ဘဝတနေ့တာ

ဘဝတနေ့တာ

မွေးခြင်း နေခြင်း သေခြင်း သုံးခုဖြင့် တည်ဆောက်ထားတဲ့ ဘဝတစ်ခု အတွင်းမှာ ကျနော်တို့ သိသည်က တဖုံ မသိသည်က တခု ဖြင့် အငိုအရီ အပြုံးအမဲ့ ပျော်ရွှင်ခြင်း စိတ်ညစ်ခြင်းတွေကို အချိုးအစားမညီမျှစွာဖြင့် ဖြတ်သန်းနေကြရတာပါ ။ ထိုအချိန်တွေမှာ အရာအားလုံးကို သတိထားမိသည်လည်း ရှိပါလိမ်မယ် သတိမထားမိတာလည်းရှိမယ် ဘမှန်းမသိပဲ ဖြစ်သွားတာလည်း ရှိမည် မှာ မလွဲပေ ။ တကယ်တော့ ကျနော်တို့ဘဝတွေဟာ အတွေးအသိတို့ ဦးစားပေးရာ လိုက်ကနေရတဲ့ ဘဝတွေပါ။ လုပ်နေကြ လုပ်ရပ်တိုင်းအတွက် လိုအပ်လို့ လုပ်နေရတာပါဟု သာ အကြောင်းပြချက်များဖြင့် အချက်ကျကျ ရှိနေတတ်ပါတယ်။

နေ့စဉ် ကျနော်တို့ ဘဝတွေအတွက် စားဝတ်နေရေးအဆင်ပြေဖို့ဆိုပြီး လုပ်ဆောင်နေကြရ ရုန်းကန်နေကြရပါတယ် ။ တချို့ဆို ဘာဖြစ်ရမယ်ဆိုပြီး ရည်ရွယ်ချက်များဖြင့် ရှေ့တက်လျှက် ရှိကြပါတယ်။ တချို့မှာဆိုရင် ဒီတနေ့တာ အဆင်ပြေဖို့ဆိုပြီး ရုန်းကန်နေရတာလည်း ရှိကြပါတယ်။ တချို့က ဒီတနေ့လုံးကို ဘာမှန်းမသိပဲ ဖြတ်သန်းနေကြတာတွေလည်း ရှိကြတယ် ။ တချို့ကလည်း ကိုယ်ဖြတ်သန်းနေတာတွေကို သိသလိုလို ရှိပြီး အချိန်တန် တနေ့ပြီးလို့ စစ်တန်းကောက်ကြည့်ပြန်ရင်လည်း နေ့တွေတော့ ကုန်ဆုံးသွားကြတယ်ဆိုတာပဲ သိကြတယ်  ။ ထိုတနေ့တာအတွင်း  သတိထားမိသည်လည်းရှိတယ် မထားမိတာလည်းရှိတယ် ။ ဒါပေမဲ့ ထိုနေ့တွေအတွက် ကျေနပ်ခြင်းနည်းနေလိမ့်မယ်ဆိုတာ ရှိပါလိမ့်မယ် ။

အများစုအားဖြင့် နေ့တနေ့မှာ  ငါဘာလုပ်ရမယ်ဆိုတာတွေကို မနက်အစောပိုင်းမှာ စဉ်းစားကြတယ် ။တခုပြီးတခု အစီအစဉ်တွေနဲ့ ပေါ့ ။အသေးငယ်ဆုံးသော လုပ်ဆောင်စရာအဖြစ်  သွားတိုက်တယ် မျက်နှာသစ်တယ် ။ မိန်းကလေးဆို အလှပြင်တယ်။ ပြီး မနက်စာအတွက် လ္ဖက်ရည်ဆိုင် ထိုင်ချင်ထိုင်မယ် အိမ်မှာလည်း ပြီးချင်ပြီးမယ် ။ စားနေစဉ်လည်း တခုခု တွေးနေမိမယ် “ငါဘာလုပ်ရမလဲ” ဆိုတာမျိုးတွေနဲ့ ။ ပြီးတော့ လုပ်ဆောင်စရာရှိလုပ်ဆောင်တယ် ။ ထိုလုပ်နေစဉ်အတွင်မှာလည်း စိတ်နဲ့ လူနဲ့ မကပ်တဲ့ အချိန်တွေချည်းပဲ ဖြစ်နေမယ် ။ အလုပ်သွားမယ် အလုပ်ထဲမှာလည်း စိတ်ထင်ရာတွေနဲ့ လုပ်ဆောင်စရာတွေကို လုပ်မယ် ။ ကိုယ့်ကိုယ်ကိုလည်း ငါ ဘာလုပ်ရင်ကောင်းမလဲလို့ တခါတခါ စဉ်းစားမိမယ် ။ ဒီလိုအတွေးတွေဖြင့် ပြီးသွားမယ် ။ ညအိပ်ရာဝင်ပြန်တော့ ပြန်စဉ်းစားမိချင်မိမယ် ။ ငါဘာတွေမြန်း လုပ်ခဲ့မိပါလိမ့်လို့ ။ ပင်ပန်းလို့ တခါတည်းအိပ်ချင်လည်း အိပ်မိမယ် ။ ဒါဟာ တနေ့တာပါ ။

