိတယ် ဘယ်လို သူမျိုးလဲ ? ဘယ်ပုံစံလဲ ? ဘယ်စရိုက်ရှိနိုင်မလဲ ?  … မိတ်ဆွေဖွဲ့ခြင်း မှာရော အဆင်ပြေနိုင်မလား ? စသဖြင့် စိတ်ထဲက မထုတ်ဖော်ပဲ တစ်ယောက်တည်း စကားများခဲ့ပေါင်းလည်း မနည်းတော့ပါ ။ ဟန်ဆောင်ခြင်းကိုလည်း မကြိုက်ဘူး ဒါပေမဲ့ ကိုယ်တိုင် ဟန်ဆောင်မိတာကိုတော့ မထုတ်ဖော်ဘူး ဘာသိဘာသာနဲ့ ပြီးပြီးသွားတယ် ။ တခါတခါလမ်းလျှောက်ရင်းခြေလှမ်းတွေကိုတောင် ပြန်ပြီး စူးစမ်းမိတာပါ ။ အဲ့ဒီလိုနဲ့ တွေ့ကရာ  စိတ်ထဲ ပေါ်မိရာ များကို စူးစမ်းခြင်းက အမြဲလိုလို ဖြစ်ပေါ်နေမိတယ် ။

ခုတလော တမျိုးဖြစ်ပြန်ပါတယ် ။ လမ်းတွေ့တဲ့ သူတိုင်းကို ကျနော် မစူးစမ်းတော့တာပါ ။ ဘတ်စ်ကားပေါ်မှာတွေ့တဲ့သူတိုင်းကိုလည်း ကျနော် သိလိုစိတ်များဖြင့် မကြည့်တော့ပါ ။ အမှတ်တမဲ့တွေ့တဲ့ ကောင်မလေးများကိုလည်း စိတ်ကူးထဲ ကြာရှည် ထည့်မထားတော့ပါ ။ ဒါပေမဲ့ ကိုယ်နဲ့ ဆက်ဆံပြောဆိုနေချိန်မှာ ကိုယ့်ကို အလေးမထားဘဲ ဟန်ဆောင်ခြင်းကိုတော့ မုန်းနေမိဆဲ ။ ကိုယ်တိုင်လည်း  ဟန်မဆောင်ချင်တော့ဘူး ။ ပိုင်ဆိုင်တာတွေအတွက်လည်း နည်းနေလို့ဆိုပြီး ဝမ်မနည်းတော့ဘူး ။ သူငယ်ချင်းတွေ မများလို့ဆိုပြီးတော့လည်း အားငယ်မနေတော့ဘူး ။ သူတို့တွေ ကိုယ့်ကို မေ့ချင်လည်းမေ့သွားနိုင်တယ်လို့လည်း တွေးမိတယ် ။ အဲ့ဒီလို စိတ်ထဲမှာ ထင်သိသိ နေမိတယ် ။ မမေ့တဲ့သူငယ်ချင်းများကိုတော့ ကျေးဇူးတင်မိပါတယ် ။ သူတို့ကိုတော့ ကျနော်ရဲ့ အကောင်းဆုံးများကို ပေးဖို့ ဆုံးဖြတ်ထားဆဲ အားပြုနေဆဲပါ  ။

လမ်းပေါင်းမြောက်မျာစွာရှိတဲ့ မတူတဲ့ သူများကြားမှာ ကြိုက်ရာလမ်းကိုသွားပါ မည်သူ့ကိုမှ မပိတ်ဆိုချင်ဘူး အနှောက်အယှက်လည်း မပေးချင်ဘူး ။ လမ်းမရှိတဲ့သူများကိုတော့ လမ်းတွေ အများကြီးရှိကြောင်း ပြောပြနေမိမှာတော့ အသေချာပါပဲ ။ လမ်းပျောက်သူများ ရှိခဲ့ရင်လည်း လမ်းဆက်ဖောက်ဖို့ အားပေးနေအုံးမှာ  ။ လမ်းဆုံရောက်နေသူများကိုလည်း ကိုယ်သွားချင်တဲ့လမ်းသွားဖို့ စကားပြောပေးမိနေမှာ ။ စူးခဲ့တဲ့ ဆူးစူးချက်တွေကို ထောက်ပြရင်း ဖိနပ်တွေ စီးတတ်ကြဖို့ကိုလည်း ပြောပြနေမိမှာ ။ နေပူပူမှာ ဦးထုပ်တလုံးနဲ့တင်နေရောင်ကို လုံအောင် ကာပေးနိုင်တာ မဟုတ်ဘူးဆိုတာလည်း ပြောမိမှာ။ နေသာတဲ့ မနက်ပိုင်းတွေကိုလည်း လှပတဲ့ နွေးထွေးတဲ့ နေရောင်နဲ့ လွဲမသွားစေဖို့ ဘာကိုမှ အထိမခံချင်လို့ အကာအကွယ်အနေနဲ့ ထီးဆောင်းမထားဖို့ ပြောမိမှာပါ။

