>ညီမလေး……

>တစ်နေ့ ညဘက် အိမ်ကို လွမ်းရင် နဲ့ အိပ်ပျော်သွားလိုက်တာ . ညမှ မနက်စောစော လေးနာရီ လောက် မှာ လန့်နိုးပါလေရော အကြောင်းက အိမ်မက်ထဲမှာ တကယ်ထင်မှတ်ခဲ့တဲ့ ကျွန်တော့ ရဲ့ ချစ်ညီမလေ ပေါ့ သူနဲ့ ပတ်သက်ပြီး အိမ်မက်မက်ရင်းလန်းနိုးခဲ့တယ်လေ . အဲ့ဒါ နဲ့ အတွေးက ဒါတွေကို မနက် အိပ်ရာထတဲ့ အချိန်ထိ မှတ်မိချင်နေမိတယ် ဒါကြောင့် ဆက်မအိပ်ဖြစ်တော့ ဘဲ . အလွယ် ရှိတဲ့ ဘောပင်နဲ့ စာရွက် ကို ယူရင်း စိတ်ထဲရှိတာလေးတွေကို ကောင်ရေးမိလိုက်တယ်လေ . ဒါတွေက သူ့တိုကို အမှတ်ရလို့ အိမ်မက်မက်တဲ့ အကြောင်းပေါ့ …. အိမ်မက်တွေနဲ့ ပြောင်းပြန်ဖြစ်ပါစေလို့ တရေးနိုးမှာ
ဆုတောင်းနေမိတာကတော့ ကျွန်တော်ပါ .. ………………………..အိမ်မက်ထဲမှာ နုနယ်ငယ်ရွယ်သေးတဲ့ လူတစ်ယောက် အတွေ့အကြုံလည်းနည်းတယ် . အသက်ကလည်း .ဆယ်ကျော်သက်..လူ့ဘ၀ကြီးမှာ ပျော်နေတုံး . သေရမှာကိုလည်းကြောက်တယ် .. မိသားစူကိုလည်းခင်မင်တယ် … မိသားစုကလည်းချစ်တယ် .. ပတ်ဝန်းကျင်ကလည်းချစ်တယ် ..မွေးချင်းချင်းတွေကလည်း ချစ်တယ် ရောဂါလည်း ဆိုးဆိုးဝါးဝါးမရှိ ဒါအိမ်မက်ထဲမှာပါနော် (ဒီပို့ရေးနေတုန်း. ရင်ထဲမှာ ဆုတောင်းနေတာကတော့ .. ညီမလေး နေးကောင်းပါစေလို့ပေါ့ .အိမ်မက်ထဲကဟာတွေ တကယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင် . နဲ့လေ .). သူ့ကို ပြဌာန်းထားတာက ..လောကကြီးက သေခြင်းတရားနဲ့ သူ့ကိုရင်ဆိုင်ဖို့ပါ .. သူက .ငယ်ရွယ်သူပီပီ သေရမှာအရမ်းကြောက်တယ် . ကျွန်တော်က သေခြင်းတရားကို သူ့ထက်စာရင် အနည်းငယ်သိတယ် .သူကငယ်သေးတော့ သိမှာမဟုတ်ဘူး… သူ့ကို ကျွန်တော်အရမ်းချစ်တယ် … အဲ့ဒါကံကြမ္မာက သူ့ကို သေမိန့်ပေးထားတယ်လေ ….အဲ့ဒါကို သူငယ်ချင်းအပေါင်းအသင်းတွေကလည်း သိတယ် .. ၀မ်းနည်းနေတယ် .နှမျှောတယ်. . သူမသွားခင်.. ချစ်ကြင်နာပုံတွေ… လွမ်းဆွေးမှုလေးတွေနဲ့ .. သူ့ကို မခွဲချင်ကြဘူး ဒါပေမဲ့ ကံကြမ္မာကို လွန်ဆန်လို့မရဘူး.ဆိုတာကိုလည်း သိကြတယ် .. …….ကျွန်တော်လည်းအပါအ၀င်ပေါ့… ကျွန်တော်ညီမလေးကိုချစ်တယ် … သူကလည်းကျွန်တော့်ကိုချစ်တယ် .. သူသိနေတယ် .. သူသေခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်တဲ့ .. ကျွန်တော်က သူ့ကို … အားပေးနေတယ်…