နောက်တနေ့ရောက်လာပြန်တော့လည်း မနေ့က လုပ်ခဲ့ ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်မိပြန်ပါတယ် ။ ပိုသည်လည်း ရှိတယ် လိုသည်လည်းရှိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီတနေ့တော့ ကုန်သွားတာပါပဲ ။ တခါ ထိုနေ့လိုပဲ ဒီနေ့ရောက်လာပြန်ပါတယ် ။ ကိုယ့်ကိုယ်ကိုလည်း ဘယ်လို ခန့်ခွဲရင် အကောင်းဆုံး ဖြစ်မလဲ စဉ်းစားမိပြန်ပါတယ် ။ အချိန်အများစုကတော့ စိတ်တွေရဲ့ ပျံ့လွင့်မှုအောက်မှာပဲ ကပြနေရပြီး ။ သတိထားမိချိန် အနည်းစုကတော့ ကောင်းမယ် တန်ဖိုးရှိမယ်ဆိုတဲ့ အကျင့်လေးတွေကို သေချာကြည့်မိတတ်ပါတယ် ။ ခုပြောတာတွေကတော့ ကျနော့ရဲ့တနေ့တာ ကုန်လွန်မှုကို ရှေ့က ချပြရင်း ပြောမိတာပါ ။ တခါတခါ ကိုယ့်ကိုယ်ကိုတောင် ပြန်ငြင်းမိပြန်ပါတယ် ။ ငါ ဘာလဲ ။ ငါဘာလုပ်ချင်တာလဲ ။ ငါ ဘယ်ကိုသွားချင်တာလဲ ။ ဆိုတဲ့ အမေးတွေနဲ့ ငြင်းခုန်မှုကို မပြီးပြတ်နိုင်ပါဘူး ။ အဲ့ဒီလိုနဲ့ နေ့ရက်တွေက ပြောင်းလဲ လာခဲ့တာ …။

တကယ်တော့ ကျနော်တို့ဘဝတွေမှာ နေ့စဉ်အတွက် စိတ်စေရာထက် ကိုယ်ခန္ဓာရဲ့ စေရာကို လိုက်လုပ်ပေးရတာက များပါတယ် ။ ဥပမာ အလုပ်လုပ်ချိန်ဆိုရင် တစ်ခုခုစားချင်လို့ဆို တောင်းပြန်ရော ။ ဒီတော့ လုပ်ပေးနိုင်တဲ့ အခြေအနေဆို လုပ်ပေးလိုက်ပြန်ရော ။ လုပ်ပေးပြီးတော့တခါ ထိုစားလိုက်တဲ့ အရှိန်ကြောင့် အိပ်ချင်စိတ်ဖြစ်လာပြန်ရော ။ ဒီတော့ အလုပ်ထဲမှာ စိတ်က မပါတော့ဘူး ။ အိပ်ချင်စိတ်က လွမ်းနေတော့တာ ။ ထမင်းစားချိန်ရောက်တော့လည်း ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် စားပေးရသေးတာပေါ့ ။ တနာရီတခါခြားလောက် အဆင်သင့်ရင် ရေတခွက်ကျ လောင်းပေးရသေးတယ် ။ ဒါသူ့အချိုးအစားပါ ။

