သေခြင်းတရား

သေခြင်းတရား

အစရှိလျှင် အဆုံးဆိုတာ ရှိမည်.။

အဖြစ် ရှိလာလျှင် အပျက်ဆိုတာရှိမည်။

အကောင်းရှိလျှင်လည်း အဆိုးဆိုတာရှိကြသည်။

လောကကြီးအတွင်း အသက်ရှင်နေထိုင်ကြသော သက်ရှိမှန်သမျှ မွေးဖွားခြင်းမှ စတင်ကြပြီး သေခြင်းတရားအဆုံးဆီသို့ မလွဲမသွေ သွားကြရမည် ။ ဒါဟာ ထူးဆန်းသည့်အရာမဟုတ်.။ လူတိုင်း သေရမည်ကို ကြောက်တတ်ကြသည် . သေခြင်းတရား လို့ အသံထွက်တိုင်း ကျောတုံ တတ်သည် ။ ကိုယ့်ကိုယ်ကို မသေသော သူအဖြစ်လည်း သဘောထားတတ်ကြသည် ။ အမှန်မှာတော့ သက်ရှိတိုင်း သေကြရစမြဲ . သက်ရှိတိုင်းလည်း မိမိအသက်ကို ချစ်တတ်ကြစမြဲ ။ အဲ့ဒါကြောင့် တချို့ဖော်ပြကြတာက “သေခြင်းသည် မကြီးကျယ် … သေရမှာကြောက်သောစိတ် သည်သာ ကြီးကျယ်သည်” ဟု ဆိုကြသည်။ ဟုတ်ပါသည် .. သေခြင်းဆိုသည်မှာ သေသွားလျှင် ပြီးပါသည် ဘာမှ ထူးသည်မဟုတ် …။ သေရမှာကြောက်သောစိတ်သည် ထိုသို့မဟုတ် မသေခင် ကြောက်စိတ်ကြောင့် ဖြစ်တတ်သော အရာတွေသာ ထူးခြား၏ လူကို တမျိုးတမည်ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်၏ .. အကြောင်းမူ “လူသည်  စိတ်၏ စေရာဖြစ်၏”..။

တခါတခါ ကျနော်တို့ကိုယ့်ကိုယ် မသေတတ်သော သူအဖြစ် မြင်တတ်ကြ၏ သေခြင်းကိုလည်း ဘယ်တုံးကမှ မတွေ့ဖူးသူအဖြစ် မြင်တတ်ကြ၏ .. အမှန်မှာတော့ ဘဝတိုင်းကျနော်တို့ သေခဲ့ဖူးခဲ့ပြီ … သို့ပေမဲ့ ထိုဘဝတိုင်းမှာပဲ ယခုဘဝကဲ့သို့ သေခြင်းကို မသိခဲ့ .. မသေခင်သေရမှာ ကြောက်သော စိတ်များဖြင့်သာ ကြီးစိုးခဲ့တာ..ဒါကြောင့် ယခု ကျနော်တို့လက်တွေ ဖြတ်သန်းနေတဲ့ဘဝမှာလည်း သေခြင်းကို မြည်းမစမ်းဖူးလို့ မသိသလို ရှိနေခြင်းဟာ ထူးဆန်းသည်မဟုတ် .. ဒါပေမဲ့ အမှန်မှာတော့ ကျနော်တို့အားလုံးသေကြရမည် …။

သို့သော် ကျနော်တို့တတွေ မိမိနှင့်သက်ဆိုင်တဲ့ မလွဲမသွေ ဖြတ်သန်းရမဲ့ သေခြင်းတရား တံတားကို မည်သို့ ဖြတ်သန်းမည်လဲ .. အထိတ်ထိတ် အလန့်လန့်လား .. တွေတွေဝေဝေလား …ထူးဆန်းသောအရာအဖြစ်လား.. တည်တည်ငြိမ်ငြိမ်လား …ဘာမှ မသိပဲ ဖြတ်သွားမည်လား .. သေခြင်းတံတားမှန်းမသိပဲ ဖြတ်သွားမည်လား … အဲ့ဒီလို အမေးပေါင်းမြောက်များစွာဖြင့် ကိုယ့်ကိုယ်ကို မေးစရာ ဆင်ခြင်စရာ ဖြစ်လာပါတယ် .. ။ ဒီနေရာမှာ ကျနော်တို့တတွေ ရွေးဖို့ အခွင့်အရေးရှိတယ်ဆိုတာ ယခု အသက်ရှင်နေခြင်းက သက်သေထူနေပါတယ် ။ ဒါကိုသိဖို့ လိုပါတယ် .. ။ သေဖို့က လွယ်ပါတယ် နေဖို့က ခက်တယ်ဆိုပြီး ပြောကြတာတွေ ရှိပါတယ် ။ ဒါတွေက လောကသဘာဝပါ .. မှန်ပါတယ် ။ ဒါပေမဲ့ မည်သို့ သေသွားရမည်လဲ … သေလူများ အသေဖြောင့်ဖို့ စဉ်းစားစရာပါ…။

