အကြွေး

အကြွေး

အကြွေးဆိုတဲ့ သဘောက ကိုယ်က သူများဆီကနေ ချေးငှားပြီး ပြန်ပေးဖို့ ပြန်ဆပ်ဖို့ ရှိတဲ့ အရာမျိုးပါ .. ဟုတ်ပါတယ် အဲ့ဒါ ရိုးရိုးရှင်းရှင်း တွေးကြည့်တာပါ ။ ကျနော်တို့ လူတိုင်းလိုလို  အကြွေးကင်းသူ ခပ်ရှားရှားပါ ။ အကြွေးတွေမှာ အမျိုးမျိုးရှိပါတယ် ငွေချးခြင်း အကြွေးတွေနဲ့ အကျင့်စရိုက်အကြွေးတွေအဖြစ် ရှိတယ်လို့ ကျနော် တွေးမိပါတယ် ။

ငွေချေးရာမှာ ပြန်ဆပ်ဖို့အကြွေးကို အများသိအကြွေးအဖြစ် သတ်မှတ်ပြီး အကျင့်စရိုက်အကြွေးတွေကိုဖြင့် ကိုယ်ပိုင်သိအကြွေးများအဖြစ် ယူဆမိပါတယ် ။ ငွေကြေးနဲ့ ပတ်သက်ပြီး ချေးငှာခြင်းအကြွေးကို မပြောလိုပါ ။ ကိုယ့်အကျင့်စရိုက်အကြွေးတွေကိုပဲ သိသလောက် ပြောပြချင်ပါတယ် ။ ဘယ်လိုမျိုးဟာ အကြွေးများဖြစ်စေသလဲ ဆိုရင် မညီမျှခြင်းဖြင့် နေထိုင်ပါက အကြွေးများ တင်နေတယ်လို့ ယူဆမိပါတယ်။

ဥပမာဗျာ ကျနော် နေရာတစ်ခုမှာ အလုပ်လုပ်တယ် ။ အဲ့အလုပ်မှာ ကျနော် လခ ရတယ်ပေါ့ဗျာ ။ လခက ကျနော် အရည်အချင်းထက် ပိုတန်ချင်တန်နေမယ် ။ အရည်အချင်းထက်စာရင် လခက မတန်သလို နည်းနေမယ် ။ ဟုတ်ကဲ့ အခြေအနေအမျိုးမျိုးရှိတတ်ပါတယ် ။ ထိုအချိန်မှာ ကျနော် အတွက် ပိုရတယ်ဆိုရင် ကျနော် အကြွေး တင်သွားပါပြီ . အလုပ်နဲ့ ဝင်ငွေ ညီမျှခြင်းကို ကျနော် ချိန်ခွင်စောင်းနေသလို ဖြစ်သွားပါပြီ ။ ဒီတော့ ကျနော် ထိုငွေကြေး လခ နှင့် ညီမျှသော အလုပ်ကို ထို ဌာနအတွက် အကြွေးအနေနဲ့ ပေးဆပ်ဖို့ လိုနေပါပြီ ။ ဒါကို သတ်မှတ်ချင်ပါသည်။

နောက် အပေါင်း အသင်း ဆက်ဆံရေးမှာ တဖက်သားက ကိုယ့်အပေါ်မှာ စေတနာ ဖြူဖြူစင်စင်နဲ့ ပေါင်းသင်းနေပါလျှက် ကျနော်က သူ့လိုမဟုတ်ပဲ လျှိုဝှက်ခြင်းများ ၊ လိမ်လည်ခြင်းများဖြင့် သူ့နှင့်ဆက်ဆံရေးမှာ အသုံးပြုမယ်ဆိုရင် ကျနော့မှာ လူမှုရေးအကြွေးတင်သွားပါသည် ။ ထို့အတွက် ကျနော် ပြန်ဆပ်ရပေမည် ။ ထိုသူက ကိုယ့်အပေါ်ကောင်းနေတယ်ဆို ပိုဆိုးပါပြီ ။ တခါ ထို သူငယ်ချင်းက ညစ်လို့ ကိုယ်က ပြန်ညစ်တယ်ဆိုရင်တော့ သူ့စေတနာ ရောင်ပြန်ဟပ်စေသလိုမို့ သိပ်ပြီး အပြစ်မကြီး အကြွေး မရှိသလို ဖြစ်ပါမည် ။ သို့သော် မကောင်းမှုက မကောင်းမှု ဖြစ်ပါသည်။