ဒို့တတွေလျှောက်နေတဲ့လမ်းဟာ ဖုန်ထူတဲ့ လမ်းတွေချည်းပါ ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်မဲ့ မှန်တစ်ချပ်ကိုလည်း ဖုန်သုတ်ပြီး ကြည့်ဖို့ မမေ့ပါနဲ့ .. ဒါမှ အမြင်ကြည်လင်မှာပါ  ။ လူတွေကို စကားလုံးတွေနဲ့ ပစ်ပေါက်လို့ရတယ်ဆိုတာလည်း မမေ့နဲ့ ။ လူတချို့က စကားလုံးသွေးကျောက်ကို ပိုင်ဆိုင်ထားကြပါတယ် (စကားခြင်းအတူတူ လေချိုသွေးတတ်သူများ) ။ လူတစ်ချို့က စကားလုံး ကုန်ကြမ်းတွေကိုသာ သုံးကြတယ် (အရှိကို အရှိအတိုင်း ပြေတတ်သူများ) ။ လူတစ်ချို့က စကားလုံးတွေကို လေးလို့  နည်းနည်းပဲ သယ်တယ် (စကားနည်းတယ် ဝေါဟာရ မကြွယ်ဘူး) ။ လူတစ်ချို့က စကားလုံး တွေကို ဆေးအဖြစ်သုံးကြတယ် (အားပေးစကားများ ပြောတတ်ခြင်း) ။ လူတစ်ချို့က စကားလုံးကို စကားလုံး အဖြစ်သာ သိကြတယ် (စကားရဲ့ အတိမ်အနက်ကို အကဲ မခတ်တတ်ကြဘူး)  ။ တကယ်တော့ ကိုသုံးမဲ့ စကားလုံးတွေကို စူးရှတဲ့ ဓါးအဖြစ်သွေးမလား ။ လှပတဲ့ အဆင်းတန်ဆာအဖြစ်သွေးမလား ။ ကြီးမားတဲ့ ကျောက်တုံးအဖြစ်ဖန်တီးမလား ။ ချိုမြိန်တဲ့ အရသာ အဖြစ် ဖန်တီးမလားဆိုတာ သူတို့ ထုဆစ်မှုအပေါ်မှာ မူတည်သွားတယ် ။ တကယ်တော့ စကားလုံးတွေဟာ ရွှံ့တုံးတတုံးလိုပါပဲ လိုသလို ပုံသွင်း လို့ ရနိုင်တဲ့ အရာပါ ။

နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝ မှာ မိမိပတ်ဝန်းကျင် မှာ ဆက်ဆံနေရတဲ့ လူတွေက ကိုယ့်စိတ်ကို နားမလည်ကြဘူးလို့ တွေးမိပါလိမ့်မယ် ။ တကယ်လည်း နားမလည်ကြပါဘူး 😛 ။ နားလည်အောင် ရှင်းပြခြင်းထက် ကိုယ်ကိုယ်ကို နားလည်အောင်နေခြင်းက ပိုသင့်တော်မှန်ကန်မယ်ဆိုတာ တွေးမိတယ် ။ ကိုယ်ကိုယ်တိုင်ကို နားလည်ပြီးနေခြင်းမှာ တခြားသူကလည်း ကိုယ့်ကို နားလည်လာချင် လာပါလိမ့်မယ် ။ နားမလည်လို့လဲ စိတ်ပူမနေပါနဲ့ ။ မိမိပိုင်ဆိုင်တဲ့ လောကကြီးမှာ မိမိထက် သူများကို ပိုတန်ဖိုးထားတတ်ပါသလား ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ ။

