အတွင်းစ တစ်ခု ထုတ်ကြည့်ခြင်း

  • ငါတွေးနေတယ် .
  • အတွေးတိုင်းမှာ စိတ်ကူးယဉ်မှု ချိတ်ဆွဲနေတယ်
  • ငါချစ်နေတယ်
  • အချစ်တိုင်းမှာ ရလိုမှုတွေချည်း ပြည့်နှက်နေတယ်
  • ငါစာနာတယ်
  • စာနာမှုတိုင်းမှာ ကိုယ်ကျိုးငဲ့တဲ့ အချက်တွေက များနေတယ်
  • ငါလုပ်ဆောင်တယ်
  • လုပ်ဆောင်ချက်တွေမှာ စိတ်ဆန္ဒကို ဦးစားပေးတာက များနေတယ်
  • ငါစွန့်လွှတ်တယ်
  • စွန့်လွှတ်မှုတိုင်းမှာ မရနိုင်တော့လို့ စွန့်လိုက်ရတဲ့ အခြေအနေတွေက များနေတယ်
  • ငါသိပါတယ်
  • သိတာတွေတိုင်းဟာ သက်သက် ရှာဖွေသိရှိမှုမဟုတ်ပဲ ဖြတ်သန်းရင်းနဲ့ သိလာတာတွေကများနေတယ်
  • ငါစကားပြောတယ်
  • ပြောချက်တိုင်းက ကိုယ့်ကိုယ်ကို ဂုဏ်ဖော်ချင်တဲ့ လူသိစေချင်တဲ့ အထင်တွေက များနေတယ်
  • ငါ သင်ပြတယ်
  • သင်ပြမှုတိုင်းမှာ ဆရာစားချန်ချင်တဲ့ စိတ်တွေကများနေတယ်.
  • ငါ့ကိုယ်ငါ ငါရုပ်ဆိုးမှန်းသိတယ်
  • ရုပ်ဆိုးပေမဲ့ လှချင်စိတ် ဆိုတဲ့ ရုပ်သဘော တပ်မက်မှုတွေက များလျက်များနေတယ် .
  • ငါကြိုးစားပါတယ်
  • ကြိုးစားမှုတိုင်းဟာ အခြေအနေကြောင့် မဖြစ်မနေလုပ်ရတာတွေကများနေတယ်
  • ငါစဉ်းစားပါတယ်
  • ငါစဉ်းစားမှုတိုင်မှာ ဘဝကိုမကျေနပ်တာတွေကများနေတယ်
  • ငါအသက်ရှင်တယ်
  • အသက်ရှင်ချက်တိုင်းမှာ ဟိုဟာ ဒီဟာ မောဟတွေက များနေတယ်
  • ငါ့ကိုယ်ငါသိတယ်
  • ငါဘာမှ မသိသေးဘူးဆိုတာတွေနဲ့ ငါလုပ်စရာတွေ အများကြီးကျန်နေသေးတယ်ဆိုတာ တွေများတယ်
  • ငါကိုယ်ငါ ဖော်ပြတယ်
  • ဖော်ပြမှုတိုင်းမှာ ငါ့ကိုယ်ငါ လိမ်ညာမှုတွေ မကင်းဘူးဆိုတာ သိတယ်
  • ငါဟာ လောကကြီးထဲမှာ ဘယ်လောက်ပဲ သူများတွေ မသိအောင် ဖုံးအုပ်ထားပေမဲ
  • အဲ့ဒါတွေကို သိတာ တစ်ယောက်ရှိတယ် . သူငါ့ကိုအမြဲတမ်းစောင့်ကြည့်နေမှန်း ငါသိတယ်
  • ဘာလို့လဲဆို အဲ့ဒီတစ်ယောက်ကလည်း ငါပဲ ဖြစ်နေလို့ ပဲ

ဘာနေ 23.9.2010

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s