ငါမေ့နေတဲ့ ငါ့အကြောင်း ..

  • ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း စိတ်နဲ့ ကိုယ်က ဟန်ချက်မညီတဲ့အခါ စိတ်ပုံစံက မကျေနပ်မှုပုံစံပေါက်နေတတ်တယ်
  • နှလုံးသားရဲ့ စိတ်အခြေခံက ဖိအားများလေတော့ ဆာလောင်မွတ်သိပ်မှုကို ခံစားနေရတယ်
  • ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှု နည်းနေတယ်
  • တစ်ဘက်စိတ်ကလည်း ကိုယ်ပိုင် အတ္တစိတ်က မကင်းဘူး
  • ကောင်းတဲ့ အချက်တွေကို ထိတွေ့ရပေမဲ့ ခရီးတစ်လျှောက်မှာ သူ့ကို သယ်နိုင်မဲ့ အင်အားတွေလုံလုံလောက်လောက် မရှိပြန်ဘူး .
  • ပန်းတိုင်ကို လှမ်းအကြည့်မှာ မြူတွေအရမ်းထနေတယ်
  • လက်ထဲမှာလည်း ဒရွတ်ဆွဲလာတဲ့ အရာများကို ပွန်းပဲမှာလည်း စိုးနေတယ်
  • သွားခရီးလမ်းမှာ လိုအပ်ချက်လေးတွေ ဖြည့်ပေးမဲ့ သစ်ရိပ်တစ်ခုခုမှာ ခိုအောင်းချင်စိတ်တွေများနေတယ်လေ
  • တင်းကျပ်တဲ့ ဥပဒေစည်းမျဉ်းတွေကို ကိုယ်ကိုယ်တိုင် ရေဆွဲနေပေမဲ့ မသောက်သုံးမိတာတော့ နှလုံးသားရဲ့ လွှဲချက်ကြောင့်လို့ ယူဆမိတယ်
  • သူများတွေကို လုပ်နေတဲ့အလုပ်တွေမှာ ကျေနပ်မှုရှိအောင် အားပေးတယ်  ကိုယ်တိုင်ကြတော့ အဲ့ဒီအပြောကို အမှတ်ရပေမဲ့ မရင်းနှီးဘူးဖြစ်နေတယ် .
  • လောလော ဆယ် ဖြစ်နေတာတွေက မီးခိုးကို ဂေါ်ပြားနဲ့ ခပ်ထုတ်နေမိသလို စိတ်မောခြင်း များ ဖိစီးနေလေရဲ့
  • ရှိနေတာက စာသိအတွေးတွေကများနေတယ် ကိုယ်ထိ အတွေးတွေက ပါလေကာမျှပေါ့
  • အကြည့်တွေတိုင်းမှာ လိုချင်တပ်မက် ခံစားချင်တဲ့ စိတ်တွေနဲ့ အကုသိုလ်များ ခဲ့တယ် …
  • တစ်ခါတစ်ခါ ခေါင်းမာခြင်းတွေကို သိသိကြီးနဲ့ ဟန်ဆောင်ပြီး ကိုင်ထားတတ်တယ်
  • ဒါတွေဟာ ကျနော့်ရဲ့ အတ္တစိတ်တွေပဲ .. စိတ်ညစ်မှု ဖြစ်လာလို့ စိတ်ထဲ ရှိရာ ရေးလိုက်တာပါ ..
  • မည်သို့သော ကောက်ချက်ကိုမှ အပြစ်မမြင်မိပါကြောင်း ကြိုတင်သတိပေးပါတယ် ဗျာ..
  • သူငယ်ချင်းများလည်း စိတ်အစဉ်မှာ သတိတွေကပ်ပြီး လောက ကောင်းကျိုး ထမ်းသယ်ပိုးမြည့် တန်ဖိုးရှိသော လူသားများ ဖြစ်ကြပါစေ လို့  တောင်းဆုပြုရင်း
  • ဘာနေ .. (28.9.2010)
Advertisements

One thought on “ငါမေ့နေတဲ့ ငါ့အကြောင်း ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s