>“၏………………………

>“၏………………………”
အမှောင်တွေကြားမှာ ငါမနေသာချင်ပေမဲ့
ကံကြမ္မာက ငါ့ကိုပညတ်ခဲ့တယ်
မပျော်ရွှင်တဲ့ အချိန်ကို မဖြတ်သန်းချင်ပေမဲ့
ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေက ငါ့ကို ၀ါးမျိုခဲ့တယ်
အကောင်းဆုံးကျောင်းကို ငါတက်ချင်ခဲ့ပေမဲ့

အခြေအနေတွေက ငါ့ကို သာမန်နဲ့ပဲ ပြီးစေခဲ့တယ်
အချစ်တွေကို နားမလည်ပေမဲ့လည်း
ချစ်သူက နားလည်လာအောင် ငါ့ကိုလုပ်ပစ်ခဲ့တယ်
အချစ်နဲ့ပတ်သက်ပြီး ငါချစ်ချင်ပေမဲ့
သူ့ရဲ့သဘောတွေက ငါ့ကိုပူလောင်စေခဲ့တယ်
ငါ့အပေါ် သူအရမ်းဆိုးခဲ့ပေမဲ့
ငါဟာ အကြိမ်ကြိမ်နားလည်ပေးခဲ့တယ်
ငါအားလုံးကို နားလည်ခဲ့ပေမဲ့
အားလုံးက ငါ့ကို နားမလည်ခဲ့ဘူး
တစ်ခုလောက်တော့တောင်းဆိုချင်ခဲ့ပေမဲ့
တောင်းဆိုတိုင်း မပေးတာက ကံကြမ္မာလေ
နဂိုက အချစ်တွေနဲ့ ပြည့်နေခဲ့ပေမဲ့
ကျန်ရှိနေခဲ့တာကတော့ အလွမ်းတွေပဲလေ
သေချာအောင် ထပ်လုပ်ခဲ့ပေမဲ့
မသေချာမှုက အရာရာကို ဦးစီးနေဆဲပါ
ငါ….လက်တော့ မတွန့်ပါဘူး
ဒါပေမဲ့ လက်တွန့်ချင်စရာတွေနဲ့ ကြုံခဲ့တယ်လေ
အချိန်နဲ့ အရာအားလုံးဟာ ရှေ့ကို ဆက်လျောက်နေပေမဲ့
ပြန်လှည့်လာတာ တစ်ခုမှ မရှိခဲ့ပါဘူး
ငါပြောချင်ပါရဲ့ သေချာတာတစ်ခုတော့ ရှိပါတယ်
ဒါပေမဲ့ လူတိုင်းက မသေချာဘူးလို့ ထင်မြင်နေဆဲပါ
ငါလာတုန်းက တစ်ယောက်တည်းပါ
ငါပြန်တော့မယ်ဆိုရင်လည်း တစ်ယောက်ထဲဖြစ်ပါလိမ့်မယ်
ဒါ“ဟာ အမှန်တကယ် တူညီချင်းတော့ ဖြစ်လိမ့်မယ်

Advertisements

One thought on “>“၏………………………

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s