မည်သူမျှ သဲကြိုး ပြတ်ဖိနပ်နဲ့ လမ်မလျှောက်ချင်ကြပါဘူး ။ ဒါပေမဲ့ ရှိတဲ့ ဖိနပ်အပြင် တခြားစီးစရာ မရှိတဲ့ အခါ ရှိနေတာကိုပဲ အားကိုးတကြီး စီးကြရတာပါ ။ အလိုမကျခြင်းလည်း ဖြစ်မိပါလိမ့်မယ် .။ ကိုယ့်ဖိနပ်ကို အလိုမကျဖြစ်မိတာက သူများ ဖိနပ်ကို လိုက်ကြည့်မိလို့ပါပဲ ။ သူများဖိနပ်တွေကို လိုက်ကြည့်မိခဲ့ရင် ကိုယ့်ဖိနပ်ကို အလိုမကျခြင်း ဖြစ်မိမှာ မဟုတ်ဘူးလို့ ထင်မိနေပါတယ် ။ ထိုသို့ ရှိနေတာတွေကို အလိုမကျတဲ့စိတ်တွေ ဖြစ်ခဲ့ပေါင်းလည်းများလှပါပြီ ။ ဒါပေမဲ့ ထိုသို့ဖြစ်ခြင်းကနေ ပြောင်းလဲပေးခြင်း မတတ်နိုင်ခဲ့ပါ ။ ဒီတော့ သိချင်စိတ်တွေက အလိုလို ရပ်ဆိုင်းသွားခဲ့တယ် ။ အဲ့ဒီလို သူတစ်ပါးဆီက သိချင်နေတဲ့ စိတ်များက အလိုလို အသက်ရှူရပ်သွားခဲ့တယ် ။ မသိချင် မစူးစမ်းချင် တဲ့ စိတ်များဖြစ်တဲ့ ဥပေက္ခာ (လျစ်လျှူရှုခြင်း) က  ကြီးစိုးလာပါလေရော ။

လူအများစုက သူတို့ ကျူးလွန်တဲ့ အပြစ်တခုခုသို့မဟုတ် မလိုအပ်ပဲ ဖြစ်မိသွားတဲ့ အမှားများကြုံပြီဆို စကားလုံး တစ်လုံးကို တော်တော် သုံးတတ်ကြတယ် ။ ကျနော်လည်း သုံးဖူးပါတယ် ။ ထိုစကားလုံးကတော့ ပုထုဇဉ် တွေမို့ပါ ဆိုတာပါ ။ တရား ဘာဝနာ မရှိသေးတဲ့ လူတွေမှာ အမှားမကင်းဘူးဆိုတဲ့သဘောပါ ။ တရားမရှိသေးလို့ ဖြစ်မိတာတွေကိုတော့ မပြောလိုပါဘူး ။ ဒါပေမဲ့ မမှားအပ်တာတွေ မလုပ်သင့်ပဲ လုပ်မိတာတွေအတွက် ကိုတော့ ကျနော်တို့ မတားဆီးကြဘူး အဲ့ဒီစကားလုံးကိုပဲ တည်ချက်ထားပြီး ပြောကြ ဆိုကြတာတွေများပါတယ် ။ ဒါဘာလဲ ဘာကြောင့်လဲ ဆိုရင်တော့ မိမိကိုယ်ကို တန်ဖိုးထားခြင်း နည်းနေသေးလို့လို့ ပြောချင်တာပါ။

ခုဖြစ်နေတာတွေကို ပြောချင်နေမိတာပါ ။ ကိုယ်ကိုယ်တိုင်လည်းပါချင်ပါနေမိမယ် ။ ကိုယ့်အကျင့် နဲ့ တည်ဆောက်ထားတဲ့ ကိုယ်ကျင့်တရား ဆိုတာကို လုပ်ရပ်တိုင်းမှာ ထည့်တွက်မှု နည်းနေပါသေးတယ် ။ အများသောက်တဲ့ မိုးခါးရေ ငါလည်း သောက်တော့ ဘာဖြစ်သေးလဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း မရှိတဲ့ အတွေး  . အဲ့ဒီအတွေး တော်တော်ဆိုးပါတယ် ။ ကိုယ့်သာမန်အခြေအနေက ကောင်းချင်လိုက်သားနဲ့ သူများနဲ့ စံထိုးပြီး မထူးပါဘူး ဆိုပြီး ရောယောင်ထိုင်ချင်တဲ့ စိတ် .. ထိုစိတ်က ကိုယ့်ရဲ့ ကိုယ်ကိုယ်တိုင်ကျင့်တဲ့  ကိုယ်ကျင့်တရားကို အရောင်မှိန်စေတယ်လေ ။ လူတိုင်းက သာမန်အားဖြင့် အကျင့်စာရိတ္တ ကောင်းကြပါတယ် ၊ ကြင်နာတတ်ကြပါတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းခြင်း မရှိကြဘဲ အမှားတစ်ခုကနေ နောက်ထပ် နောက်ထပ် ပြုပြင်ခြင်းမရှိပဲ အကျင့် ဖြစ်သွားရာကနေ ကိုယ်ကျင့်တရား မီးအိမ်လည်း အမှောင်ဖုံးသွားကြတာပါ .။

