ဒီနှစ် 14 ရက် နိုဝင်ဘာ 2010 မှာ တောင်ကြီး ဘက်ကို ဘုရားဖူးထွက်ဖြစ်ပါတယ်
အစကတော့ တောင်ကြီး မြို့ပဲ ထင်မိတာ . နောက်မှ နေရာ တော်တော်စုံသွားတယ် တစ်ခါမှလည်း မရောက်ဖူးဘူး အဲ့ဘက်ကို အရင်ကတော့ သွားမယ်သွားမယ်နဲ့ ကြိမ်းထားတာ ခုနှစ်ဗျာ တကယ်ကိုသွားဖြစ်တာ .. သွားတုံးဓါတ်ပုံ လေးတွေ ရိုက်ဖို့ဆိုပြီး အားခဲထားတာ ရိုက်တော့ ရိုက်ဖြစ်တယ် ဒါပေမဲ့ ပုံထွက်တွေကသိပ်မကောင်းဘူး ဖြစ်နေတာ ခုမှ မကောင်းလည်း အမှတ်တရပဲ ဆိုပြီး ဒီဘလော့ပေါ် ပစ်တင်လိုက်တာ .. တောင်ကြီး မီးပုံပျံပွဲတော်မှာ တော်တော်ပျော်ပါတယ်… မီးကျီလွှတ်တာကို ခုမှ အနီးကပ် မြင်ဖူးတော့တယ်ဗျာ .. တော်တော် ကို ကြည့်လို့ကောင်းတာပါ …
အဲ့ဒါ မီးပုံပျံ လွှတ်ဖို့ ပြင်နေကြတာ မှိုင်းတိုက်နေတာ မဝသေးတော့ အပေါ်မတက်နိုင်ဘူးဗျာ
အဲ့ဒီမှာ တစ်ချို့ ပျက်တာတွေရှိတယ် အောက်ဘက်က တွဲတာတွေက လေးရင်လည်းမတက်ဘူး တစ်ချို့အလုံးတွေက ဘေးဘက်က အလှဆင်မီးက လောင်ပြီး မလုံတော့ ပျက်တာလည်းရှိတယ် အများစုကတော့ အဆင်ပြေတယ်ဗျာ ညဘက်ဆိုတော့ ကြည့်လို့ အရမ်းကောင်းတယ်
အဲ့ပုံကတော့ အောက်ဘက်က ငှက်ပုံပါ အလှဆင်တွဲပြီးလွှတ်တာပါ အဲ့တုံးက အောက်ဆွဲတာက လေးပြီး အထက်မတက်ချင်ဘူးဗျာ … တော်တော်ကြာတယ် နောက်မှ အမြီးဖြတ်လွှတ်မှ တက်သွားလေရဲ့.ဗျာ
ခု မီးကျီပုံပါ ..
အဲ့ဒါက အနီးကပ်ကြည့်တာတွေလေ အပေါ်မော့မကြည့်ရဲဘူး ရမ်းရိုက်ရတာ မီးကျီက အောက်ပြုတ်ပြုတ်ကျတာ ဘေးကလူတွေကလည်းဝပ်လို့ အသံကလည်း တဖြောင်းဖြောင်းနဲ့ လွန်တယ်ဗျာ အဲ့နားက လူတွေ အကုန်လုံးက လည်း ကြည့်လည်းကြည့်ချင် မျက်နှာပေါ်ကျမှာလည်းစိုးဖြစ်နေတာ .. ကျနော်ရောတူတူပဲ .. ခြေထောက်ပေါ်တစ်ခုလာကျသေးတယ် ပူသွားတာပဲ.. ဟီးဟီး
အဲ့ပုံတွေကြည့်ဗျာ တော်တော်လှတာ . ဒါတောင် မကြည့်ပဲ ရိုက်လိုက်တာလေ . …
ရိုက်ပြီးမှ ပုံတွေပြန်ကြည့်မိတော့တယ် .ခုလည်း ကိုယ်ပိုင်ဘလော့မို့ တင်ဖြစ်တာပါ သူများ မကြည့်တောင် ကိုယ့်ဘာသာ ပြန်ကြည့်လို့ရအောင် တင်ထားတာပါ. ( 😛 )