တဖန်ကိုယ့်ဘက်နေပြန်တွေးကြည့်မည်ဆိုပါလျှင်  ကျနော်အလုပ်မှာဆိုလျှင် ကျနော်အလုပ်ထဲကို ထည့်သင့်တဲ့ လုပ်အား ထည့်နေချိန်မှာ အလုပ် လခက မတန်ဖြစ်နေတဲ့ အချိန်မှာ ချိန်ခွင် မညီမျှခြင်းဖြင့် တဖက်စောင်းနေပါမည် ။ ထိုအကြောင်းအရာကို အလုပ်ရှင်က သိသိကြီးဖြင့် နေမည် ။ ထိုအချိန်မှာ အကြွေးသည် အလုပ်ရှင် ဘက်ကနေပြီး တင်သွားပါမည် ။ ထို့အတွက် ကျွန်ုပ်တို့ သည် မကျေနပ်စိတ်ကို မဖြစ်စေဖို့လိုပါမည် ။ ပြတ်သားရန်လိုပါသည် ။ တခြားလည်း ပြောင်းနိုင်သေးသောကြောင့်  ကိုယ့်ကိုယ်ကို ညံ့သည်ဟုလည်း မဆိုလိုချင်ပါ ။ ထိုသို့ဖြင့် အကြွေးကျန်နေပါမည် ။

သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ ကိုယ်က စိတ်ရင်းအမှန်ဖြင့် ဆက်ဆံနေပြီး တဖက်သူငယ်ချင်းက  ကိုယ့်အပေါ်မှာ လိမ်သည် ၊ လျို့ဝှက်သည်  ရှိသော် ထိုနေရာတွင် ချိန်ခွင်လျှာသည် တခြားဘက်စောင်းနေပါသည် ။ ထိုအချိန်တွင် အကြွေးသည် တဖက်သူငယ်ချင်းမှ တင်သွားပါသည် ။ ထို့ကြောင့် ထိုသို့ ထိုသို့  အကြွေးများဖြင့် ပတ်လည်ဝိုင်းနေသော လူ့ဘဝမှာ ကျနော်တို့တတွေ အကြွေးမတင်ရေး နည်းလမ်းကို လိုက်နာခြင်းဖြင့် ရှောင်ကွင်းနိုင်ပါသည်။

အကြွေးများတွင် မည်သည့်အကြွေးမျှ မကောင်းပါ။ သူများဆီမှာလည်း မတင်ချင်ပါ ကိုယ့်ဆီမှာလည်း မကျန်ချင်ပါ ။ အကြွေးများကင်းစေရန် … စိတ်ထားဖြူစင်အောင်ထားပါ ။ ရန်ညှိုးမထားပါနှင့် ။ အပြုံးကိုပေးတတ်ပါစေ။ ဟန်မဆောင်ပါနဲ့ ။အမှန်အတိုင်းသာ စိတ်အေးအေးထားပြီးဆွေးနွေးပါ ။ ကိုယ်ကသာ လုပ်သင့်တာ အသိပေးသင့်တာတွေကို ချန်ထားပါက မိမိမှာ အကြွေးမကင်းပါ ။ ကိုယ်က ရိုးသားမှုကိုသာ အရင်းတည်ပါ ။

တခါ တရံ ကိုယ်က ကောင်းလိုက်သားနဲ့ တဖက်သား သို့မဟုတ် ပတ်ဝန်းကျင်က ဘယ်လိုမှ ကောင်းမလာဘူးဟု ဆိုမယ်ဆိုလျှင် ဒီစကားလေးကို သတိရလိုက်ပါ ။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာပါ။ ယခုပြုလိုက်သောသူသည် နောက်လာမဲ့ အကြောင်းအကျိုးတွေအတွက် အသစ်ဖြစ်ပြီး ကောင်းရင်လည်း ကောင်းကျိုးရပါမယ် ဆိုးရင်လည်း ဆိုးကျိုးရပါမယ် .။ ထိုကြောင့် ယခုပြုမူမှုသည် အသစ်ဖြစ်ပါသည် ။ ဖြစ်သူ အဟောင်းဆိုသည်မှာ ယခု ကိုယ်မလိုချင်တဲ့ အရာများ ဖြစ်နေခြင်း သို့မဟုတ် ပျော်ရွှင်နေခြင်းများ ရနေမှုဟာ ပြီးခဲ့တဲ့ အတိတ်က အကျိုးဆက် အဟောင်းပဲ ဖြစ်ပါသည် ။

