၁။ လူတိုင်း ချစ်တတ်လာလျှင် အချစ်ကို အဓိပ္ပါယ်ဖွဲ့ကြ၏.
၂။ အချစ်မရှိလျှင် အမုန်းဆိုတာလည်း ရှိလာမည်မဟုတ်။
၃။ အချစ်ရဲ့ ဆန့်ကျင်ဘက်က အမုန်းတစ်ခုထဲလား မေးချင်မိသည်။
၎။ အချစ်ဆိုတာ မည်သို့ ခေါ်သနည်း ။
၅။ အချစ် ဟူသည် နှလုံးသားရဲ့ အသက် ဖြစ်ချေမည်။
အချစ်သည် တစ်ဦးတည်၌ ဖြစ်တည်မည်မဟုတ်
အချစ်သည် နှလုံးသားနှစ်ခုအား ကမ္ဘာတစ်ခု တည်ဆောင်ပေး၏
အချစ်သည် လူနှစ်ယောက်အတွက် နွေးထွေးစေ၏
အချစ်ကြောင့် လူနှစ်ယောက် ပြုံးပျော်ကြ၏
အချစ်သည်ပင် နှလုံးသား အသက်အတွက် အောက်ဆီဂျင်ကဲ့သို့ဖြစ်လိမ့်မည်
အချစ်၏ အတိမ်အနက်သည် ဆင်းကြည့်မှ သိတတ်သောအရာဖြစ်၏
အချစ်၏ ပုံသဏ္ဍန်သည် မိမိ၏ရင်၌ ခံစားရင်း ဖြစ်ပေါ်၏
အချစ်ကို သက်ရှိဟု ယူဆမည် အကြောင်းမှာ
အချစ်ကို သက်ရှိများပိုင်ဆိုင်ကြသောကြောင့်ဖြစ်သည်
အချစ်မရှိသော နှလုံးသားသည် စက်ရုပ်တခု ဖြစ်လိမ့်မည်
အချစ်ဟူသည်သာ အချစ်ရဲ့ အားကိုးယုံကြည်ရာဖြစ်မည်
အချစ်မှာ ရယူခြင်းနှင့် တွဲလာပါက အချစ်မမည်
အချစ်မှာ စွမ်းအားနှင့်အတူ ဖေးမ ကူညီတဲ့ စိတ်ပါ တွဲနေ၏
အချစ်သည် အချစ်အတွက် ကြွေးကြော်၏
ဤနေရာတွင် ကျနာ့် အချစ်ကို အနည်းငယ် ခင်းပြချင်သည်.
ကျနော်သည်လည်း သူ့အတွက် အချစ်နှင့် အပြိုင်ကြွေးကြော်မည် .
ထိုကြောင့် သူ့ကို ကျနော်ချစ်သည် ။
သူ့ ကျေနပ်မှုသည်ပင် ကျနော့် ကျေနပ်မှု ဖြစ်သည် …ထို့ကြောင့်
သူသည်ကျနော် ကျနော်သည် သူဖြစ်မည်
သူမသည် ကျနော့် အချစ်ဖြစ်၏ ကျနော်သည်သူမအချစ်ဟု သူမ ယူဆလိမ့်မည်
သူမသည် ချစ်စရာ ကောင်းသည်
ထိုသို့ သူမ ကျနော့်ကို ချစ်မည် ထင်မိသည်
သူမရင်ထဲသို့ ခဏခဏ ဆင်းကြည့်မိ၏
အချစ်တွေများလျော့သွားလေသလား စစ်ဆေးမိ၏
သို့သော် အချစ်တွေသည် လျှော့မသွားပဲ တိုးလာမြဲ ဖြစ်သည်
အကြောင်းမည် သူမသည် အချစ်စမ်းချောင်းတစ်ခု ဖြစ်နေလို့ ဖြစ်သည်။
အချစ်သည် လှုပ်ရှားမှုရှိ၏ ခုန်ဆွခုန်ဆွနေ၏
ချိုင့်ထဲသို့လည်းကျနိုင်၏ တောင်ကမူပေါ်သို့လည်းရောက်နိုင်၏
တစ်ချို့သည် အချစ်နဲ့တွေပြီးပါက မျက်စိများမှိတ်နေတတ်သည်
လမ်းများကိုလည်း ကြက်ခြေခတ်ပစ်တတ်ကြသည်.
