တွေးတောခြင်း (၁)

တွေးတောခြင်း (၁)

စိတ်တွေ အိပ်မက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော် တွေးမိသလောက် ပြန်ပြောပြတာပါ .. ။

တနေ့ တနေကုန်မောပန်းလို့ အိပ်ရာ မဝင်သေးခင် ဇာတ်ကြမ်းကား တစ်ကားကြည့်ပြီး အိပ်ပျော်သွားလိုက်တာ။ တရေးနိုးမှာ သတိထားမှု တခုအတွက် အတွေးတခု ပေါ်လာတယ် အဲ့ဒါကတော့ လူတိုင်းလိုလို ဖြစ်မိမယ်ထင်ပါတယ် ဘယ်လိုလဲဆိုရင် ကျနော်အိပ်မက် မက်တယ် .အိပ်မက်ထဲမှာ ဒါရိုက်တာ ဘယ်သူမှန်းမသိပေမဲ့ ဇာတ်လိုက်ကတော့ ကျနော်ဖြစ်နေပါတယ်  ဇာတ်လမ်းကတော့ မအိပ်ခင် ကြည့်လိုက်တဲ့ ဇာတ်ကားရဲ့ ခပ်ဆင်ဆင် ဇာတ်ကွက်တွေနဲ့ အစီအစဉ်တကျ တကယ်ဖြစ်နေသလိုပဲ အိပ်မက် မက်နေမိခဲ့တာ. အဲ့အချိန်မှာ တွေးတောမိတယ် အိပ်မက် မက်နေစဉ် အကြောင်းအရာကို အိပ်ယာထပြီးတဲ့ အချိန်မှာ အများစုကို မမှတ်မိတော့တာပဲ .. ဒါဘာကြောင့်လဲ .ခုခေတ် သိပ္ပံပညာနဲ့ ဆန်းစစ်မှုတွေရဲ့ ဖော်ပြချက်မှာ သိစိတ်နှင့် မသိစိတ် ရှိနေလို့ ဖြစ်တယ် ဒီလို ရှိပေမဲ့ ဘာလို့ မမှတ်မိလဲဆိုရင် လူဟာ နိုးထနေစဉ်မှာ သိစိတ်က ဦးစီးလှုပ်ရှားတယ် အိပ်စက်အနားယူတဲ့ အချိန်မှာ မသိစိတ်က လှုပ်ရှားတယ်…။ သိစိတ်နဲ့ မသိစိတ်က မတူညီဘူး …။ “မသိစိတ်က တန်ခိုးကြီးမားတယ်တဲ့” ဗျာ သူက အောင်မြင်မှု သရဖူ ကို ဆောင်းနှင်းပေးနိုင်တယ်တဲ့ .. ခု ကျနော်အိမ်မက်က ဘာအောင်မြင်မှုမှ ယူဆောင်ပေးတာ မဟုတ်ဘူး ဒါပေမဲ့ မအိပ်ခင် ကြည့်လိုက်တဲ့ ဇာတ်ကားတစ်ခုက အိပ်မက်ထဲ (သို့) မသိစိတ်နယ်ပယ်ထဲ ဝင်ရောက်သွားတယ် .. ကျနော်တို့ သာမန်တွေးလို့ မရတဲ့ အဲ့ဒီမသိစိတ်ဟာ သူ့စုဆောင်းချက်တွေအရ ကျနော်တို့ ရဲ့ စရိုက်သဘာဝကို ဖန်တီးလိမ့်မယ်ဆိုတာ ကျနော်တွေးမိတယ်..။ တစ်ခါတစ်ခါ လူတစ်ယောက်ကို မြင်ပြီး သိသလိုလိုနဲ့ တကယ်မသိဘူးဖြစ်နေတယ်.. စဉ်းစားမရဘူး… ဒါပေမဲ့ အတွေးထဲမှာ သိနေသလိုပဲ . ကျနော့် အထင်မှာ အဲ့ဒီ သိတယ်ဆိုတဲ့ အတွေးဟာ မသိစိတ်မှာ ကိန်းအောင်းနေတာ ဖြစ်မယ်လို့ ယူဆမိတယ်…။ နောက် ကျနော်တို့တတွေ  အကြောင်းအရာ တခုခုမှာ ကိုယ်ကြိုတွေးမထားတဲ့ အစီအစဉ်တွေနဲ့ တုန့်ပြန်မိတတ်တယ် … ကိုယ်ကလည်း သိစိတ်ထဲမှာ အဲ့ဒီလို တုန့်ပြန်ဖို့ အစီအစဉ် ရှိဖို့ စဉ်းစားမိမှာတောင် မဟုတ်ဘူး .. ။ ဖြစ်နေတဲ့ အရာအားလုံးမှာ မသိစိတ်က လွှမ်းမိုးနေတယ် ဒါကြောင့် နိုးထစဉ်က အကြာင်းအရာတွေ ကို သူမှတ်မိနေတယ်.  . မအိပ်ခင် အချိန်တို အတွင်းက ဇာတ်ကွက်တွေဟာ မသိစိတ်ထဲမှာ တပိုင်းတစဝင်နေတယ် . အဲ့ဒီလိုပဲ ကျနော်တို့ တနေ့တာလုံး တွေးတောချက်တွေစဉ်းစားချက်တွေ လုပ်ဆောင်ချက်တွေဟာ မသိစိတ်ထဲမှာ စိမ့်ဝင်နေလိမ့်မယ် . ဒီတော့ အချိန်တိုင်းတွေးတောချက် တွေမှာ အကောင်းတွေချည်းပဲ များနေမယ်ဆိုရင် အဲ့လူက လူကောင်း ဖြစ်လာဖို့ တာစူနေပါတယ်…။  အကောင်းမတွေးပဲ အဆိုးတွေချည်းပဲ တွေးနေတယ်ဆိုရင် အဲ့ အတွက် အဆိုး ဆိုတာပဲ လာဖို့ရှိပါတယ် .။ ဒါကြောင့် လူကောင်းဖြစ်လာဖို့ အကောင်းတွေပဲ များများတွေးပါ အကျိုးရှိတာတွေကိုလည်းလုပ်ပါ . ဒါမှ တန်ဖိုးရှိမှာ…။ ခုလို မသိစိတ်နဲ့ သိစိတ် ဆက်စပ်မှု နေရာယူမှုမှာ သိပ္ပံပညာရှင်တွေက တိုင်းတာကြတယ်…။ “အသက်ရှင်နေတဲ့ လူတစ်ယောက်မှာ  အချိန်တိုင်း လုပ်ဆောင်တွေးတောခြင်း ဆယ်ပုံပုံမှာ  ၁ပုံက သိစိတ်ဖြစ်ပြီး ၉ ပုံကတော့ မသိစိတ် အဖြစ် ကျင်လည်ပါတယ် ”အထက်က ပြောတဲ့ အထဲမှာ မသိစိတ်က စွမ်းဆောင်အားကောင်းတဲ့ အတွက် အချိန်တိုင်း စကားကောင်း စကားမွန်တွေ အားထုတ်မှု လုပ်ရပ်ကောင်းတွေ ပြောဖို့ အတွေးကောင်း အတွေးသန့်တွေ တွေးတတ်ဖို့ အကြံပြုချင်ပါတယ်

ယူဆချက် ။   ။ (သိစိတ်ကို လက်ရှိ ခန္ဓာက ပိုင်ပြီး … မသိစိတ်ကို … စိတ်ဝိဥာဉ်က ပိုင်ဆိုင်သည်)

ဘာနေ (5.12.2010)

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s