ကျနော်ဆို ကိုယ့်ကိုယ်ကို တွေးမိပါတယ် .. ငါ သေမဲ့ အချိန်မှာ .. မည်သို့ မည်ပုံ သေသွားနိုင်ရမည်လို့ ကိုယ့်ကိုယ်ကိုလည်း ပြောမိပါတယ် ။ ဒီနေရာမှာ တရားစကားနဲ့ နည်းနည်း ရောပြောချင်ပါတယ် .. ကျနော်တို့ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတဲ့  အထွဋ်အမြတ်ရည်မှန်းရာနေရာရှိပါတယ် ။ အဲ့ဒီနေရာကို ရောက်ဖို့ စိတ်ကို သတ်မှတ်ခြင်းများနည်းလမ်းကို ကျင့်သုံးမှ ရနိုင်ပါလိမ့်မယ် ..။ ဒါတွေကလည်း မည်သည်ကိုမှတ်၍ မည်သည်ကို ပယ် ဆိုတာတွေမှာ နည်းလမ်းကျ ဖို့လိုပါတယ် ။ အဲ့ဒါတွေသိရင်ဖြင့် ရုပ် နာမ် ချုပ်ငြိမ်းရာ နေရာ ဖြစ်တဲ့ နိဗ္ဗာန်ကို ရရှိမှာ ဖြစ်ပါတယ် ။ အဲ့ဒီနေရာကို လူအများက တော်တော်အလှမ်းဝေးတယ်လို့ ထင်နေကြပါတယ် …။

တကယ်တော့ ကျနော်လည်း ဘယ်လို ပုံစံမှန်းသေချာ မသိသေးပါဘူး ။ သိတယ်ဆိုရင်လည်း ကျနော် အဲ့ဒီနေရာကိုရောက်နေလို့လို့ ဆိုချင်ပါတယ် 😛 ။ ကျနော်အထင် ပြောပြမယ်နော် . . ထင်မြင်ခဲ့တာပါ နိဗ္ဗာန်ဆိုတာ .လေ ….. စာတွေထဲက သဘောအရ .. ရုပ်(ခန္ဓာ)လည်းမရှိ .. နာမ်(စိတ်)လည်းမရှိတဲ့နေရာ လို့ သိရပါတယ် ။ သက်ရှိလူဆိုတာကလည်း စိတ်နဲ့ ရုပ် တွဲနေခြင်းဖြင့် ဖြစ်တည်နေတာပါ။ စိတ်မရှိက ရုပ်သည်လည်း ရုပ်ချည်းသက်သက်မို့ အချည်းနှီး ။ ရုပ်မရှိပါက စိတ်သည်လည်း အတွေးလှိုင်းချည်းသက်သက်မို့ အရာမထင်နိုင်။ ဒါပေမဲ့ အဲ့နှစ်ခုသည် တည်ငြိမ်နေခြင်းမဟုတ် …။ လှုပ်ရှားနေတတ်တဲ့ အရာများဖြစ်ပါ၏။ ရုပ်သည် သူ့ရုပ် လိုအပ်ချက် ဖြစ်တဲ့ အစာများ လိုအပ်သလို .. စိတ်သည် သူ့ တောင်းတရာ ပျော်မွေ့ရာ များလိုအပ်နေသည်ချည်းဖြစ်သည်။  ထိုရုပ်နှင့်နာမ် ရဲ့အလိုကို လိုက်ပေးရခြင်းသည် ဆင်းရဲ ၏ ။ ဆင်းရဲသည် လိုချင်မှုမဟုတ် ။ လိုချင်တာ မဟုတ်သောကြောင့် ဒုက္ခဟု ခေါ်တွင်မည် …။