သို့ပေမဲ့ အချစ်ကိုတော့ မိုက်မဲသည်ဟု မထင်ကြ
ပို၍ပင်တပ်မက်ကြသည် တောင်းတကြသည်
ပိုင်ဆိုင်လိုခြင်းသည် အချစ်လော အချစ်သည်ပင် ပိုင်ဆိုင်ခြင်းကို ဦးတည်သလော မေးရန်ရှိသည်။
အချစ်သည် အချစ်ဖြင့် သီးသန့်နေမည်ဆိုပါလျှင့် အချစ်ကြောင့် စိတ်ဆင်းရဲမှု နည်းသွားပေလိမ့်မည်
အချစ်သည် လူနှစ်ယောက် ပေါင်းစပ်ဖို့အတွက် လမ်းခင်းပေးသောအရာ ဟု ယူဆမယ်ဆိုလျှင်
ပေါင်းစည်းခြင်း အခက်အခဲကြောင့် အချစ်၏ ခြေရာများသည် နေရာအနှံပျံ့ကျဲနေမည်ဖြစ်သည်.
နှလုံးသားနှင့် အချစ်သည် တွဲစပ်နေ၏ ဟု ထင်မိသည်. အကြောင်းမူ
ဦးနှောက်မှ အချစ်မွေးဖွားသည်မဟုတ် ….
အချစ်တည်ထောင်သူတို့သည် ပျိုကွဲ ပျက်စီးခြင်းသို့ ဦးတည် ရည်မှန်း၍ အစပျိုးသည်ဟု
သမိုင်းစဉ်တလျှောက် လုံးဝမတွေ့ရနိုင် နောက်နောင်တွင်.ရှိလည်းရှိမည်မဟုတ်
အချစ် ၏ အဓိပ္ပါယ်ကား တည်ရှိသည်..ဟု ကျွန်ုပ်ဆိုချင်သည်
အကြောင်းမူ အရာရာတွင် သတ်မှတ်ချက် အနက်ရှိ၏ အနက်သည် အဓိပ္ပါယ်ဖြစ်၏
အဓိပ္ပါယ်ဟူသည် လွယ်ကူစွာနားလည်ရန်ဟု ယူဆမိသည်. ထို့အတူအချစ်အတွက် လွယ်ကူစွာနားလည်ရန်ရှိသည်။
ထိုနေရာသည် အများစု လက်ခံကြမည်ထင်ပါသည် ထိုအရာကိုဖော်ပြပါဆိုလျှင်
မေးခွန်းတစ်ခုကို လေထုထဲသို့ လွှင့်တင်မှဖြစ်မည် လေထုမှ ကမ္ဘာအနှံ့ပျံနှံ့ပေလိမ့်မည်.။
ကမ္ဘာအနှံ့မှာရှိတဲ့ လူတိုင်း၌ အချစ်အပေါ် ထင်မြင်ခြင်း အမျိုးမျိုး ရှိသည်. ထိုအရာသည် သူတို့အတွက်
အချစ်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ပါသည်.။
လူတိုင်းရင်မှာ အချစ်ဆိုတာကို ခံစားကြ၏ သို့ပေမဲ့ သူတို့ ထုတ်ဖော်ပြနိုင်ချင်မှ ပြနိုင်မည် အမှန်တကယ်တော့ သူတို့ ရင်ထဲ နားလည်လို့သာ အချစ်ကို ရင်ဖွင့်ကြ၏ ချစ်ကြ၏ တဖက်မှလည်း လက်ခံ၏ ချစ်၏ . သို့တစေ အချစ်သည် တစ်ခုတည်းသော အကြောင်းပြချက်ဖြင့် ရုပ်လုံးဖော်ဖို့ မတတ်နိုင်ပါ …
အချစ်သည် ကျနော့် ရင်ကို့ ခုန်သွားစေခဲ့တာတော့ အမှန်ဖြစ်သည်။
🙂 🙂 🙂
ဘာနေ
20.12.2010
ဒါလည်း ဟုတ်နေတာပဲ …
ထို့ကြောင့်အချစ်ဟုခေါ်သည်ဟုအဓိပ္ပါယ်ဖွင့်ကြပါတယ် ၊ အချစ်ဟုခေါ်သည်ဆိုသော ထို့ကြောင့်သည်
ပြည့်စုံဖို့မလွယ်ပါ ၊ ထို့ကြောင့်——-အချစ်သည်တစ်ခုတည်းသောအကြောင်းပြချက်ဖြင့်ရုပ်လုံးဖေါ်ဖို့မတတ်
နိုင်ပါ ၊ အချစ်သည်ကျွန်တော့်ရင်ကိုခုန်သွားစေခဲ့တာတော့အမှန်ပင်ဖြစ်သည် ။