အလုပ်တခု လုပ်မယ်ဆိုပြီး စိတ်က စီစဉ်တယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်က နေပူလို့မလုပ်ချင်ဘူး ၊ အိပ်ချင်လို့ နောက်မှ လုပ်မယ် ၊ဘယ်နေရာမို့ မသွားနိုင်လောက်ဖူး စသဖြင့် ငြင်းချက်တွေနဲ့ ဦးနှောက်စေရာကို မသွားကြပဲ အပျင်းစိတ်ဟုခေါ်သော ခန္ဓာရဲ့ လိုအင်တွေကို ဦးစားပေးနေကြတာ ။ ဒါကြောင့်လဲ အောင်မြင်သင့်သလောက် မအောင်မြင်တာပါပဲ ။ အမှန်တော့ လူ့စိတ်မှာ အတွေးကောင်းတွေရှိတယ် အစွမ်းကောင်းတွေရှိတယ် ။ ဒါပေမဲ့ လိုက်လုပ်ပေးမဲ့ လုပ်ရပ် ခန္ဓာတာဝန်က လစ်ဟင်းနေတော့ အလုပ်မတွင်ဘူး အစွမ်းမထင်ဘူး ။ အဲ့ဒီလိုကနေ အလုပ်တွေက ပေါ့ပေါ့ လာပြီး နောက်ဆုံးကြ ယုံကြည်စိတ်တွေပါ ဘေးတလွဲတွေဖြစ်လာရော ။

တကယ်တော့ လူဆိုတဲ့ သတ္တဝါ သက်ရှိမျိုးကလည်း ခန္ဓာကိုမှီပြီး ဖြစ်လာကြတာတွေချည်းပဲ ။ ကိုယ့်ကိုယ်ကို ချစ်ကြတယ်လေ တသံသရာလုံး ချစ်လာကြတာ ။ သက်ရှိတိုင်းပဲ ချစ်တတ်ကြတာ ဒါကြောင့်လဲ သူ့ဒုက္ခကို ခံနေကြရတာပါ ။ တကယ်တော့ ကျနော်တို့တတွေအားလုံး ကိုယ့်ကိုယ်ကို သနားနေကြတာပါ ။ ပင်ပန်းမှာစိုးလို့ ၊ ဘာဖြစ်သွားမှာစိုးလို့ ညာဖြစ်သွားမှာစိုးလို့ စသည်ဖြင့် သနားစိတ်များက လုပ်သင့်တဲ့ လုပ်ရပ်တွေကို တားဆီးတတ်ပါတယ် ။ ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး ။ ဟုတ်တယ် အဖျက်စိတ်ကို အရင်တွေးတော့ လုပ်သင့်တာကိုမလုပ်ဖြစ်။ နောက် မလုပ်ဖြစ်တော့ သိသင့်တာကိုလည်း မသိ ။ မသိတော့ ဘယ်လမ်းက အမှန်ဆိုတာလည်း သိတော့မှာမဟုတ် ။ ဒီလိုနဲ့ ဖြစ်နေကြတာ လျှောက်လှမ်းလာခဲ့ကြတာ ခုထိဆိုပါတော့ ။

