ကဗျာ ရဲ့ ကဗျာ …

ကဗျာတစ်ပုဒ် ရေးဖို့ဆိုပြီး ရည်ရွယ်လိုက်တာ မဟုတ်ပေမဲ့ ကဗျာ တစ်ပုဒ်ဖြစ်သွားတာတော့ ကျနော်လည်း မတတ်နိုင်ဘူး အဲ့ဒါ စစခြင်းတော့ ကဗျာရဲ့ အဓိပ္ပါယ်ကို ဖော်ဖို့ပဲ အစီအစဉ်က နောက် ရေးတဲ့ဟာကို ကဗျာ ပြန်လုပ်ပစ်လိုက်တာ အောက်က ကဗျာ ဖြစ်သွားတယ်လို့ပဲ ကြိုပြော ပါရစေဗျာ … အမှန်တော့ ကျနော်ဟာ ကဗျာ ချစ်တတ်သူပါ . စာပေကိုလည်း မြတ်နိုးပါတယ် . ဘဝလမ်းကြောင်းမှာ တွေ့တဲ့ သူငယ်ချင်းတွေကိုလည်း ခင်မင်တယ် တန်ဖိုးထားတယ် လေးစားတယ်  တစ်ခုခုဆို စိတ်ပူမိသလို ဖြစ်မိတယ် .. ။ ခု ကဗျာကတော့ ကျနော့်လို ကဗျာ ချစ်တတ်သူတွေကတော့ နားလည်မယ် ထင်ပါတယ် … ကြိုးစားပြီး ဖတ်ပေးပါအုံးနော် .. ဘယ်ဟာ တွေလိုသေးလဲ မှတ်ချက်လေးတွေလည်း ပေးခဲ့အုံးဗျာ .. ကျေးဇူးပဲ..။

🙂 🙂 🙂

………………………………………………

ကဗျာ ရဲ့ ကဗျာ


ကဗျာ ကဗျာ   ထိုအရာသည်

အတွေးနက်နဲ  စိတ်နဲ့တွေးပြီး

ရေးကြီးခွင်ကျယ် စာစီထည့်လို့

ဘောင်ခတ်ဖွဲ့စည်း ဖန်တီးခြင်းပါ ။


ကဗျာ ကဗျာ     ပုံခနိုင်းယှဉ်

ကျည်ဆံယမ်းနဲ့  အဏုမြူလို

ရှည်ရှည်စာကြောင်း  စကားတိုတို

စံထိုးသတ်မှတ်    ခိုင်းနှိုင်းစေချင်…။


ကဗျာဆရာ       ချစ်လို့ရေး၏

ကဗျာမုန်းလျှင်    စိတ်ကူးမထင်

ကကြီးကခွေး      ပညာရေးကို

ရှုပ်သည့်အထင်   ဆန့်ကျင်လိမ့်မည်..။


ကဗျာဒီဟာ      သူဟာ ဘဝ

ကဗျာသီတာ     သူ့မှာသက်ရှိ

ကဗျာမည်လာ   သူဟာပင်မ

ကဗျာရသ        သူထုတ်ပြ၏ ။


ရေးသူတိုင်းချစ်   ဖတ်သူတိုင်းနှစ်

ကဗျာစစ်က      သူစွမ်းလှ၏

ချစ်သူနှစ်ဦး      ဆင်ပြေထူးဖို့

ယဉ်တစီးလို      ထမ်းဆောင်ပေး၏ ။။


ကဗျာပမာ    ဥ ဥတဲ့ ပင်

အမြင်ရှန်းရင်  ပင်စည်ပဲမြင်

အမြင်နက်မှ    ဥရှိမှန်းသိ

တူးဆွကြည့်ဘိ   အနက်သိ၏..။


ဤသည်ကဗျာ    ဖွဲ့နွဲ့ပါ၏

နက်နဲတန်ဖိုး     မြေလျှိုးမိုးပျံ

စိတ်လမ်းမြေပုံ    ကျဉ်းချုံးဖော်ပြ

လိုရာခက်ဆစ်    သူဖွင့်ပြ၏ .။


ကဗျာပညာ     အထာတတ်ဖို့

ကဗျာနားလည်   စာဖတ်ကြွယ်မှ

သက်မဲ့ကဗျာ    ထကတတ်အောင်

ကိုယ်တိုင်သီကုံး    စွမ်းနိုင်လိမ့်မည်…။

13.January.2011

ဘာနေ…………………

Advertisements

4 thoughts on “ကဗျာ ရဲ့ ကဗျာ …

  1. သူငယ်ချင်းတစ်ယောက်ကတော့ကဗျာအကြောင်းနားမလည်ပဲတစ်ချို့က comment တွေရေးရေးသွားတယ်လို့ပြောပါတယ် ၊
    ဘယ်လိုလိုပဲဖြစ်ဖြစ် ကိုယ်ထင်တာရေးထားခဲ့ပါတယ်၊
    ကာရန်ကိုတော့မပြောလိုပါ ၊ အသံစီးဆင်းတာ ထောင့်နေသလိုပဲ
    ထင်မိတယ် ။

  2. I forgot that I am a human while I was reading your poem,you are a fantastic poet.Thank you for your natural-born ability in poetics.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s