သေခါနီးအချိန်မှာ … သူ့စိတ်တွေလွဲမသွားအောင်ပေါ့ …. သူအရမ်းငိုနေတယ် လေ… ခေါင်းကို မော့လိုက်. ခေါင်းကို ငုံ့လိုက်နဲ့.. သူ့မှာက တရားသဘောနဲ့ ပတ်သက်ပြီး .. အရာအားလုံးကိုရင်ဆိုင်ဖို့ အတွေ့အကြုံ နည်းတယ်လေ . ဆယ်ကျော်သက်လည်းဖြစ်တယ်ဆိုတော့ … သူ့မှာ. လောကကြီးကို ခင်မင်နေတုန်း… ပျော်ရွှင်နေတုန်း… ကျောင်းစာတွေ သင်ယူနေတုန်း… ..အကိုအမတွေကို ချစ်ခင်နေတုန်း….. ပေါ့ .
အကုန်လုံးကလဲ . သူ့ကို ချစ်တယ် .. အဲ့ဒါကို တွေးရင်း … အခု ကျွန်တော် .. သူ့အတွက် ၀မ်းနည်းနေတယ် …စိုးရိမ်နေတယ် .. သူမသွားခင်….. အမြင်မှန်လေးနဲ့ .. နေသွားစေချင်တယ် .. ဒါပေမဲ့ . သူက.လူငယ်ဆိုတော့ ပျော်ရွှင်နေတဲ့ အရွယ်လေ . သေခြင်းတရားနဲ့ ပတ်သက်ပြီး…. သံဝေဂဆိုတာ သူ့မှာ မရှိနိုင်သေးဘူး… ကျွန်တော် က အနည်းငယ်သိတယ်လေ . မသေခင်မှာ ဘာလေးတွေလုပ်သွားသင့်တယ်ဆိုတာကို . သူမသွားခင် သူ့ကို အနည်းငယ်သင်ပြချင်သေးတယ်…. သူ့ကို အရမ်းချစ်တယ် .. သူငယ်ချင်း… မိသားစုတွေကြားမှာ .. သွားရမဲ့လမ်းကို သိသိကြီးနဲ့ ငိုနေတယ် ..ကျွန်တော် .. သူ့ကိုပြောပါပြီ.. ညီမလေး…. ဘာမှ မစိုးရိမ်နဲ့ .. ဒီလမ်းက မလွဲမသွေလျှောက်ရမဲ့ လမ်းပါ… အကိုတို့ရော သူငယ်ချင်းတွေရော ဒီလမ်းကို သွားရမှာပါ .. သူတို့ တစ်နေ့လာကြလိမ့်မယ် .. သွားကြလိမ့်မယ် .. .သူ့ရဲ့ ကံကြမ္မာက စီရင်ချက်ပြည့်တဲ့နေ့မှာ သူ့ကို အားလုံးလိုက်ပို့ကြတယ် အဲ့ဒီအချိန်မှာ… ကျွန်တော် ငိုချင်နေတယ် .သူ့ကို ချစ်တယ် ..သူ့ကို ဒီကမ္ဘာပေါ့မှ ထွက်မသွားစေချင်ဘူး.. သူ့ကို ဆက်လက်နေသွားစေချင်တယ် … သူ့ကို ပျော်ရွှင်မှုတွေနဲ့ တွေ့သွားစေချင်သေးတယ် . .. သူ့ကို လောက အကြောင်း လဲသိစေချင်တယ် … သူ့ကို ….. အခုလိုထွက်သွားရမယ်ဆိုတော့ … အမှန်တကယ်.. နှမျှောတယ် .. သူ့ရှေ့မှာလေ .. ညီမလေးကို အချစ်တာတွေ ၀မ်းနည်းတာတွေ .. သွန်ချပြလိုက်ချင်တယ် .. ဒါပေမဲ့ .. သူက စွန့်ခွာရတော့ မယ့်  သံသရာရဲ့… သတ်မှန်ခံ.. ခရီးသည်လေ … သူ့မှာ ဒီသေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ နဲ့ မှန်ကန်စွာ ရင် ဆိုငိနိုင်ဖို့ လိုအပ်တယ် … ဒါပေမဲ့ . ထွက် ခွါရက်မှာ .. သူငိုမြဲ.. ငိုဆဲပါ … လွမ်းဆွေးမြဲ.. လွမ်းဆွေးမြဲပါ …. ကျွန်တော်သူ့ကို ကြည့်ပြီး…. ရင်ထဲမှာကြိတ်ငိုနေမိတယ် .. အသံတော့ မထွက် .. .. ငိုခြင်းအမူအရာလည်းမပြ.. . ၀မ်းနည်းတဲ့ မျက်နှာနဲ့ .. မျက်လုံးအိမ်မှ…မျက်ရည် .. အပြည့်နဲ့ တဖြည်းဖြည်း. လိမ့်ဆင်းကျလာတဲ့ .. မျက်ရည်တွေကို သုတ်ရင်း .. ကျွန်တော့ရဲ့ ..