>၁။ မေတ္တာ တရား

>

မေတ္တာတရားဆိုတာ ဘာလဲ ဘယ်လိုဟာမျိုးကိုမေတ္တာတရားလို့ ခေါ်တာလဲလို့ မေးမယ်ဆိုရင်
တစ်ခုတည်းဖြေကြည့်မယ် သိချင်ရင် ကိုယ်ကိုယ်တိုင်ခံစားကြည့် အဲ့ဒါမှ သူ့ရဲ့ သွင်ပြင်လက္ခာတွေကို အပြည့်အ၀သိသွားလိမ့်မယ်လို့ …….။ မေတ္တာတရားကို ဖြစ်ပေါ်ဖို့အတွက် အခြေအနေ အကြောင်းတရား တိုက်ဆိုင်မှဖြစ်တတ်တာပါ . မေတ္တာတရားမှာ ရယူခြင်းကင်းမဲ့၏ … စိတ်ကြည်လင်စွာပေးဆပ်ခြင်းရှိ၏… အကြောင်းတရားသည်  စိတ်ထားမှန်ကန်မှုပေါ်မှာ အခြေခံလာ၏ လူသား၏အတွင်းသဏ္ဍာန်မှာ မေတ္တာတရားပေါက်ဖွားရာ နယ်မြေရှိ၏ ရှင်သန်ကြီးထွားစေအောင် လုပ်ဆောင်ဖို့ လိုအပ်၏…  အကျင့်ကြောင့် ကြီးထွားမှုဖြစ်ပေါ်၏… မေတ္တာတရားသည် အစဉ်အေးချမ်း၏ …. မောပန်းချိန်တွင် သောက်ရေးအေးအေးတစ်ခွက်ပမာ သတ်မှတ်နိုင်၏ …. မေတ္တာတရားကို လူတိုင်းသိ၏ သို့ပေမဲ့ လက်တွေထဲတွင် မွဲခြောက်နေတတ်၏ …. အစပျိုးသူရှိလျင်ဖြစ်ထွန်း၏ …. ပတ်ဝန်းကျင်လောင်းရိပ်ကြောင့်လဲ . ပင်မသန်ပဲ  ဖြစ်တတ်၏ .. သတိဖြင့် ပျိုးထောင်ပါက ဖြစ်ထွန်းလွယ်၏ …. မေတ္တာတရားသည် လပြည့်ည၏ အရသာကဲ့သို ငြိမ်းအေးမှုရှိ၏ ….လေပြေညှင်းကဲ့သို့လတ်ဆတ်၏ … လရောင်ကဲ့သို့ ထွန်းလင်း၏ …. လမင်းကဲ့သို့ နှစ်သက်စရာကောင်း၏ … ထို့ထက်ပိုသိချင်ပါက ကိုယ်တိုင်ကျင့်သုံးကြည့်နိုင်၏ .. အရသာတစ်မျိုးတစ်ပါဒ ရှိ၏ .. ထိုအရာတွေသည်ကား မေတ္တာ တရား၏ အချက်အလက်ပင်ဖြစ်၏….
Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s