ရုပ်နာမ် နှစ်ခုလုံးသည် ဒုက္ခဖြစ်စေသော အကြောင်းအရာဖြစ်၏ ။ ဒုက္ခ ချုပ်ငြိမ်းအေးချမ်းဖို့ဆိုလျှင် ထိုနှစ်ခု မရှိမှ အေးချမ်းပေလိမ့်မည် ။ ထိုနှစ်ခုအေးချမ်းဖို့ မည်သို့ လုပ်ရမည်နည်း ။ ထိုအရာသည် နည်းလမ်းရှိ၏ ။ ထိုနည်းလမ်းကို ရှာဖွေပေးခဲ့သူမှာ ကျနော်တို့အလေးအနက် ကိုးကွယ်နေသည့် ကျေးဇူးကြီးလှသော မြတ်ဗုဒ္ဓပင် ဖြစ်ပါသည် .။ သူ့ နည်းလမ်း အဆုံးအမများသည် လွန်စွာမှ ထိရောက်၏ ထက်မြက်၏ ။ တုနှိုင်းမရှိ။ အကြောင်းမူ ထိုသို့သိရှိဖို့ စမ်းသပ်ကြည့်နိုင်ခြင်းဖြင့် သိနိုင်၏ ။

နေဖို့လည်း ရုပ်မရှိ ။ တွေးဖို့လည်း စိတ်မရှိ။ စွဲလမ်းဖို့လည်း အကြောင်းမမြင် ။ တပ်မက်ဖို့လည်း စိတ်မရှိ။ ထိုအရာသည် ငြိမ်ငြိမ်ကလေးနှင့် ငြိမ်းနေ၏ ။ အဲ့ဒါသည် ကျနော့်အတွးက နိဗ္ဗာန်ဖြစ်၏ ။ (အကြောင်းမူ စာအုပ်များမှ ဖော်ပြထားသည်များကို ပြန်တွေးခြင်းဖြစ်ပါသည်)။ ထိုသို့ ဘာမျှ လုပ်စရာ တွေးစရာမရှိ ကမ္ဘာမရှိသော နေရာကို ကျနော်တို့ စွဲလမ်းခြင်းနယ်ပယ်ကလူများ မည်သို့ နှစ်ခြိုက်နိုင်ပါမည်လဲ ။ ကျနော်ကိုယ်တိုင်တောင် အဲ့ဒီကို မသွားချင်စိတ် ဖြစ်နေပါသည်.။ ဘာဖြစ်လို့လဲဆိုရင် သံယောဇဉ်များ ၊ အနှောင်အဖွဲ့များဖြင့် မကင်းသေးသောကြောင့် သွားချင်စိတ် မရှိသေးတာပါ ။  တကယ် ဒုက္ခကို ဒုက္ခလို့ မမြင်သမျှ ကာလာပတ်လုံးသွားချင်စိတ်ရှိမည်မဟုတ်ပါ..။

ဒါပေမဲ့ သွားသင့်တဲ့ အရပ်ပါ .. ။ တကယ်တော့ သေခြင်းလွန်သော် ကျနော်တို့ ဘာဖြစ်မည်ကိုမသိရပါ  ။ ထို့အတူ အရင်ဘဝကလည်း ဘာဖြစ်ခဲ့မြန်းလည်းမသိရပါ။ ခုဘာဖြစ်နေတယ်ဆိုတာသာ သိနေရတာပါ ..။ တခါတခါ ကိုယ့်ကိုယ်ကိုတောင် ဘာဖြစ်နေမြန်းမသိချင်ဘူး 😛 ။ အဲ့လို မသိခြင်းများဖြင့် ဖြတ်သန်း မသိခြင်းများဖြစ် သေဆုံး  မသိခြင်းများဖြင့် နှစ်ပါးသွားခဲ့ရတဲ့ ဘဝပေါင်းများလှပါပြီ ။ ယခု လူ့ဘဝမှာဖြင့် အသိဥာဏ်လေးကပ်တုံး သိခြင်းများ ရှိအောင် ကြိုးစားမကြည့်သင့်ဘူးလား . မလုပ်သင့်ဘူးလား ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို မေးရမဲ့ အခြေအနေဖြစ်နေပါသည်။