၀မ်းနည်းမှုတွေသည် .. မျက်ရည် ကို အားပြုပြီး .. အပြင်ကိုလိမ့်ဆင်းကျလာပါတော့တယ် … ကျွန်တော် .. ဒီလောကကြီးနဲ့ပတ်သက်ပြီး ကျွန်တော်သိသလောက် . သူ့ကို အများကြီး ပြောချင်ပါသေးတယ် . ဒါပေမဲ့ . . ဒီအချိန်တို အတွင်းမှာ .. သင်ပြနေလို့မရတော့ ဘူး …ဆိုတာသိနေတယ်… သူထွက်မသွားခင်မှာ .. စကားနည်းနည်း သာ .. ပြောခွင့် ကျန်တော့ တယ် … ကျွန်တော် .. သူ့ကို ဘာပြောရမလဲ . အချိန်… မရှိတော့ တဲ့ အချိန်မှာ .. စကားလုံးတွေ…. သူ့ကို အဖော်ပြုမဲ့ .. စကားလုံးတွေ … တစ်ယောက်ထဲ..စိတ်ထဲမှာ… ဒလမန်းကြမ်း.. ရှာဖွေနေမိတော့တယ် .. .. သူ့ကို .. စကားလက်ဆောင်လေး ပေးချင်ပါတယ် …
….သူမသွားခင်.. လူ့ဘ၀ရဲ့ အဓိပ္ပါယ်ရှိမှု . ကို ဖော်ပြချင်ပါသေးတယ် … ဒါပေမဲ့ . သူက ငယ်သေးတယ်လေ .. ဒီလိုအတွေးတွေကို သူလက်ခံနိုင်ပါ့မလားလို့ . တွေးရင်းအရမ်းဝမ်းနည်းတယ် .. . သူ့ကို ဒါတွေကို သိဖို့ တွန်းအားပေးချင်တယ် . ဒါတွေကို သင်ပြပေးဖို့ အချိန်ကလဲတိုတောင်းနေတယ်လေ . . ဒါတွေဟာလည်း ကံကြမ္မာရဲ့ သတ်မှတ်ချက်ပါပဲလို့ ခံယူမိတယ်.. .. လူသားတွေဟာ ကံစီမံရာကို လျှောက်လှမ်းနေကြတဲ့ ကံကြမ္မာရဲ့ ရှေ့ပြေးသားကောင်တွေပါ …. ဘ၀မှာ အထိနာမယ် … မနာမယ်ဆိုတာ ကို သေချာမသိရပါဘူး . သေချာတာကတော့ အရာရာတိုင်းမှာ တည်မြဲခြင်းမရှိ..ကုန်ဆုံးမဲ့ အချိန်တွေကို .. စောင့်ရင်း ကုန်ဆုံးသွားကြတာပါ … ဒါတွေကိုလည်းညီမလေးကို သိစေချင်တယ်လေ … သူထွက်မသွားခင် .. သူ့ကို ရင့်ကျက်မှုတွေ နဲ့ ဖုံးအုပ်ထားချင်တယ် … ဘာပြောရမယ်မှန်းမသိတဲ့ အချိန်မှာ ရင်ထဲမှ ညီမလေးရေ…. ..”မင်း….ငြိမ်း….ချမ်း….စွာ သွားပါ .ညီမလေးရေ…”….

Advertisements

4 thoughts on “>ညီမလေး……

  1. >ဒါကတော့ ပထမဆုံးရေးမိတဲ အရာလေးပါ . လိုအပ်တာလေးတွေ ပြောပြစေချင်ပါတယ် အားလုံးကို ခင်မင်လျက် . Barnay.!!!

  2. တကယ်ကောင်းပါတယ်
    ပို့စ်တွေများများလည်းထပ်ရေးနိုင်ပါစေ
    ပို့စ်တော်တော်များများက ဘ၀နဲ့ပတ်သတ်တဲ့သင်ခန်းစာတွေပေးတာများပါတယ်
    တကယ်တန်ဖိုးရှိပါတယ်…..

  3. သေခြင်းတ၇ားနဲ့ပတ်သတ်ပီး ဘယ်သူမျှတားလို့မရဘူးဆိုတာကို ဥပမာကောင်းလေးနဲ့ေ၇းပေးနိုင်မလား
    ဖြစ်၇ပ်တခုခုနဲ့မျိုးပေါ့ ပီးတော့ကဗျာလေးလည်းလိုချင်ပါတယ်

    ကျေးဇူးတင်ပါတယ်….

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s