တောင်ကြီးတန်ဆောင်တိုင်ကိုတော့ ရောက်ဖူးအောင်သွားသင့်တယ်နော မရောက်သေးတဲ့သူတွေ အဲ့မှာ ချမ်းတယ်ဗျာ .. ကျနော် ရောက်တာ 15 ရက်နေ့ ည စတာက 14 ရက်နေ့က လပြည့်ညမတိုင်ခင်ကို လူတွေက ပြည့်ညပ်လို့ဗျာ
အတွင်းထဲ ဝင်သွားတော့လည်း မမြင်ဖူးတာ ကြာပြီဖြစ်တဲ့ ခြောက်ကောင် ကစားဝိုင်းတွေက သတ်မှတ်ထားတဲ့ ကွင်းတစ်ခုလုံးအပြည့်ဗျာ တစ်ခါမှ မတွေ့ဖူးပါဘူး အဲ့လို လောင်းကစားဝိုင်းကို
အဲ့ဒါကတော့ တောင်ကြီးမြို့ မှာ ရောက်ဖြစ်တဲ့ ညဘက် တန်ဆောင်တိုင် မီးပုံးပျံပွဲပေါ့ဗျာ …
နောက် တောင်ကြီးရဲ့ တောင်ဘက် တော်တော်ဝေးဝေးမှာ ရှိတဲ့ မွေတော် ကက္ကူကိုလည်းရောက်တယ်ဗျာ ..အဲ့မှာ ဘုရားတွေ တည်ထားလိုက်တာဗျာ ညပ်သပ်လို့
ရှေးဟောင်းဘုရားတွေပဲ တစ်ချို့ဆို အုတ်ပုံလေးတွေပဲ ရှိတယ် တချို့ကတော့ ပြုပြင်ထားတာ၊ အဲ့ နေရာကို အရင်က ဝက်တစ်ကောင်က မြေကြီးကို ထိုးဆွရင်းတွေ့တာလို့ပြောတာပဲ .. သေချာတော့ မသိဘူး ရွေဝက်ဆိုပြီး အရုပ်တစ်ခုတော့တွေ့တယ် …
အဲ့ဒါ ဘုရားရဲ့ အနောက်ဘက် မုတ်ပေါက်မှာပါ …….
ကက္ကူကနေအပြန်မှာ လမ်းတစ်လျှောက် စိုက်လက်စ ကြက်သွန်ဖြူခင်းတွေ တွေ့ခဲ့ရသေးတယ် ကြက်သွန်ဖြူစိုက်တာ အဲ့မှာပဲ သေချာမြင်ဖူးတယ် .ရေသွင်းစိုက်တာ မျိုးစေ့ အတက်တွေကို မြေခြောက်ထဲမှာ ပက်ဖို့ပြီး ဘောင်တွေကန့် ရေသွင်းပြီး စိုက်တာ .. သူ့ဓလေ့နဲ့သူတော့ အဟုတ်ပဲ .. လမ်းတစ်လျှောက် အနောက်ဘက်ကို မျှော်ကြည့်လိုက်ရင် လှပတဲ့ တောင်တန်းတွေက စိမ်းပြာပြာနဲ့ ရှုမငြီးဘူး … အဲ့ဒီညနေမှာပဲ တောင်ကြီးရဲ့ အရှေ့ဘက် မိုင် 140 ကျော် ဝေးတဲ့ ထန်စမ်းဂူကို သွားလိုက်ပါသေးတယ် .. အဲ့ဒီနေရာကလည်း အထင်ကရ ပါပဲ တောင်ကြီးဘက်ကို အလည်ရောက်ခဲ့ရင် အဲ့နေရာကိုလည်း သွားစေချင်တယ်ဗျာ .. ဂူအရှည်က ပေ တထောင်လောက်ရှည်မယ်ထင်တယ် အတွင်းထဲမှာ ကွေ့ပတ်ပြီး တည်နေတာ .. အပေါ်က ကျောက်စက်ရေကလည်း တပေါက်ပေါက်နဲ့ အေးလိုက်တာ .