သူငယ်ချင်းကိုပြောချင်သော စကားလေးများ (၂)

  • သူငယ်ချင်း ဘဝဆိုတာ ဟန်ဆောင်ဖို့မဟုတ်ဘူးနော်  . ဟန်ဆောင်ခဲ့တယ်ဆိုရင်လည်း  တကယ့်ဘဝကို ပိုင်ဆိုင်တာမဟုတ်ဘူးကွဲ့  ကိုယ့်ကိုယ်ကို ဘဝတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ယူဆရင်  ဟန်မဆောင်ပါနဲ့နော်
  • သူငယ်ချင်း …..လူတိုင်းလိုလို သူတို့ စိတ်ထဲမှာ ငြိမ်းချမ်းချင်ကြတယ်သူငယ်ချင်း ဘယ်အချိန် ဘယ်အခါ  ဘယ်၍ ဘယ်မျှမှာပေါ့ သတ်မှတ်ချင်ကြတယ် . ဒါပေမဲ့ သူငယ်ချင်းရယ် ငြိမ်းချမ်းခြင်းဆိုတာ စိတ်ထဲမှာသာ သိရှိ ခံစားရတာ ဖြစ်တယ်လို့ ငါတော့ယူဆမိတယ်ဟာ ဒီတော့ လက်ရှိမှာ ဘာတွေပဲ ဖြစ်ဖြစ် ငြိမ်းချမ်းခြင်းကို စိတ်မှာ ဖြစ်နေအောင်  နေတတ်ဖို့လိုတယ်နော် သူငယ်ချင်း… ဘာလို့လဲဆို ဒီအကြောင်းကို ဘဝနေဝင်ချိန်မှ သေချာ နားလည်လိမ့်မယ် သူငယ်ချင်း
  • ဒို့တတွေ အသက်ရှည်မယ်လို့ အာမခံချက် မရှိဘူးနော် .လုပ်ချင်တာတွေ ခုလုပ်လိုက်ပါ ကောင်းချင်တယ်ဆိုလည်း ခုကောင်းလိုက်ပါ .. နော်  အရင်တခါက ငါပြောဖူးတယ် ဘဝဆိုတာ နှစ်ခါလာတဲ့ အရာ မဟုတ်ဘူးဆိုတာလေ …
  • အခုလို ပြောနေတာတွေက ငါ့ဆန္ဒတွေပါ လူဆိုတာလည်း အခက်သားလားနော် စိတ်တွေကလည်း အပြောင်းအလဲ များတယ်လေ ခုကောင်းနေပြီး တော်တော်ကြာ ကောင်းချင်မှ ကောင်းကြတာ .ဒါပေသိ သူငယ်ချင်း ကောင်းတာလုပ်တဲ့ သူကို ဘယ်သူမှ ဆဲဆိုမလွှတ်ပါဘူးကွာနော်.
  • ပြောအုံးမယ် သူငယ်ချင်းရယ် … “အသက်ရှင်နေတဲ့ လူမှန်သမျှမှာ နှလုံးသားဆိုတာ ရှိတယ် .အဲ့ဒီရှိတဲ့ နှလုံးသားရဲ့ သဘောက ခံစားတတ်တယ် သူငယ်ချင်း … အချစ်တွေ အမုန်းတွေ မေတ္တာတွေ သံယောဇဉ်တွေ စတဲ့ စတဲ့ ခံစားလို့ရသမျှကို သူတို့ လက်ခံတယ် တွေ့ထိတယ်. အဲ့ဒီအချိန်မှာ ကိုယ်က ထိန်းပေးဖို့လိုတယ် သူငယ်ချင်း . သူ့အတိုင်းအတာနဲ့ သူပေါ့ ကွာ
  • ဖြစ်လာသမျှ ခံစားမှုတွေထဲက ဘာနဲ့ တွေ့တွေ့ မရူးသွပ်စေနဲ့ သူငယ်ချင်း … ရုးသွပ်တာကိုဘယ်သူမှ အရေးစိုက်မှာ မဟုတ်ဘူးနော်.. (အရေးမစိုက်လဲ ဘာဖြစ်လဲ ဆိုပြီးလည်း ခေါင်းမာမနေနဲ့အုံး) ရူးသွပ်ခြင်းကို ထင်ရှားစေချင်ရင် တော့ လမ်းပေါ်မှာ ဟိုဟိုဒီဒီလျှောက်သွားနေတဲ့ အရုးတစ်ယောက်ကို ပြေမြင်ကြည့်လိုက်နော် သူငယ်ချင်း… မင်းနားလည်သွားမှာပါ…
  • အဲ့ဒီလိုပြောလို့ ခံစားချက်တွေ မရှိရတော့မှာလားလို့လည်း မတွေးလိုက်နဲ့အုံးနော် ဘာလို့လဲဆို  .. လူနဲ့ ခံစားချက် ကင်းသွားခဲ့မယ်ဆိုရင် အဓိပ္ပါယ်ဖော်မှု ဝေါဟာရတွေလည်း မွေးဖွားလာတော့မှာ မဟုတ်ဘူး သူငယ်ချင်း..
  • ကဲ သူငယ်ချင်းရေ ငါပြောချင်တာတွေလည်း ပြောထားတယ်နော် မင်းပြောချင်တာတွေလည်း ပြောပေါ့ ဒို့တတွေရဲ့ခြားမှာ နားလည်မှု အလွှာလေး ရှိတယ်ဆိုတာ သိပေးဖို့ ပြောချင်တယ်နော် …
  • ခုတော့ နားအုံးမယ် သူငယ်ချင်း နောက်မှ ဆက်ပြောပါအုံးမယ်….
  • ဘာနေ (2.10.2010)
Advertisements

6 thoughts on “သူငယ်ချင်းကိုပြောချင်သော စကားလေးများ (၂)

  1. အင်မတန်ကောင်းမွန်ပါတယ် ကိုဘာနေ .. လာရောက်ဖတ်ရှုသွားပါတယ် .. နောက်လည်း မှတ်သားစရာလေးတွေ စောင့်မျှော်နေပါ့မယ် ..

    @zArN!$

    1. ဟုတ်ကဲ့ဗျာ လာရောက်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် .. ရေးပါအုံးမယ.်ဗျာ ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s