ကျနော်တို့ ကြောက်နေတဲ့ သေခြင်းတရားကို ရဲရဲ ရင်ဆိုင်နိုင်ဖို့ မည်သို့သော အကြောင်းများက ခိုင်လုံစေမည်လဲ ။ လူတိုင်းမေးချင်တဲ့ အရာဖြစ်ပါလိမ့်မယ် .. ထိုမေးတဲ့သူများထဲတွင်လည်း ကျနော်လည်း ပါပါမည်… ။ ထိုအရာသည်မည်သို့နည်း …။ ဂေါတမမြတ်စွာဘုရား ကျင့်ကြံအားထုတ်ပြီး ပရိတ်နိဗ္ဗာန်ကို စံဝင်သွားစေနိုင်တဲ့ နည်းလမ်းပါ ။ ထိုနည်းလမ်းကို ဝိပဿနာ ဟု ခေါ်ပါသည် ။ဝိပဿနာ ဟုခေါ်သော အမှန်ကို မြင်စေတတ်သော သစ္စာဟု အနက်ရှိသော ဒုက္ခကို ဒက္ခဟု မြင်စေတတ်သော အသိဥာဏ်ဖြင့် ပိုင်းခြားတတ်မှ မိမိဘဝ ဖြစ်စဉ်နှင့် လောကကို အမှန်မြင်ပြီး သေခြင်းတရားကို ရင်ဆိုင်နိုင်ပါလိမ့်မယ် ။

ဝိပဿနာ .. မည်သို့သော အကြောင်းအရာပါမည်နည်း။ ( ထိုအရာကို ရှင်းပြဖို့ ကျနော် ဓမ္မကထိက တရားဟောဘွဲ့ကို ယူပြီးမှ ဖြစ်နိုင်မည်ထင်ပါသည် .. ။ အဘယ်ကြောင့်ဆိုသော် သေခြာမသိခြင်းက သက်သေဖြစ်ပါသည်။ ယခုတော့ သိသလောက် ပြောပြပါမည်။ 🙂 ) ဝိပဿနာမှာ သစ္စာလေးပါ ရှိသည်ဟု မြတ်စွာဘုရား ဟောကြားခဲ့ပါသည် .. ။ ထိုတရားတော်များကို သံဃာတော်များ က ထိန်းသိမ်းခဲ့လို့သာ ကျနော်တို့ သိခွင့်ရခြင်းပါ။ သစ္စာ ဆိုတာ ဘာလဲ လို့ မေးချင်မိမည်ထင်ပါသည်. ။ သစ္စာ ဆိုတာ အမှန်ဟု အနက်ရပါသည် ။ “သစ္စာရှိစမ်းပါကွာ” ဟု သုံးခြင်းဟာ “မလိမ်စမ်းပါနဲ့ မှန်မှန်နေစမ်းပါ”ဟု ဆိုလိုပါသည်။ သစ္စာလေးပါ  ကိုလည်း ထပ်ပြီး သိချင်နေပါမည် …  ထိုသစ္စာလေးပါ ဟူသည်

၁။ ဒုက္ခသစ္စာ

၂။ သမုဒယသစ္စာ

၃။ မဂ္ဂသစ္စာ

၎။ နိရောဓသစ္စာ … ဒါတွေပါ …။

ဒီလို အမှန်တရားလေးခုမှာ … တစ်ခုချင်းကို သိသလောက် ပြောပြပါမည်.။ ဒုက္ခသစ္စာ =ဒုက္ခဟု အမှန်မြင်ခြင်းပါ ။ သမုဒယသစ္စာ = သံယောဇဉ် စွဲလမ်းခြင်းများဖြင့် ရှိနေခြင်းကို သိသော အမှန်တရားပါ။ မဂ္ဂသစ္စာ = ထိုသို့ အမှန်သိသော ဥာဏ်  ကို ဆိုလိုပါသည်။ နိရောဓသစ္စာ = ထိုအရာတွေ ကို သိရှိပြီး လူ့ဘဝကြီး အတွင်းမှာ  ဖြစ်ခြင်းပျက်ခြင်းများဖြင့် တည်းရှိနေခြင်းကို ရပ်တန့်သွားစေတဲ့ နေရာ အမှန်တရား ဟု ဆိုလိုပါမည်။ နိရောဓသစ္စာ ကို နိဗ္ဗာန်ဟုလည်း ခေါ်ဆိုပါသည် .။ ထိုအမှန်တရားလေးပါကို လူတိုင်းသိခွင့်ရှိပါသည် ။ ထိနိုင် ကိုင်နိုင်ပါသည် သို့သော် မသိသေးပါက မည်သို့မျှ ထိကပ်နိုင်မည်မဟုတ်ပါ ။ ဒီအကြောင်းတရားများကို လူသားတိုင်း လေ့လာထားသင့်ပါသည် ။ တကယ်တော့ ကျနော်တို့ဘယ်အချိန်သေမည်ကို တွက်ချက် မသိနိုင်သောကြောင့် ထိုအရာများကို ပိုင်နိုင်အောင် လုပ်ထားသင့်ပါသည်။

