စိန်တွေဖြစ်လာမဲ့ ကျောက်စရစ်ခဲလေးများ..
ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပြောချင်တာက စိန်တွေဖြစ်လာစေမဲ့ ကျောက်ခဲအကြောင်းဟာ ဖေမြင့် ဘာသာပြန်ထဲက စာဖတ်ရင်းသဘောကျခဲ့လို့ ခုပြန်ပြောပြတာပါ . အရင်ရက်တွေက အမှတ်ရလို့ Gtalk မက်ဆေ့မှာတောင် တင်ထားမိလိုက်သေးတယ်..“ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ထားကြ မနက်ဖြန်ကြအဲ့ဒါတွေ စိန်တွေဖြစ်လာမှာ” ဒီလိုတင်ထားတာ . ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ဟုတ်လို့ အမှတ်တမဲ့ ဖတ်ကြည့်တဲ့သူကတော့ ဘာကြီးလဲ နားလည်ဘူးပေါ့ “ဖြစ်လာရင်ကောင်းမှာ” နဲ့ ပေါ့ သို့လောသို့လော အတွေးတွေနဲ့ ဖြစ်ခဲ့ပါလိမ့်မယ် . ခုအဲ့ဒါနဲ့ ပတ်သက်ပြီး ရှင်းလင်းရင်း ပြောပါရစေ..
တခါက .. အိမ်မရှိယာမရှိ ခြေသလုံးကိုအိမ်တိုင်လုပ်ပြီး ရောက်ရာအရပ်မှာ အိပ် ပြီး လှည့်လည်သွားလာနေတဲ့ လူတစ်စုဟာ လှည့်လည်နေထိုင်ရင်း ခရီးတစ်ခုကိုဖြတ်သန်းဖို့ စတင်ပါတော့တယ် အဲ့ဒီခရီးဟာ တော်တော် ဝေးတာမို့ သူတို့ ရိက္ခာလေးတွေ စုဆောင်းပြီး အဆင်သင့် နဲ့ နှင်ရပါတော့တယ် ဒီလိုနဲ့ ခရီးအတော်ကြာကြာ ဖြတ်အပြီး သူတို့သွားတဲ့ ခရီးလမ်းလယ်မှာ တောအုပ် ကြီးတစ်ခုကို ဖြတ်သန်းသွားရတယ် အဲ့ တောကိုဖြတ်တဲ့အချိန်ဟာ ညအချိန်ကြီး ဖြစ်နေတယ်လေ ဒီတော့ ညဘက် ဖြတ်တာဆိုတော့ဘယ်လမ်းဘယ်နေရာ အတိအကျ သူတို့ မသိကြဘူး ဖြတ်လျှောက်လာကြတာကြာလာတော့ ခရီးပန်းတာပေါ့ . ဒီလိုနဲ့ တစ်နေရာရောက်တော့ သူတို့ နားကြတယ်လေ အဲ့လို နားတဲ့ အချိန်မှာ ထူးထူးခြားခြား ကောင်းကင်ကနေ အလင်းတန်းတစ်ခု သူတို့ရှေ့ မလှမ်းမကမ်းမှာ ကျလာတယ် သူတို့လည်း လန့်သွားတာပေါ့ နောက်ပြီး အလင်းတန်းနဲ့အတူ အသံပါ သူတို့ကြားရလိုက်တယ် ပြီးတော့ အသံရှင်က ကြည်လင်လေးနက်တဲ့ အသံနဲ့ သူတို့ကိုပြောတယ် “မင်းတို့ အောက်က ကျောက်စရစ်ခဲတွေကို ရသလောက် ကောက်ထားကြ”လို့ ပြောတယ် ပြီးတော့ “နောက်နေ့မှာ မင်းတို့ ပျော်သွားလိမ့်မယ် ၊ ပျော်ပြီးရင်လည်း စိတ်ဆင်းရဲကြလိမ့်မယ်” ဆိုပြီး ပြောသွားတယ် အားလုံးလည်းနားထောင်နေရင်း အသံရော အလင်းရောင်ပါပျောက်သွားတယ် … သူတို့လည်း ခဏအကြာစဉ်းစားနေကြတယ် “ဒီအသံရှင်ဟာ တန်ခိုးရှင်သို့မဟုတ် ဘုရားပဲ ဖြစ်မယ် . အကျိုးမဲ့တာတော့ သူပြောမှာ ဟုတ်ဘူး” ဆိုပြီး စတိ အနေနဲ့ ကျောက်စရစ်ခဲ နှစ်လုံးသုံးလုံးလောက်စီ အိတ်ထဲ ကောက်ထည့်ထားလိုက်တယ် ပြီးတော့ သူတို့ ခရီးဆက်သွားကြတယ် နောက်နေ့ နံနက်ရောက်တော့ သူတို့ ပင်ပန်းတာနဲ့ တစ်ခါ နားကြပြန်ရော နားတော့ ပြီးခဲ့တဲ့ ညက အသံရှင်ကိုအမှတ်ရတာနဲ့ အိတ်ထဲက ကျောက်စရစ်ခဲလေးတွေကို ပြန်ထုတ်ကြည့်လိုက်တယ် အဲ့ အချိန်မှာ သူတို့ အရမ်းပျော်သွားတယ် … ဘာလို့လဲဆို ကျောက်စရစ်ခဲလေးတွေက စိန်တွေ ဖြစ်နေလို့တဲ့ .. ပြီးတော့ ဝမ်းနည်းသွားပြန်ရော … ဘာလို့ဝမ်းနည်းသွားတာလည်းဆိုတော့ များများမကောက်မိခဲ့လို့တဲ့ .. “ဒီလိုမှန်းသိရင် ကျောပိုးအိတ်နဲ့ အပြည့်ထည့်သယ်ပါတယ်” ဆိုပြီး ညည်းလိုက်ပါသေးတယ် …. ဒီနေရာမှာ ဒီပုံပြင်လေးရဲ့ ဆိုလိုရင်ကတော့ ခု ကျနော်တို့ ဖြတ်သန်းနေတဲ့ လူ့ဘဝမှာ ပြဿနာတွေဟာ နေ့တိုင်းလိုလို တွေ့နေကြစမြဲပါ .. အဲ့လိုအရာတွေကို ဖြေရှင်းရင်း ကျောက်စရစ်ခဲနဲ့ တူတဲ အတွေ့အကြုံလေးတွေ ရလာတယ် လေ ဒီအတွေ့အကြုံလေးတွေဟာ နောင်တချိန်မှာ တန်ဖိုးကြီးတဲ့ စိန်လေးတွေ ဖြစ်လာပါလိမ့်မယ် ဒါပေမဲ့ လူတိုင်းလိုလိုပဲ အဲ့လိုပြဿနာတွေကို တွေ့ဆုံဖို့ ငြင်းဆန်ချင်ကြတယ် မတတ်သာလို့သာ ရင်ဆိုင်ချင်ကြတယ် ဖြစ်နိုင်ရင် ပြဿနာကို ရှောင်သွားချင်တယ် .. အမှန်တော့ ပြဿတွေ အခက်အခဲတွေကို ဖြေရှင်းလို့ ရတဲ့ အတွေ့အကြုံလေးတွေဟာ ပုံပြင်ထဲက ကျောက်စရစ်ခဲလေးတွေလိုပါပဲ …အခွင့်ကြုံခိုက်မှာ ရနိုင်သမျှ ကောက်ထားကြပါ ဒါတွေဟာ စိန်တွေဖြစ်လာကြမှာ ဒီလိုမှ မဟုတ်ခဲ့ရင် နောင်အချိန်မှာ များများမကောက်မိလိုက်ရလေခြင်းဆိုတဲ့ ဝမ်းနည်းခြင်းတွေ အိတ်ထဲ ထည့်မိသွားပါလိမ့်မယ် .. ဘာပဲဖြစ်ဖြစ် အကြံပေးချင်တာက ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ ပြဿနာတွေကိုဖြေရှင်းရင်း အတွေ့အကြုံတွေကို ကျောက်စရစ်ခဲလေးတွေအဖြစ် ကောက်ယူ စုဆောင်းမိဖို့လိုပါတယ် … အတွေ့အကြုံတွေသာ စိန်တွေ ဖြစ်လာမယ်မြန်းသိရင် ဘယ်သူ က များများမကောက်ပဲ နေနိုင်ပါလိမ့်မလဲ … ခုသူငယ်ချင်းရော လက်ခံသလား ငြင်းဆန်သလား ဒါမှမဟုတ် အခြေအနေမှန်ကို သိသွားပြီလား .ဒီတော့ ဒို့တတွေရဲ့ အနာဂတ်မှာ . စိန်တွေကိုလိုချင်ရင် တွေ့တဲ့ ကျောက်ခဲ ကောက်ထည့်လိုက်နော် …….(လမ်းပေါ်က ကျောက်ခဲသလဲ ပြောတာမဟုတ်ဘူးနော် :P)
သူငယ်ချင်းအားလုံး ပျော်ရွှင်သော နေ့ရက်လေးများဖြင့် စီချယ်နိုင်တဲ့ ဘဝပိုင်ရှင်များ ဖြစ်ကြပါစေသော်ဝ်……………။
ဘာနေ (18.10.2010)