ပြန်လည်သတိရစေတဲ့ မြင်ကွင်းငယ် …

ပြန်လည်သတိရစေတဲ့ မြင်ကွင်းငယ်. ..

လေပြေလေးများ ကျနော့မျက်နှာဆီကို တိုးဝှေ့ရင်း … အနောက်ဘက်အရပ်ဆီမှ နေမင်းလည်း နေဝင်ချိန်ကို အားနာပါးနာ လျှောက်လှမ်းနေတဲ့ အချိန် . အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီလေးတွေက အထက်ကောင်းကင်ကို ရှင်းလင်းပီပြင်စေတယ်လေ တိမ်တိုက်ကလေးတွေကလည်း ရောင်နီတွေကြားမှာ တိမ်မျှင်တွေက ရေတွက်လို့တောင်ရနေတယ် . ညနေဘက် လေပြေညှင်းကိုရှူရင်း အိုး.. တကယ် အရသာရှိတဲ့ အချိန်လေးပေါ့ . နေဝင်ချိန်ဖြစ်နေလေတော့ တလုံးတလေ ကြယ်လေးတွေက သူတို့ရှိကြောင်း ပြနေသလို လင်းလက်နေပြန်ရော . . ညနေညို နေဝင်ချိန်ဖြစ်လေတော့  လွမ်းသူဆိုရင် လွမ်းပေါ့ ကြည်နူးသူဆိုကြည်နူးပေါ့ အဲ့ဒီအချိန် ကျနော့်အတွေးမှာ ကမ္ဘာကြီးကိုလည်း ချိန်ဆကြည့်နေမိတယ် တွေးပုံက စကြာဝဠာကြီးထဲမှာ ဒို့တတွေ ရှိနေတဲ့အကြောင်းရော တစ်ခြား ကမ္ဘာတွေမှာ ဒို့လို လူတွေ ရှိနိုင်တဲ့ အကြောင်းတွေ ရော စိတ်ကူးဆန့်ရသလောက် အတွေးနယ်ချဲ့ ကြည့်မိတယ် .. နေညိုလေပြေတိုက်ချိန်မို့  စိတ်ကလေးကလည်း ထင်တိုင်းပေါက် လန်းနေလေရဲ့ .. အဲ့ဒါ နေဝင်ချိန်လေးအတွင်းမှာ စိတ်အစဉ်မှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုလေးပေါ့  ကျနော် အဲ့လိုမကြည့်မိတာ တော်တော်ကြာပြီ.. ခု သတိထားမိတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ  ငယ်ငယ်က ခုလိုကောင်းကင်ကိုမော့ပြီး ကြည့်နေတဲ့ အချိန်တွေကို သတိရနေမိတယ် .အဲ့တုန်းကအတွေးနဲ့ ခုအတွေးနဲ့ နည်းနည်းတော့ ကွာပေမဲ့ လမ်းကြောင်းတော့ တူတယ်  နောက်ပြီးတော့ လရောင်သာတဲ့ လပြည့်ပတ်လည်ညတွေဆိုရင်လည်း  လမင်းကိုငေးရင်း ရှုမညည်းဘူး မပျင်းဘူး  လမင်းအကြောင်းကို တွေးနေတတ်တယ် ခု ငယ်ငယ်က အဲ့အချိန်တွေ မရှိပြန်တော့ လွမ်းမိတယ် .. ငယ်ငယ်ကဆိုရင်  မေမေရယ် ဖေဖေရယ် ညီမလေးရယ် မမကြီးရယ် .. အိမ်ရှေ့ ကုလားထိုင်တွေမှာ ရေနွေးကြမ်းနဲ့ စကားအစအနတွေ ဖောင်ဖွဲ့ ပုံကို ခုထိ စိတ်ကူးပန်ချီပီပြင်နေတုန်းပဲ .. ငယ်ငယ်ကဆို ကောင်းကင်က မြင်မိတဲ့ အရာအားလုံး မသိတာတွေကို ဖေဖေ့ကိုမေးတာ အရမ်းပဲ ကြယ်တွေအစုလိုက်ရှိတာ. လမင်းက