သေခြင်းသည် အချိန် မရွေးလာနိုင်သည်။ သေခြင်းသည် လူမရွေး ထိတွေ့နိုင်သည်။ သေခြင်းသည် မည်သည့်မျက်နှာကိုမျှ မထောက် သူလာချိန်တန်လျှင် ရက်ရက်စက်စက် ပြုမူတတ်သည် .။ သေလွန်ပြီးလျှင် ကျနော်တို့ဘာမျှ မလုပ်နိုင်ပါ ..။ ခုလိုလည်း တွေးနိုင်မည်မဟုတ်ပါ ။ တရားများလည်း အားထုတ်နိုင်မည်မဟုတ်ပါ။ ထိုသို့အားမထုတ်ပဲ သေခြင်းနှင့် ရင်ဆိုင်ရပြီဆိုပါလျှင် … နောင်မှ တတ နေရတဲ့ နောင်တ တရားက ကျနော်တို့ကို အမှောင်အတွင်းသို့ ဆွဲခေါ်သွားပါလိမ့်မည်။

သေခြင်းကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ကျနော်အကြံပေးချင်ပါသည် ။ မိမိဘက်မှ မည်သို့သော ကြိုတင်ပြင်ဆင်မှုများဖြင့် ဖြတ်ကျော်မည်လည်း ဆိုတာ တွေးထားသင့်ပါသည် ။ မိမိရဲ့ တနေ့တာမှာ အချိန်အနည်းငယ်မျှ မပိုပေဘူးလား ထည့်တွေးကြည့်ပါ …။ တရားဘဝနာဆိုသည်ကို အမြဲတမ်းလုပ်ပါလို့ တိုက်တွန်းနေခြင်းမဟုတ်.။ အချိန်ပိုအတွင်းမှ မိမိစိတ်တည်ငြိမ်ဖို့ကို ဦးတည်ပြီး လုပ်စေချင်ပါသည် ။ စိတ်တည်ငြိမ်လာပြီဆိုလျှင် မည်သူမပြောပြော မိမိကိုယ်ကိုယ် မိမိသိလာပါလိမ့်မည်.။

မည်သို့သော အကျင့်ဖြင့် စိတ်တည်ငြိမ်အောင် ၊ သေခြင်းတရားကို အပြုံးဖြင့် ရင်ဆိုင်နိုင်အောင် လုပ်နိုင်မည်လဲ မေးချင်နေမယ်လို့ ထင်ပါသည်။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ဖြေပါမည်.။ ကျနော့် စိတ်ကူးအတိုင်းဖြေပါမည် အလွဲအချော်ရှိတတ်ပါသည် ပြီးလျှင် ဖြည့်စွက်ပေးစေချင်သည်။ ထိုအရာကို စတင်ဖို့ …. ပထမ .. မိမိ နှာခေါင်းမှ ဝင်လာသော လေကို သတိဖြင့် သိရပါမည် … ထိုလေသည် မိမိနှာသီးဝကို တိုးဝှေ့သွားပါသည် .. ထိုသို့တိုးဝှေ့ခြင်းကို သိခြင်း သတိဖြင့် သိထားရပါမည် ။ ထို့နောက် ဝင်လေအပြီး ထွက်လေ ကိုလည်း ထို့အတူ နှာသီးဝမှာ ထိခြင်းကို သိထားအောင် သတိထားရပါမည် . ။ ထိုသို့ ဝင်လေ ထွက်လေ ကို သတိမှတ်ပေးခြင်းဖြင့် သမာဓိကို ရစေပါသည် ။ ထိုသို့ သမာဓိ စိတ်ခိုင်မြဲခြင်း ဖြစ်လာပါက . ဝိပဿနာ ဥာဏ်ဟု ခေါ်ဆိုအပ်သော ဖြစ်၊ပျက် ရှူ့ခြင်းဘက်ကို ကူးပြောင်းပြီး လေ့ကျင့်နိုင်ပါသည် …။

ယခု စာဖတ်သူ ကျနော့်မိတ်ဆွေမှာ ထိုသို့ အသေးစိတ် သိရှိချင်တာ ရှိနိုင်ပါသည် ။ ဒီ့ထက် ပိုသိရှိလိုပါက မေးနိုင်ပါသည် …။ ယခုတော့ ဒီလောက်နဲ့ပဲ သေခြင်းတရားကို ဖြတ်သန်းဖို့ နည်းလမ်းတစ်ခုအဖြစ် ပြန်လည်ပြောပြခြင်းဖြစ်ပါသည် .။ ယခုလောလောဆယ်တော့ မိမိစိတ်ကိုတည်ငြိမ်အောင် ထားပါ .။ ထိုသို့ ထားခြင်းဖြင့် လောကီ (လူမှုရေး၊စီးပွားရေး) ရော လောကုတ်(တရားဘာဝနာ) ပါ အကျိုးဖြစ်စေပါမည် ..။ သို့အတွက် အချိန်မလင့်စေချင်ပါ … ။ တကယ်တမ်းတွေးကြည့်မယ်ဆိုရင် လူသားများ သည်သာ ထိုအသိဥာဏ်ကို  ရရှိနိုင်သည်ဖြစ်သောကြောင့် ရရှိတဲ့ လူ့ဘဝကို ပိုင်ပိုင် အသုံးချနိုင်ကြပါစေလို့ အားပေးဆန္ဒပြုချင်ပါတယ် … ။ သင်တစ်ယောက် ….. လုပ်ချင်တာ လုပ်နိုင်တဲ့ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ပါစေ ……………………..။

ရေလို အေးလို့ … ပန်းလိုချမ်းမြေ့ပါစေ…………………….။

28-January-2011

ဘာနေ

Advertisements

4 thoughts on “သေခြင်းတရား

  1. ဖတ်ခဲ့ဖူးတဲ့နတ်မှီတောရဆရာတော်ရဲ့စာအုပ်ထဲကအကြောင်းအရာလေးကို မှတ်မိသလောက်ရေးခဲ့ချင်ပါ
    တယ် ။ အတိအကျတော့မဟုတ်ပါ ။ ဒုက္ခ နဲ့ပတ်သက်ပြီးဆရာတော်က ဒုက္ခ ဆိုတာကို ဆင်းရဲခြင်းလို့ပဲ
    တော်တော်များများကသိကြတယ်-တဲ့ ။ အမှန်တော့ ဒုက္ခ ဆိုတာ (ဒု ခမတီတိ ဒုက္ခံ ) မနှစ်သက်ခြင်း လို့
    လဲ အဓိပ္ပါယ်ရပါတယ်တဲ့ ။ ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာသုတ်မှာ ဇာတိပိ ဒုက္ခံ ၊ ဇရာပိဒုက္ခံ ၊ ဗျာဓိပိဒုက္ခံ ၊
    မရဏန္ပိ ဒုက္ခံ ၊ သန္ဓေနေရခြင်း ၊ အိုခြင်း ၊ နာခြင်း ၊ သေခြင်း တွေဟာ ဆင်းရဲတွေပဲလို့ ဘာကြောင့်ဟောခဲ့
    ရသလဲဆိုရင်တဲ့ ၊ လူတွေဟာ ဒီတရားတွေကို အလိုမရှိလို့ မနှစ်သက်လို့ပဲတဲ့ ၊ ဘာကြောင့်မနှစ်သက်ရ
    သလဲဆိုရင် သဘာဝတရားကို သဘာဝတရားလို့ မမြင်နိုင်ကြလို့ပါတဲ့ ။
    —— ဒါလေးဖတ်ပြီး တွေးကြည့်စေချင်ပါတယ် ။ စိတ်ညစ်တယ် ၊ စိတ်ဆင်းရဲတယ် ဆိုတာ ကျွန်ုပ်တို့စိတ်
    ထဲမှာ မနှစ်သက်မှုတွေဖြစ်ပေါ်နေလို့ပါပဲ ၊ ရှောင်လွဲလို့မရတဲ့ မနှစ်သက်မှုတွေကို လက်ခံနိုင်အောင် လေ့
    ကျင့်ထားနိုင်မယ်ဆိုရင် စိတ်ညစ် စိတ်ဆင်းရဲခြင်းတွေ ပေါ့လျော့သွားလိမ့်မယ်ထင်ပါတယ်
    သူတော်ဓလေ့မှာ မကြာခဏ ပျော်မွေ့နိုင်ပါစေ ဓမ္မမိတ်ဆွေ

  2. စိတ်ကိုငြိမ်းချမ်းသွားတာပဲ…………ကိုဘာနေရေ။

    1. ဟုတ်ကဲ့ ကျေးဇူးပါဗျာ .. လူတိုင်းက လုပ်ရင် ဖြစ်မယ်သိပြီး မလုပ်ဖြစ်ကြတာပါ ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s