လူတစ်ယောက်အတွက် တနေ့တာဟာ တော်တော် အရေးကြီးပါတယ် ။ ထိုတနေ့တာပေါင်းမြောက်များစွာက နှစ်တွေချီကာ ဘဝတခုအဖြစ် ပုံဖော်ပေးတာပါ ။ ထိုဘဝတစ်ခု လုံးစာအတွက်ဆိုရင် မည်သူမျှ မကောင်းတာ မဖြစ်ချင်ကြဘူး ။ ကြီးမြတ်ချင်ကြတယ် ၊ သြဇာရှိချင်ကြတယ် ၊ ပိုင်ဆိုင်ခြင်းတွေများချင်ကြတယ် ၊ ပညာရှိတွေဖြစ်ချင်ကြတယ် ၊ တန်ဖိုးတွေရှိချင်ကြတယ် ၊ အကောင်းတကာ့ အကောင်းဆုံးတွေ ဖြစ်ချင်ကြတယ်၊ ဟုတ်တယ် ……။ ဒါပေမဲ့ ထိုဘဝတာကိုသာ စိတ်က ဖြစ်ချင်ကြတာ ထိုဘဝတာရဲ့ ခြေတလှမ်းဖြစ်တဲ့ ဒီတနေ့တာကို သူတို့ ဂရုမစိုက်ကြဘူး ။ ဂရုမစိုက်ပါများလာလို့ ကြာလာတော့ သူတို့ဘဝကြီးဟာ ဂရုမစိုက်ပဲ ပစ်ထားတဲ့ ဘဝကြီးတစ်ခုလိုပဲ ဖရိုဖရဲ နဲ့ တန်ဖိုးတွေမဲ့လာကြတယ် ၊ ရောက်သင့်သလောက် ခရီးမရောက် ၊ ဖြစ်သင့်သလောက် မဖြစ်၊ အောင်မြင်သင့်သလောက် မအောင်မြင် နဲ့ နောက်ဆုံးသေခါနီးကြမှ ဒါပါ့လားဆိုပြီး သိ ။ ထိုအသိက အသိပဲ ရှိတော့ပြီး ပြင်မရတော့ပဲ အများစုက နောက်တ တံခါမကြီးကို ဖွင့်ဝင်သွားကြရတာ များပါတယ် ။

တကယ်တော့ ဒီတနေ့တာမှာ မည်သို့ လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ စူးစမ်းစရာပါ ။ တကယ်တော့ ကျနော်တို့တတွေဟာ လူသားပါ ။ လူသားမှာ လုပ်နိုင်စွမ်းအင်တွေ တော်တော်များများရှိပါတယ် ၊ ဒီတနေ့တာမှာ ကိုယ်ဟာ မည်သို့ ဖြတ်သန်းရမယ်ဆိုတာ သိထားရပါမယ် ။ ဟန်ဆောင်ခြင်း ကင်းအောင် ကြိုးစားပြီး နေသင့်ပါတယ် ။ စာနာနားလည်မှုအနေဖြင့် တဖက်သူကို နားလည်တတ်ရပါမယ် ။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို အကောင်းမြင်တတ်ဖို့ လိုသလို ဖြစ်လာမဲ့ အရာတွေအတွက်လဲ အကောင်းပဲ မြင်တတ်ရပါမယ် ။ သူတပါးကို ကိုယ်သိသမျှ မျှဝေတတ်ရပါမယ် ။ ကြင်နာသနားစိတ် မွေးမြူတတ်ရပါမယ် ။ မိမိကောင်းနေလျှင် မိမိနှင့် ဆက်စပ်နေသူများပါ အကောင်းတွေ ကူးသွားအောင် မိမိဆီမှ စဉ်ဆက်မပြတ် ကောင်းမွန်တဲ့ စိတ်များ မွေးထုတ်ပေးရပါမယ် ။ အပြုသဘောစိတ်ကို အမြဲ ရှေ့ရှုထားရပါမယ် (ပြဿနာအတွက် ထိုင်စိတ်မရှုပ်နေပဲ ဘယ်လိုဖြေရှင်းရမလဲ တွေးပြီး စတင်ဖြေရှင်းခြင်းက ထိုပြဿနာအတွက် ပြေလည်စေမယ်လို့ ဆိုခြင်းပါ ) ၊ ထိုအရာတွေကို တနေ့တာအတွင်း ကြုံလာတဲ့ အဖြစ်အပျက်တွေပေါ်မှာ စံထိုးပြီး လုပ်ဆောင်ကြည့်လိုက်ပါ ။ ထိုသို့ ပြုမူလိုက်တဲ့ အချိန်မှာ ဖြတ်သန်းနေကြ ပုံစံနှင့် မတူခြားနားလာတာ သိသာလာပါလိမ့်မယ် ။အဲ့ဒီလို တန်ဖိုးတွေ တက်လာတဲ့ ကျနော်တို့ရဲ့ ထိုတနေ့တာဟာ ရရှိတဲ့  ဘဝတာအတွက် တန်ဖိုးရှိတဲ့ ခြေတလှမ်းဖြစ်သွားမယ်ဆိုတာ လက်ခံရပါလိမ့်မယ် ။

အသက်ကို ပြင်းပြင်းရှူပါ ။(အမြဲလိုလို မရှူဖြစ်တာပါ 😛 )