ထို့ကြောင့် လက်ရှိပြုမူမှုတွေကို အနာဂတ်အတွက် ဖြစ်လာမဲ့ အသစ်များ ဖန်တီခြင်းဟု ယူဆပါ ။ လက်ရှိ ရရှိနေတဲ့ အခြေအနေတွေကိုတော့ဖြင့် ထိုနည်းတူ အရင်က ပြုလုပ်ခဲ့ခြင်းများရဲ့ ရလဒ်အဖြစ် သတ်မှတ်ပေးပါ ။ ဒါသည် အမှန်တရားဖြစ်သည်။ ထိုသို့နေလိုက်ခြင်းဖြင့် စိတ်ဆင်းရဲခြင်းများ ကင်းသွားပါမည် ။ မိမိဘဝကိုလည်း နေပျော်လာပါမည် ။ ထိုမှတဖန် ဘဝရဲ့ တိုတောင်းတဲ့ အချိန်လေးများကို တန်ဖိုးရှိတဲ့ အချိန်များအဖြစ် ပြောင်းလဲ ပစ်နိုင်ပါသည် ။

ယခု ကျနော်တို့တတွေ သည် ဘဝကို ကောင်းစွာ ဖြတ်သန်းရင်း အကြွေးများ ကင်အောင် လုပ်ဆောင်သင့်ပါသည်။ ထိုမှ တဆင့် အဆင့်မြင်သထက် မြင်အောင် ရွက်ဆောင်ဖို့ အားမာန်တွေကို ထုတ်ကြပါတော့လို့ ဆန္ဒပြုချင်ပါသည်။ ယခု နောက်ဆုံးစကားလေးတစ်ခွန်းအနေနဲ့  ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ စကားကိုနှလုံးသွင်းရင်း ပျော်ရွှင်တဲ့ ဘဝလေးများကိုဖန်တီးနိုင်ကြပါစေ.တောင်းဆုပြုချင်ပါသည် လှပသော ထာဝရ ခရီးဖြင့် မိမိဘဝကို ဖြတ်သန်းနိုင်ပါစေ . မိတ်ဆွေ…။

6-February-2011

ဘာနေ

Advertisements

One thought on “အကြွေး

  1. ဟုတ်တယ်။ အကြွေး-အကြွေးကင်းအောင်နေနိုင်ရင် လိပ်ပြာလုံစွာဖြင့်အသက်ရှင်ရပ်တည်နိုင်မှာပါ။
    အကြွေအများကြီးတင်နေသူကို ပတ်ဝန်းကျင်က လက်မခံတတ်ပါ။ တချို့ကအကြွေးယူဘို့ပဲသိပြီး
    ပြန်ဆပ်ရကောင်းမှန်းမသိသူတွေတပုံကြီးရှိပါတယ် ။ လူမှုရေးအကြွေးကိုပြောတာပါ ။
    ဒီနေရာမှာတစ်ချက်ပြောချင်တာက ဒီလိုလူမျိုးတွေနဲ့မကြာခဏတွေ့ကြုံလာတဲ့အခါမှာ
    မိမိစိတ်ကိုအတတ်နိုင်ဆုံးအကောင်းဘက်မှာတည်ရှိနေရန် ကျိုးစားဖို့လိုပါတယ် ။
    တစ်ချို့က စိတ်ချဉ်ပေါက်လာတတ်ပါတယ် ။ လူတွေဟာစေတနာနဲ့မတန်ဘူးဆိုတဲ့
    အပြောမျိုးတွေပြောလာတတ်ပါတယ် ။ မိမိတို့ရဲ့တန်ဖိုးကို ပတ်ဝန်းကျင်က ဆုံးဖြတ်သွားပါလိမ့်မယ်။
    အကြွေကင်းကြပါစေဗျာ——————————–

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s