ကိုယ်သာ သူ့နေရာမှာသာဆိုရင်
အကြောင်းအမျိုးမျိုးကြောင့် မိမိရှေ့မှာ အဆင်မပြေမှုတစ်ခုခုအား မြင်ရ၊ကြားရ၊တွေ့ရသောအခါ ကျွန်ုပ်တို့ သည် စိတ်တို ဒေါသထွက်ရ၏။ အခဲမကြေဖြစ်ရ၏။ လိပ်ခဲတည်းလည်း ဖြစ်ရ၏။ အပြစ်တင်လိုစိတ်များ ဖြစ်ရ၏။ ရန်ပြန်မူလိုစိတ်များ သာ တဖွားဖွား စိတ်အိမ်အတွင်း၌ မိမိကိုယ်တိုင် သတိမူမိဘဲ ဖြစ်ရ၏။ ထိုသို့သော အချိန်များ၌ မိမိစိတ်တွင်မူ အတွေးစအား သူ့နေရာမှာ ကိုယ်သာဆိုလျှင် ဆိုတဲ့စိတ်ဖြင့် မပြောင်းလဲနိုင်ပါမူ …. ထိုစိတ်သည် မိမိအား ပူလောင်မှုကိုသာ ဖြစ်စေ၏။ ဤနည်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်လည်း ထွက်ပေါ်မလာနိုင်။ သူတပါးကိုလည်း ကူညီမှုမပေးနိုင်။ မိမိ၏ အားထုတ်မှုသည် လမ်းမှားဖြင့်သာ အဆုံးသတ်ရ၏။ လူတိုင်း၌ သူ့အခက်အခဲနှင့်သူ ရှိကြ၏ ။ မည်သူမျှ ခက်ခဲ့ခြင်း အရှက်ကွဲခြင်းကို အလိုမရှိ။ ဥပမာ .. ဘတ်စ်ကားပေါ်၌ ခရီးသည်တစ်ယောက်မှ … More ကိုယ်သာ သူ့နေရာမှာသာဆိုရင်