ခါးကိုမတ်မတ်ထားပါ ။ (ခဏပဲ ထားနိုင်တာများပါတယ် ခါးကိုမတ်ထာခြင်းဖြင့် ယုံကြည်စိတ် ထက်နေသလို ခံစားရပါလိမ့်မယ်)

လွယ်ကူသော လမ်းများကိုမလိုက်ပါနှင့် ။(အခက်တွေ့စေရန် ပြောခြင်းမဟုတ်ပါ 😛 ) အကယ်၍ အလွယ်လမ်းကို လိုက်တဲ့သူဟာ တကယ် အခက်ကြုံလာရင် ဘာလုပ်ရမှန်း မသိဖြစ်သွားတတ်ပါတယ် ။ အခက်အခဲကို ဖြေရှင်းစ ရှိသူမှသာ  ဘယ်လိုအခက်အခဲပဲ လာလာ သူဖြေရှင်းနိုင်ပါလိမ့်မယ် ။ 🙂

မိမိစိတ်ကို စောင့်ကြည့်ပါ ။ အများအားဖြင့် စိတ်ဆိုတာ ပျံ့လွင့်တတ်ပါတယ် ထိုမှဤ ၊ဤမှ ထို စသဖြင့် ကမ္ဘာကိုတောင် ပတ်လှည့်နေတဲ့ စိတ်ပါ ။ ထိုစိတ်ကို စောင့်ကြည့်ခြင်းဖြင့် မိမိစိတ် ဘယ်တွေရောက်နေလဲ ဆိုတာ သိလာပါတယ် ။ ထိုသို့ သိပါက မိမိလိုရာကို အလွယ်တကူ ဆွဲ ယူခေါ်ဆောင်နိုင်စွမ်းရှိလာပါလိမ့်မည်။ ထိုမှတဆင့် ဆောင်တိုင်း ပြီးမြောက်တဲ့ အဖြစ် ရရှိပါလိမ့်မည် ။

လွယ်တော့ မလွယ်ပါ ။ ဒါပေမဲ့ မရနိုင်ဘူးဆိုတာတော့ မဟုတ်ပါ  ။ နောက်ပြီး သူများတွေကိုကြည့်ပြီး စိတ်ဓါတ်မကျမိဖို့ လိုပါတယ် ။ကိုယ့်ရဲ့ တနေ့တာဟာ ဘယ်လိုဆိုတာ ကိုယ်ပဲ သိတာမို့ တခြားသူများနှင့်လည်း မချိန်ထိုးပါနှင့် ။ မိမိကိုယ်ကိုသာ အကောင်းဆုံးထင်ရာ စွမ်းဆောင်ပါ ။ ဒါတွေဟာ အများပြောနေကြ ဆိုပေမဲ့ တကယ်မှာတော့ လုပ်နိုင်ဖို့ သိပ်မလွယ်ပါ ။ ဘာလို့လဲဆို ကျနော်တို့တတွေက စိတ်လွယ်ရာတွေမျာ ကျင်လည်နေပါများနေလို့ပါ ။ ဟုတ်တယ် ထိုအကျင့်တွေကို အပြုသဘော ဆောင်တဲ့ စိတ်(စတင်လုပ်ခြင်း)နဲ့ လုပ်ရပ်အားဖြင့် ပြင်လည်ပြင်ဆင်နိုင်ပါတယ် ။ တခုတော့ ရှိပါတယ် ဒါကတော့ “ကိုယ်တကယ်လုပ်နိုင်တယ်လို့ ယုံကြည်ခြင်း” ရှိဖို့ပဲ လိုပါတယ် ။

ဘဝတခုအတွင်းမှာ အမှားများ ဆိုတာလည်း ရှိသလို အမှန်ဆိုတာလည်း ရှိပါမယ် ။ သို့သော် မှားမှား၊ မှန်မှန် ထိုဘဝကတော့ ကုန်လွန်သွားမှာ ဆိုတာ ထည့်တွက်စေချင်ပါတယ် ။ မိမိစိတ် ၊ မိမိကိုယ်ကိုယ်သာ ပညာ သတိ ဖြင့် ထိန်းကွပ်နိုင်ဖို့ လိုပါတယ် ။ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတိုင်းကို လူသားတိုင်း လုပ်ဆောင်ခွင့် ရှိပါတယ် ။ လူသားတိုင်း လုပ်ဆောင်ခွင့်ရှိသလို လူသားတိုင်း ရယူပိုင်ဆိုင်ခွင်လည်း ရှိပါတယ်  ။ တကယ်တော့ လုပ်ခြင်း မလုပ်ခြင်းအပေါ်မှာသာ မူတည်တာမို့ ကိုယ်ဘာလိုသလဲဆိုတာ သိရှိဖို့ လိုပါတယ် ။