ဘာလို့ အဲ့လိုလင်းတာ နောက် ကြယ်တွေက နေ့ဘက်ကြ ဘာလို့ ပျောက်နေတာတွေ နောက်ပြီး ထူးခြားတဲ့ ကြယ်တွေအကြောင်းတွေလည်းပါတာပေါ့ .. မေမေကတော့ ဖေဖေဖြေတဲ့ အဖြေတွေကို ကူနားထောင်ပေးရင်း ပြုံးနေတတ်တယ်  တစ်ခါတစ်ခါ ကျနော့်ကိုတောင် မေမေက ပြောတယ် “ဒီကလေး ကျန်ကျန်ဖန်ဖန်တွေ မေးတတ်တယ်” တဲ့ သြော် မေမေရယ် သားက လူငယ်လေးလေ စူးစမ်းချင်စိတ်တွေပြင်းပြတယ် သိလိုစိတ်တွေ များနေတဲ့ အရွယ်လေ . ဒီတော့ သားသိချင်တာ ဘယ်ဆန်းပါတော့မလဲ ….. အဲ့ဒီလို သတိရမှုတွေက ညဘက် ကောင်းကင်ကိုအမှတ်တမဲ့ ကြည့်မိလိုက်တဲ့ အချိန်တိုင်း ဖြစ်ပေါ်နေဆဲပါပဲ ..  ညဘက် လသာပြီဆို ကျနော် ကစားဖြစ်တယ် .. တစ်ခါတစ်ခါ လမ်းလျှောက်ရင်း. လမင်းကို ငေးဖြစ်တယ် အဲ့ဒီမှာ ထူးခြားတာက လမင်းကိုကြည့်မိတော့ ကျနော်နဲ့အတူ သွားနေတာ တွေ့မိတယ် အစကတော့ ဘယ်သိမလဲ တွေးမိတာက လမင်းက ငါ့ကိုချစ်လို့ ငါ့နောက်ကိုလိုက်နေတယ် ထင်တာပေါ့ …အဲ့လိုတွေးမိတော့ကျနော် တော်တော် ပျော်တာပေါ့  နောက် ကျောင်းက စာတွေသင်တော့ လနဲ့ ကျနော် တော်တော်ဝေးမှန်းသိတယ် လဆိုတာ ဂြိုလ်တစ်လုံးပဲဆိုတာ သိခဲ့တယ် သူ့နဲ့ အဆမတန် ဝေးပြီး သူ့အရွယ်အစားက ကြီးမာလေတော့ ဘယ်ကကြည့်ကြည့်  မျက်စိချိန်သားက အတူတူဖြစ်နေတော့ သာမန်ဆို ကိုယ်သွားတိုင်းလိုက်နေတယ် ထင်မိတာလေ ကျနော်အဲ့လောက်ကို လမင်းကိုစူးစမ်းတာ ဒါပေမဲ့ လူတိုင်း အဲ့လိုတွေးမိမယ်ထင်ပါတယ် ဘာလို့လဲဆို လမင်းဆိုတာကို မသိတဲ့ သူမရှိပါဘူး . ကျနော်  ငယ်ငယ်ကဆို လပြည်ညတွေရောက်တော့မယ်ဆို ပျော်ပျော်နေတယ် ဘာလို့လဲဆို လကို ထိုင်ကြည့်နေတတ်တဲ့ ကျနော့အကျင့်ကြောင့်လေ တစ်ခါတစ်ခါ ညှဉ်းနက်တယ်လေ  အေးချမ်းတဲ့လမင်းအကြောင်းကို  တွေးရင်းပေါ့ … ဒါတွေဟာ ခုလိုညနေဘက် ကောင်းကင်အထက်ကို ကြည့်မိလို့ ငယ်စဉ်က အကြောင်းတွေကို ပြန်လည်အမှတ်ရနေမိတာပါ…

သြော်.. လမင်းရယ် ဖြစ်နိုင်ရင်လေ သင့်အရိပ်ကလေးနဲ့ အေးချမ်းမှုလေး ကျနော့် နှလုံးသားအတွင်းကို လက်ဆောင်ထည့်ပေးပါလားနော်လို့ လှမ်းပြီး ပြောချင်လိုက်တာ .. တကယ်ပါ လမင်းလို အကြင်နာလေးများ လိုချင်စမ်းပါဘိ……။ …….။

ဘာနေ .. 25.9.2010

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s