ထိုသို့ ဖြစ်သွားပြီဆိုလျှင်တော့ ရုပ်ရှင်မင်းသား မင်းသမီးတွေလိုပဲ ဟန်ဆောင်တတ်လာကြတယ် ။ လိမ်ဖို့ ဝန်မလေးဘူး ၊ မုသားပြောဖို့ မတွန့်တိုတော့ဘူး ၊ စာနာမှု ဆိုတာကိုတောင် မတွေးကြတော့ဘူး ၊ လိုချင်မှု ရမ္မက်များဖြင့် လောဘ တွေ ဒေါသတွေ ဖုံးလွှမ်းပြီး အပြစ်ကင်းတဲ့ သူများ မသိနားမလည်တဲ့သူများကို သူတို့၏ လုပ်ရပ်များက ဒဏ်ရာအနာတရ အဖြစ်  ရသွားစေခဲ့တယ် ။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ကိုလည်း အားရကျေနပ်သလို ၊ အနူတောမှာ လူချော လုပ်ခဲ့သလို အားလုံးက အချင်ပါကွာဆိုပြီး ကျေနပ်ခြင်းဖြင့် မှားနေကြတာတွေ ရှိပါတယ် ။

တကယ်တော့ သူတို့ရဲ့ မသိခြင်းများက ကိုယ့်ခန္ဓာကိုယ်က အသားကို ပြန်ကိုက်စားနေပြီး အရသာ ရှိလိုက်တာလို့  ဂုဏ်ဖော်နေကြတာ ။ ထိုသို့ ကိုယ့်ကိုယ်ကို  ပျက်သုဉ်းသွားစေတဲ့  တကယ့် အဖြစ်ကို  ထို မသိခြင်းများဖြင့် ဖုံးလွှမ်းထားခြင်းပါ ။

လူတိုင်းမှာ အရာရာ မတူကြဘူး ။ သူ့မှာ မရှိတာ ကိုယ့်မှာ ရှိနိုင်သလို ကိုယ့်မှာ မရှိတာ သူ့မှာ ရှိနိုင်တာပါ ။ ဒီတော့ လူတွေကို လိုက်ပြီးစိတ်ဝင်စားနေရင်တော့ ကိုယ့်နဲ့ မတူခြင်းသို့မဟုတ် တခုခုကို အားကျစိတ်များ ဖြစ်လာကာ မကြိုးစားပဲ လိုချင်စိတ်သာ ဖြစ်ပေါ်လာပါလိမ့်မည် ။ ထိုသို့ ဖြစ်ပေါ်ပြီး အကျိုးမရှိတဲ့ စိတ်အတွေးများက မငြိမ်သက်တဲ့ စိတ်အိမ်ကို တဖြည်းဖြည်း ချဲ့ကားလာပါတော့တယ် ။ ထိုအဖြစ်ကို ကျနော် မဖြစ်ချင်တော့လို့ သိချင်စိတ်ဖြင့် စူးစမ်းမိသည်များကို မသိချင်စိတ်ဖြင့် မျက်ကွယ်ပြုနေခြင်း ဖြစ်နေတာပါ ။ လူတိုင်း စိတ်သဘောထားခြင်း မတူညီနိုင်ပါ ။ ဒီတော့ အတွေးများကလည်း တူနိုင်မည်မဟုတ် ။ မည်သို့ပင်ဖြစ်စေပါ တည်ငြိမ်ခြင်း စိတ်အိမ်ကိုတော့ အကျအန ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ဖို့ ကြိုးစားပါလို့ ပြောချင်ပါတယ် မိတ်ဆွေ… ။

သန်မာတဲ့ ကြွက်သားများ တည်ဆောက်ဖို့ သွက်သွက်လက်လက် လေ့ကျင့်ရသလို  တည်ငြိမ်စေတဲ့ စိတ်အိမ်ဖြစ်လာဖို့ကိုလည်း လတ်ဆတ်တဲ့ စိတ်များဖြင့်သာ တည်ဆောက်မှ ဖြစ်လာပါလိမ့်မယ်  .။