လူသားတိုင်း တနေ့တာရဲ့ သဘောသဘာဝကို တန်ဖိုးရှိရှိ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း …. ။

(သင့်အမြင်ကိုလည်း ဆွေးနွေးပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ် )

16-2-2011

ဘာနေ

Advertisements

4 thoughts on “ဘဝတနေ့တာ

  1. ကိုယ်ဘာကို စိတ်ဆင်းရဲ့ အောင်လုပ်တာလဲ့စိတ် ပဲ
    ပျော်ရွင်အောင်လုပ်လဲစိတ်ပဲ..အဒါတွေကစိတ်ကြောင့်ဖြစ်တာသိပြီး
    အဲဒီစိတ်ကထိန်းရခက်သား..
    စိတ် နဲ့  အကျင်နဲ့ ရောသတ်ဆိုင်လားမသိ
    ဥပမာအကိုရာ ဆေးလိပ်သောက်တဲ့..သူတစ်ယောက်က..
    ဆေးလိပ်ဖြတ်မရဘူးဆိုတာအကျင့် လား? စိတ်ကြောင်လား ?

    1. ဆေးလိပ်သောက်တဲ့ သူတစ်ယောက် ဆေးလိပ်ဖြတ်မရဘူးဆိုတာက အကျင့်ကြောင့်လဲပါတယ် စိတ်လည်းပါတယ် အကျင့်က လုပ်နေကြမို့ သောက်ချိန်ကြမို့ သောက်ချင်လာတာ စိတ်က အဲ့ဒါကို မထိန်းနိုင်တာ . ဒါကြောင့် ဆက်မသောက်ပဲမနေနိုင်တာလို့ ယူဆမိပါတယ် .

  2. ကိုဘာနေရှင့်….ယမင်းစာရေးလိုက်ပါတယ်..အစ်ကို့ရဲ့အစီစဉ်လေးတွေကိုသဘောကျပါတယ်…စိတ်ရဲ့သဘောတရားကိုပြောရရင်တော့..ရှုပ်ထွေးလွန်းပါတယ်..ယမင်းမေးချင်တာလေးတွေရှိပါတယ်..နေရာဒေသတစ်ခုမှာကိုယ့်ရဲ့နာကျင်ဖွယ်အတိတ်လေးတွေရှိခဲ့ရင်ဒီနေရာကို ပြန်သွားသင့်ပါသလား..ဒါမှမဟုတ်ကိုယ့်ဘက်ကအရာရာပြီးပြည့်စုံမှပြန်သွားသင့်ပါသလား..နောင်လည်း..ကိုဘာနေရဲ့အစီစဉ်လေးတွေမှာဝင်ရောက်ဆွေးနွေးချင်ပါတယ်..(မြိတ်မြို့…..ယမင်း)

    1. ဟုတ်ကဲ့ မေးချင်တဲ့ မေးခွန်းကို နားလည်ပါတယ် .. ယမင်းနေရာမှာ အစ်ကိုဆိုရင် . နာကျင်စရာနေရာလေးတွေကို ကိုယ့်ဘက်က ကျေနပ်မှု တစ်ခုခုဖြစ်ပြီးမှ သွားဖို့ ဆုံးဖြတ်မိမှာပဲ .. ကိုယ့်ဘက်က လက်မထောင်နိုင်ပြီးခါမှ အဲ့ဒီနေရာတွေကို အမှတ်တရအဖြစ် ခြေချမယ်ဆိုတဲ့ အမြင်က အစ်ကို့ အမြင်ပါ .. ညီမလေးအနေနဲ့ သွားချင်စိတ် ပြင်းပြနေရင်တော့ သွားလိုက်ပေါ့နော်. . ကျေးဇူးပါ ကြိုဆိုပါတယ်

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s