သူငယ်ချင်းကို ပြောချင်သော စကားလေးများ (1)

  • သူငယ်ချင်းကိုပြောချင်သော စကားလေးများ

  • သူငယ်ချင်း မင်းနဲ့ငါဟာ အရင်က တစ်ယောက်ကိုတစ်ယောက် ရှိတယ်လို့တောင် မထင်ခဲ့ဘူးနော် . ခုတော့လည်း မင်းလည်းလူသား ငါလည်းလူသား ဆိုတာ သိခဲ့ကြပြီလေ…..။
  • သူငယ်ချင်း တို့တွေလက်တွဲနေတဲ့ အချိန်မှာ ပြောချင်တဲ့ စကားလေးတွေကို ပြောမယ်နော် စကားတိုင်းမှာ မလိုတာတွေ ဘေးဖယ်ပြီး တတ်သိလိမ္မာ ရှိစေဖို့ အကျိုးရှိမယ်ထင်တဲ့  စကားတွေကိုသာ နားထောင်ကြာတာ ကောင်းမယ်လို့ တွေးမိလို့ပါ ….။
  • ဒို့တတွေဟာ ငယ်ငယ်ကနဲ့ ခုနဲ့ မတူဘူးဆိုတာကို သိထားနော်  ကလေးဆိုး မဆိုးချင်ပါနဲ့ ဖြစ်သလိုကြီးလည်း မနေပါနဲ့ အသက်အရွယ်နဲ့ မလိုက်တော့လို့ပါ .စိတ်ကိုလည်းထိန်းကွာ…ဒါမှ တည်ငြိမ်မှာ …။
  • သူငယ်ချင်း သူများ ပြောတာတွေထဲမှာ ကိုယ့်ကိုယ်ကို ပိတ်မနေစမ်းပါနဲ့   သူများပြောတာက သူ့အပြောပါ ကိုယ်ပြောတာမှ ကိုယ့်အပြောပါ ..ကိုယ်လုပ်တာလည်း ကိုယ့်အလုပ်ပေါ့ …..။
  • သူများသတ်မှတ်တဲ့ နေရာမှာ မနေပါနဲ့ ကိုယ်သတ်မှတ်တဲ့ နေရာမှာနေပါ ဘာလို့လဲဆို သူလဲလူ ကိုယ်လည်းလူပဲလေ နော် ……။
  • သူများပြောလို့ လိုက်မလုပ်နဲ့ အရာရာဟာ ဖြစ်နိုင်ခြေတွေနဲ့ ချည်းကွ ဘာပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့လည်း စဉ်းစားကြည့်အုံးနော် ဒါမှ တာဝန်ယူတဲ့ စိတ်တိုးလာမှာ… ။
  • သူများက သတ်မှတ်မှ ကိုယ်ကလှတာမဟုတ်ဘူးနော် ကိုယ်ကိုယ်တိုင်က လှမှ တကယ်လှတာ
  • ဘာလုပ်လုပ် သူများက စောင့်ကြည့်နေတယ်လို့ မတွေးနဲ့ .. ကိုယ့်ကိုယ်သာ စောင့်ကြည့်ပါ လမ်းညွန်ပါ သူများတွေမှာလည်း  သူတို့ကိုယ်တိုင် အဲ့လို ထင်နေကြလို့ပဲ
  • သူငယ်ချင်းရေ အချိန်တိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာ တွေးထားပါ… အသုံးပြုကြည့်ပါ . ကိုယ့်ကိုယ်ကို ယုံကြည့်စိတ်တွေ တိုးလာပါလိမ့်မယ် .အဲ့ဒါတွေလုပ်နိုင်ဖို့ သတိထားနိုင်ဖို့တော့ လိုမယ် နော်
  • အတိတ်ဆိုတာ ပြီးသွားပြီ ဆိုပေမဲ့ အစွယ်အပွားနဲ့ အစအနလေးတွေ ကျန်နေတတ်တယ်  အဲ့ဒါတွေကို မျက်ကွယ်ပြုပစ်လိုက်ပါကွာ အတွေ့အကြုံဆိုတာလေးပဲ ချန်ထားလိုက် နော် သူငယ်ချင်း ..
  • ဒို့တတွေ တွေဝေဖို့ အချိန်မရှိတော့ဘူး .. အတတ်စုံကိုတတ်ကြရမယ်နော် . မကောင်းတာကိုမလုပ်နဲ့ ဒို့တတွေမှာ ဦးနှောက်ရှိတယ်လေ လူသားဆို တဲ့ အသိ ဒို့မှာရှိတယ် လူသားမှန်ရင် အကျိုးမရှိတာ မလုပ်ဘူး သူငယ်ချင်း …
  • ဟန်တွေပန်တွေ အရေးမကြီးဘူး သူငယ်ချင်း ဟင်းတခွက်အတွက် အရသာ ရှိရှိ ပြီးစေဖို့လိုတယ် သူငယ်ချင်း
  • ဘယ်သူမှ လှပတဲ့ ကော်ခြောက်ကို ငုံဝါးမနေချင်ဘူး  လတ်ဆတ်တဲ့ အစားအစာကိုပဲ လိုအပ်တာပါ
  • ခေတ်တွေ ပြောင်းလာပေမဲ့ စိတ်ထားတွေတော့ လိုက်မပြောင်းစေနဲ့ သူငယ်ချင်း
  • ဒို့တတွေ ငယ်သူမဟုတ်ဘူးနော် ကိုယ့်ဘာလုပ်တယ်ဆိုတာ သိတဲ့ သူတွေပါ
  • စိတ်ဆိုတာ ပြုပြင်လို့ရတဲ့ ရွံ့ရုပ်တစ်ခုလိုပဲ လိုသလိုပုံသွင်းလို့ရတယ် သူငယ်ချင်း
  • အမြဲတမ်းတော့ ဒို့တတွေမှာ ပျင်းနေတာတွေက ဆွဲအားပြင်းနေတာမို့ ငိုက်မသွားမိအောင် သတိဆောင်နေကြဖို့ လိုတယ်သူငယ်ချင်း
  • လူဆိုတာ ခံစားချက် ရှိတယ် ..သူငယ်ချင်း   ခံစားမှုနှလုံးသားအပေါ် သက်ရောက်မှုတွေကို တုံ့ပြန်တတ်တယ် ဒါပေမဲ့သူငယ်ချင်း  ကျရောက်လာတဲ့အရာရာတိုင်းမှာ ဖြစ်သင့်တာကို တုံ့ပြန်တတ်ဖို့လိုတယ်နော် . ငိုစရာရှိငိုပေါ့ ရယ်စရာရှိရယ်ပေါ့ ပြုံးစရာရှိပြုံးလိုက်နော် ဘာလို့လဲဆို တို့ဘဝတွေက ဒီတခါတည်းပဲ မို့ပါ.
  • ငါ ပြောချင်တာတွေ များသွားလားမသိဘူး သူငယ်ချင်းရေ .. ခုတော့ ဒီလောက်ပဲ ရပ်ပါရစေ .နောက်မှ ဆက်ပြောအုံး.မယ်…..။
  • ဘာနေ (29.9.2010)
Advertisements