 

18-တပိုတွဲ လပြည့် (ထမနဲပွဲ)နေ့ – 2011

ဘာနေ

Advertisements

6 thoughts on “သိချင်နေခြင်းမှ မသိချင်ခြင်းဆီသို့

  1. ကိုဘာနေရှင့်…….ယမင်းစာရေးလိုက်ပါတယ်…..ယမင်းမှာမိဘလေးယောက်ရှိပါတယ်…အမေရင်းနဲ့….မွေးစားအမေဆိုပြီးတော့ပါ…….ညီမလေးကိုငယ်ငယ်တုန်းကအရမ်းချစ်ခဲ့တာပါ….ဒါပေမဲ့ ရှစ်တန်းနှစ်ကတည်းကအီမ်နဲ့ခွဲနေရပါတယ်…….မြို့မှာအဆောင်နေပြီးကျောင်းတက်ခဲ့ရပါတယ်..ညီမလေးနဲ့နီးနိးကပ်ကပ်ဆိုလို့အမကြဖီးတစ်ယောက်ပဲ့ရှိတာပါ.ယမင်းကိုငယ်ငယ်တုန်းကလောက်မချစ်တော့ဘူးလို့ခံစားရပါတယ်..ရန်ကုန်ရောက်တာလည်းတစ်နှစ်ပြည့်တော့မယ်လေ.လာမဲ့လထဲမှာပါဒါပေမဲ့မိဘတေါကတစ်ယောက်မှဖုန်းလည်းမဆက်ကြပါဘူး………ညီမလေးကအိမ်ကို(မသားစု)ကိုစိတ်ညစ်စရာတွေဖြစ်အောင်လုပ်ခဲ့ဖူးပါတယ်…ဒါကြောင့်များလားလို့…….အတွေးဝင်မိပါတယ်(တစ်ခါတလေပေါ့)အစ်ကိုဘယ်လိုထင်ပါသလဲ…..ဆွေးနွေးပေးပါဦးနော်……..ညီမလေးကလာမဲ့(၆)လပိုင်းမှ ၁၈နှစ်ပြည့်မှာပါ…..ကျေးဇူးတင်ပါတယ်အစ်ကို….ဒီထကိပြီးပြည့်စုံပါစေလို့………(၂၂.၂.၁၁)

    1. အင်း မချစ်တော့ဖူးလို့လဲ မဟုတ်ပါဘူး . ကိုယ်ကလည်း အဲ့လိုမထင်သင့်ပါဘူး . သူတို့ကိုတော့ အမြဲ ဦးခိုက် မေတ္တာပို့နေပေးပေါ့ . တကယ်တော့ သူတို့လည်း သတိရပေမဲ့ ဖုန်းဆက်မယ်ဆိုတဲ့ အခါမှာ အကြောင်းထူးမရှိပဲနဲ့ မဆက်ဖြစ်ကြတာနေမှာပါ . အဓိက ကတော့ ကိုယ့်ဘက်က စိုနေတဲ့ လက် မခြောက်သွားစေနဲ့ပေါ့ .. မေတ္တာတရားတွေမှာ တန်ပြန်သက်ရောက်မှုတွေရှိပါတယ် ညီမလေး .. အဆင်ပြေ ပျော်ရွှင်ပါစေ

  2. ကိုဘာနေရှင့်……..ယမင်းအဖေနဲ့အမေကိုအရမ်းချစ်ပါတယ်..ပြီး……..ယမင်းမိဘကိုကျေးဇူးဆပ်ချင်ပါတယ်
    ဟုတ်တယ်နော်….ယမင်းအဲလိုမထင်သင့်ဘူးနော်..မှားသွားတယ်………ပြီး…ယမင်းမေးချင်တာလေးရှိပါတယ်….ယမင်းကောင်လေးတစ်ယောက်ကိုချစ်ခဲ့မိပါတယ်…….သူကလည်းချစ်ပါတယ်..ဒါပေမဲ့သူနဲ့အဆက်သါယ်ပြတ်နေတာတစ်ပတ်ကျော်နေပါပြီ……..ယမင်း..သူ့ကိုအရမ်းသတိရပါတယ်..သူကရောတစ်ကယ်ချစ်ခဲ့တာလား..ဒါဟာ……သူယမင်းကိုလှည့်စားခဲ့တာများလား…….ဘာပဲု့ဖစ်ဖြစ်သူ့ကိုယမင်းတွေ့ချင်နေမိတယ်
    ဒါဟာ.ယမင်းသူ့ကိုတစ်ကယ်ချစ်နေတာလား….အချစ်ဆိုတာကရောဘာလဲဟင်.အစ်ကိုအောကာင်းအရာတွေနဲ့မတိုက်ဆိုင်ပေမဲ့ ယမင်းအတွကိဖြေပေးပါနော်..(ဘိုင့်နော်.အစ်ကို)ပျော်ရွှင်ပါစေ..၂၂.၂.၁၁

