ကျနော့် သူငယ်ချင်းတစ်ယောက် လူ့လောကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့အချိန် တုန်လှုပ်သွားတဲ့ ရင်တစုံမှ ကျဆင်းလာတဲ့ စကားလုံးလေးများ ပါ….
;( 😦
ဝိဥာဉ် နဲ့ စကားပြောခြင်း
ပြီးခဲ့တာတွေ……….. ပြီးပါစေတော့လို့သတ်မှတ်ပေမဲ့ …
သူနဲ့ပတ်သက်တာတွေကို ….ထိမိလိုက်တိုင်း
သူနဲ့ပြောခဲ့ …အားပေးခဲ့တာတွေက …ပြန်လည်အသက်ဝင်ခဲ့တယ်…
ငါနေနို်င်ပါတယ်ဆိုပြီး …အားတင်းသော်လည်း …
ထိတွေ့နေကြ ….စကားလုံးလေးတွေက …..
သူကို …ပြန်လည်နိုးထလာခဲ့စေသလိုပဲ …..
ကဲ ….ကျနော်မြတ်နိုးတန်ဖိုးထားတဲ့ခန္ဒာကင်းမဲ့ …..၀ိဥာဉ်ရယ် …..
သက်ရှိခန္ဒာထဲကို …ဖြစ်ပျက်မှုတွေကို ….ဘေးချိတ်ပြီး ….
သဘာဝအမှန်တရားကို …အသိမပေးပဲ ….
ပြန်လယ်ဝင်ခဲ့ပါလား ….၀ိဥာဉ်ရယ် ……
ဖြစ်နိုင်ရင် ….ငါမင်းနဲ့ ….စကားပြောချင်လိုက်တာ…..
အရင်က …တို့တတွေ …ဆုံကြမယ်ဆိုရင် …..
စကားတွေ …ဖောင်ဖွဲ့ပြီး ….ဘတ္တလောကကြီးကို …
တရင်းတနှီး …တွေ့ကြမယ်လို့ …ဆိုခဲ့တယ်လေ….
မှတ်မိလေမလား … ၀ိဥာဉ်လေးရေ….
ခုထက်တိုင်….နှလုံးသားထဲမှာ …..နာကျင်နေတုန်းပဲ ..
မဖြစ်သင့်ဘူးလို့ …ကျနော် ….ယူဆနေတယ်…
မဖြစ်သေးဘူးလို့လဲ ….ကျနော်ထင်နေသေးတယ်…..
မဖြစ်ပါစေနဲ့လို့ လဲ ……ကျနော် …..ဆုတောင်းနေမိတယ် ….
အော်.. နောက်ဆုံးကြတော့ …..အားလုံးဟာ …..
သင်္ခါရ…….. လက်ကျတွေပဲလားလို့ ….
သံဝေဂကို …..အဖော်ပြုရင်း ….
သတိရမိတာလေးတွေကို …..ပေါင်းချုပ်လို့ …..
ဒိုင်ယာရီ ….စာအုပ်အဖြစ် ….ချုပ်ထားလိုက်ပါပြီ ….
ဆန္ဒတွေကို …..ပြန်လည်နိုးထစေဖို့အတွက် ….
မဖြစ်နိုင်တော့တာ ….ဘာကြောင့်လဲ …..
သေချာတာကတော့ …ရလဒ်က…. သင်္ခါရတဲ့ …
ငါမင်းအတွက် …..ကောင်းမှုတွေပြုရင်း ….
တောင်းဆုတွေ …..မျှပါရစေ ………..
ရောက်ရာနေရာက ….သာဓု.. ခေါ်နိုင်ပါစေ ….
အို…. ၀ိဥာဉ်ရေ… . ပြုံးပျော်ပါတော့ ……………..။ဘာနေ…