အတွင်းဆုံးမှာ ရေ တွေက ရေတံခွန်ပုံစံ ထွက်ကျနေတာ .တယောက်ထဲတာဆို အတွင်းထဲ ထိ မသွားရဲသလောက်ပဲ အများနဲ့သွားတာကိုပဲ ချမ်းစိမ့်စိမ့်နဲ့ ကြက်သီးထတယ် … ခု အောက်က ပုံက ဂူအဝင်ဝမှာ ရိုက်ထားတဲ့ပုံပါ …
အဲ့ဒီထန်စမ်းဂူကနေ အပြင်ထွက်တော့ ဂူဝမှာ အလှူလုပ်တဲ့ နေရာရှိတယ် သပ်သပ်လွတ်ကျွေးတာ အများပြောတာကတော့ ရောဂါကင်းတယ်ဆိုပဲဗျာ စားရအောင်လို့ ခေါ်တယ်ကြတာနဲ့ ဝင်စားဖြစ်တယ် .. ( ညစာ တနပ်တော့ လွတ်သွားတယ်လေ 😛 )
အဲ့ဒီမှာ အလှူမဏ္ဍပ်မှာ ရေးထားတဲ့ ဆိုင်းဘုတ် တစ်ခု မှတ်မှတ်ရရ ရိုက်ဖြစ်ခဲ့ပါတယ် .
ဒီလိုနဲ့ အဲ့ဘက်ကို ဘုရားဖူးအဖြစ်ရောက်ခဲ့ပါတယ် နောက်နေ့မှာတော့ အင်းလေး . နဲ့ ပင်းတယဘက်ကို ဆက်လက်ရောက်ပြန်ပါသေးတယ် .. သူငယ်ချင်းတို့လည်း အဲ့ဒီလို ပျော်ရွှင်စရာ ခရီးလေးများ သွားရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ .. 🙂 🙂 ။
ဘာနေ
21.12.2010
တောင်ကြီးတစ်ဝိုက်လည်ပတ်လေ့လာစရာတွေအများကြိးကျန်သေးတယ်။နောက်တစ်ခါလာလည်ပါဦး။အင်းလေး ကန်အနောက်ဘက် ဟဲယားရွာမ ကနေဆက်သွားရတဲ့အင်းတိန်ကို မြန်မာတွေသိပ်မသိပေမဲ့နိင်ငံခြားသားတွေကတော့ရောက်အောင်သွားကြတယ်။ကက္ကူ လိုပဲ အလောင်းစည်သူမင်းကြီးရောက်တော့တည်ထားကိုးကွယ်ခဲ့တာလို့ပြောပါတယ် စေတီတွေအများကြီးရှိပါတယ်။အင်းလေးကန်ကနေလှမ်းကြည့်လို့ဘယ်လိုမှမမြင်ရပါဘူး။မြန်မာပြည်မှာအရှည်ဆုံးစောင်းတန်းလို့ပြောပါတယ်။ဆောင်းတွင်းရောက်ရင် သွားတဲ့အခါမှတ်တမ်းပုံတွေတင်ပေးမယ်။
ဟုတ်ကဲ့ အမ လှယဉ်ဝိုင်းရေ နောက်တခါ လာလည်ဖြစ်ရင် ရောက်အောင်သွားပါမယ် .. ကျေးဇူးပါ .. အဲ့ဘက်က တကယ်ပျော်စရာကောင်းတက်ဘက်ပါ .. ကျနော် တောင်တန်းတွေကို နှစ်သက်တယ် သစ်တောတွေကို ချစ်တယ် .. သဘာဝကို မြတ်နိုးတတ်တယ် .. ဒါကြောင့် အဲ့လိုနေရာတွေကို ပိုပြီးသွားချင်မိတာပါ .. ။