    1. ဟုတ်ကဲ့ . မိဘ ကျေးဇူး ဆပ်ချင်တယ်ဆိုတဲ့စိတ်က လူတိုင်းမှာ ရှိကြပါတယ် .. လက်တွေ့ မဖြစ်သေးတဲ့ အချိန်မှာ မိဘမကြိုက်တာတွေကိုမလုပ်နဲ့ အများမကြိုက်တာကိုမလုပ်နဲ့ သူများကိုလည်း မထိပါးစေနဲ့ စိတ်ကောင်းနှလုံးကောင်းနေပါ အဲ့ဒီလိုဆိုရင် မိဘက နှစ်သက်ပါလိမ့်မယ် .. မိဘကို စိတ်ချမ်းသာမှုပေးတယ်ဆိုရင် ကျေးဇူးဆပ်ရာရောက်ပါတယ် .. အချစ်ဆိုတာမှာတော့ တိတိပပကြီး မပြောချင်ဘူးဗျ .. ကိုယ့်ကြောင့် သူများ အချစ် အနှောက်အယှက် ဖြစ်သွားတယ်ဆို စိတ်မကောင်းဘူး. ဒီတော့ စဉ်းစားပေါ့ဗျာ .. ငယ်ရွယ်ချိန်မှာတော့ အချစ်ကို ဦးစားမပေးမိပါစေနဲ့ဗျာ .. အချစ်ဆိုတာက ကိုးကွယ်ဖို့ မဟုတ်ဘူးဆိုတာကိုတော့ သိထားပေးပါ .. အများစုကတော့ အချစ်စိတ်မွံနေစဉ်မှာ ဘာမှမစဉ်းစားတတ်တာများပါတယ် ..ကိုယ်ကိုယ်တိုင်က အဲ့ဒီအမျာစုထဲမှ အကောင်ဆုံးတစ်ယောက် ဖြစ်အောင် နေတတ်ဖို့ ပြောချင်ပါတယ် .. ပညာသင်ချိန်မှာ ပညာကိုသာ ကြိုးစားသင်စေချင်ပါတယ် ..

  3. ငယ်ငယ်ကဖတ်ခဲ့ဘူးတဲ့ကဗျာလေးတစ်ပုဒ်ကိုသွားသတိရမိတယ်။
    “–ဟန်ဆောင်မှုကင်း ၊ စိတ်ရင်းမူလ
    ထုတ်၍ပြလျှင် ၊ လူကတိရ စ္ဆာန်
    ဖြစ်သွားမယ်တဲ့——-။
    ဒီကဗျာလေးပါ ။ ဟန်ဆောင်ခြင်း ၊ ဟန်မဆောင်ခြင်း
    အယူဆတွေကွဲသွားနိုင်ပါတယ် ။
    စိတ်ရဲ့သဘောသဘာဝကအလွန်နက်ရှိုင်းလွန်းပါတယ် ။
    စကားလုံးတွေရဲ့နောက်က ပင်ကိုယ်စိတ်ရင်းကို ခန့်မှန်း
    ရတာပျော်စရာကောင်းပါတယ် ။ ပညာရတာပေါ့ ။
    အချစ် အမုန်းကိုဖြစ်ပေါ်စေတဲ့ စကားလုံးတွေက
    စိတ်ကနေမြစ်ဖျားခံစီးဆင်းလာပါတယ် ။
    ဒါကြောင့် သူများစိတ်ကိုလေ့လာခြင်း ။
    ကိုယ့်စိတ်ကိုယ်ပြန်လေ့လာခြင်း ။
    စိတ်တွေ စိတ်တွေ စိတ်တွေ—ကို
    လေ့လာခြင်း ။
    ဒါပါပဲ မိတ်ဆွေကြီး

    1. ဒါပေါ့ လူ့ဘဝတစ်ခုလုံးကလည်း စိတ်က အမြဲလိုလို ဦးစီးနေလေတော့ သူ့အကြောင်းက မသိမဖြစ်မို့ သိထားရမဲ့ အရာပါ ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s