7 thoughts on “သူငယ်ချင်းကို ပြောချင်သော စကားလေးများ (1)

    1. မအင်ကြင်း ဒီ ဘလော့မှာ ပထမဆုံး ကွန့်မန့် ပေးသူ ဖြစ်ပါတယ်
      ကျေးဇူးတင်ပါတယ် လာရောက် ဖတ်ပေးတဲ့ အတွက် .

  1. ညီလေးရေ ၀င်ဖတ်သွားတယ်ကွာ။ ဆက်ရေးကွာ။ အားပေးနေမယ်။

  2. အကို ဒီစာကို လေးကို ညီကြိုက်ပါတယ် အကိုရေးထားတာလားကောင်းပါတယ်
    အကို အကိုညီပြောမယ်နော် သူများတွေကို ကောင်းစေချင်ရေ ရေးတာကောင်းပါတယ် အများအတွက် လည်းအကျိုးရှီပါတယ်ဗျာ ကိုကိုယ်တိုင်ဒီဟာကို ကျင့်ကြံနိုင်ရင် ပိုကောင်းမယ်လို့ ညီထင်ပါတယ်ဗျာ
    ဘယ်အလုပ်မဆို ကိုကိုယ်တိုင်လုပ်ကြည့်မှ ကောင်းတယ်ဆိုးတယ်ပြောလို့ရမှာလေ
    ကိုဘာနေ နောက် တပ်လဲ စာတွေအများကြီးတင်နိုင်ပါစေလို့ ညီဆုတောင်းးပေးပါတယ်။

    1. ဟုတ်ကဲ့ဗျာ အဲ့လိုသတိပေးတာ ကျေးဇူးတင်ပါတယ် ဟုတ်တယ် ကိုယ်ကိုယ်တိုင်လည်း လုပ်ရမှာပေါ့ဗျာ.. ခုကျနော်ရေးတာလည်း ကိုယ့်မှာ လိုတာတွေ သူများမှာ လိုမယ်ထင်လို့ ရေးလိုက်တာ အဲ့ဒါတွေက ကျနော့်မှာ လုပ်ဖို့လိုအပ်တာတွေလေ ဒါတွေကို ဦးတည်ပြီး ရေးလိုက်တာပါ . ကြိုးစားပြီးလုပ်နေပါတယ်ဗျာ .. မသေသ၍ အသက်ရှင်အုံးမှာပါဗျာ .. ကျေဇူးပါပဲ ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s